မိန္းမ လိုက္စားျခင္းေၾကာင့္ ရရွိ ႏိုင္ေသာ ဆိုးက်ိဳးမ်ား

မိန္းမ လိုက္စားျခင္းေၾကာင့္ ရရွိ ႏိုင္ေသာ ဆိုးက်ိဳးမ်ား

ဝိဓူရဇာတ္၌ ဝိဓူရပညာရွိအမတ္ႀကီးက “မိန္းမလိုက္ စားလြန္ၾကဴးသူ” မ်ားကို ေတဇသခၤတံ=အားအစြမ္း၊ တန္ခိုးအစြမ္း ပညာအစြမ္းတို႔၏ ကုန္ခမ္းျခင္းကို၊ သမၸသံ(သမၸသေႏၲာ)=ေျမာ္ျမင္သည္ျဖစ္၍၊ ဣတၳိ ံ= မိန္းမ ကို၊ ဗဠံ=လြန္လြန္ၾကဴးၾကဴး၊ နဂေစၦယ်=မသြားလာေစရ။(ေစ-ဂေစၦယ်=အကယ္၍သြားလာျငားအံ့။)၊

ခီလာ ေမေဒါ=အေသြးအဆီ ႀကဳံ လွီ ေျခာက္ခန္းသည္ျဖစ္၍၊ ကာသံ=ေခ်ာင္းေျခာက္ ေရာဂါစြဲကပ္ျခင္းသို႔ လည္းေကာင္း၊ ဒရံ=ကိုယ္ပူေရာဂါ။ ဆီးပူေရာဂါ စြဲကပ္ျခင္းသို႔လည္းေကာင္း၊ ဗာလ်ံ=အားအင္ကုန္ခန္း ႏြမ္းရိျခင္းသို႔လည္းေကာင္း၊ နိဂစၦတိ=ေရာက္တတ္၏” ဟု ဆုံးမေတာ္မူဖူး ပါတယ္။

မိန္းမလိုက္စား အေပ်ာ္ၾကဴးေသာ သူသည္ ကိုယ္ပိုင္ဇနီးမယားႏွင့္ မတင္းတိမ္ မေရာင့္ရဲႏိုင္သည္ျဖစ္၍ ျမင္သမွ် မိန္းမကို ပူးကပ္ေသြးေဆာင္တတ္၏။

မိန္းမလိုက္စားေလ့ရွိသူ၏ မ်က္ႏွာမွာ မိန္းမႏွင့္ေတြ႕သည့္ အခါ မ်က္ႏွာေျပာင္တတ္၍ ႏႈတ္ခ်ိဳ လွ်ာတတ္ႏွင့္ အရွက္မရွိ စကားသြက္၏။ မိမိကိုယ္ကို သားနားသပ္ရပ္စြာ ျပင္ဆင္တတ္၍ မာယာျပစ္ဖုံး ဟိတ္ဟန္သုံးလွ်က္ လွည့္လည္တတ္သည္။

မိန္းမကိုေပးရန္အတြက္မူ ႏွေျမာျခင္းမရွိ ။ရက္ရက္ေရာေရာေပးေလ့ရွိ၏။

မိမိအလိုမလိုက္ေသးသ၍ ကိုယ္ေရာစိတ္ပါ အညံ့ခံခ်ဥ္းကပ္တတ္ေလသည္။

မိမိခ်ဥ္းကပ္ေနေသာ မိန္းမအလိုက် ေဆာင္႐ြက္ရမည္ဆိုလွ်င္ ထိုမိန္းမက မ်က္စ တစ္ခ်က္ခ်ီ႐ုံမွ်ႏွင့္ … ေစတနာ ေဇာအဟုန္ႂကြ၍ ေျခလက္တို႔ သြက္လက္စြာ စက္ကဲ့သို႔ ခိုင္းသမွ် လုပ္ေပးတတ္၏။ ပိုးပန္းေပး ကမ္းရျခင္းအတြက္ ေစတနာ ေရစီးကမ္းၿပိဳလိုက္၍ အနည္းငယ္မွ် တြက္ကပ္ျခင္းမရွိ။

မိန္းမလိုက္စားျခင္း သည္ ေငြေၾကးကုန္ခန္းျခင္းျဖင့္ အစပ်ိဳးကာ ဥစၥာပ်က္စီးေၾကာင္း အမွန္ျဖစ္ေလ၏။ စီးပြားေရး ျပဳန္းတီးျခင္းမွ်သာ မဟုတ္ေသး။ အနာေရာဂါထူေျပာ၍ က်န္းမာေရးတည္းဟူေသာ လာဘ္ႀကီးလည္းဆုံး၍ လူၫြန႔္တုံးဘဝ က်ေရာက္ကာ ဘဝဆုံးရတတ္ပါတယ္။

မိန္းမလိုက္စားေလ့ရွိသူတိုင္း၏ အက်င့္မွာ ေတြ႕သမွ်မိန္းမ အေကာင္း ထင္တတ္ျခင္းျဖစ္သည္။ ကိုယ္စိတ္ အညံ့ခံပိုးရျခင္း၊ ပစၥည္းဥစၥာကုန္ခန္းျခင္းတို႔ျဖင့္ မိန္းမတစ္ေယာက္ကို ပိုင္ၿပီးေသာ အခါတြင္လည္း ထိုမိန္းမ ႏွင့္ မေက်နပ္မေရာင့္ရဲျပန္၍ ေနာက္တစ္ေယာက္ ရွာျပန္သည္။

ေတြ႕သမွ်မိန္းမ အေကာင္းထင္လိုက္စား ေသာ္လည္း ထိုသို႔ေသာ သူမ်ိဳးအဖို႔ ဂုဏ္က်က္သေရ ဣေျႏၵသိကၡာ၊ဉာဏ္ပညာရွိေသာ မိန္းမကို ရသည္ မဟုတ္။ ေပါ့ပ်က္ေလလြင့္ ညံ့ဖ်င္းေသာ မိန္းမမ်ိဳးကိုသာ ေတြ႕ႀကဳံရသည္။

မိန္းမလိုက္စားေလ့ရွိသည္ဟု နာမည္သတင္းႀကီးသူမွာ

မည္မွ်ပင္ ရာထူး၊ အာဏာ၊ စီးပြားဥစၥာ ရွိပင္ျငား ေသာ္လည္း အဖိုးတန္ မိန္းမမ်ားက ေရွာင္ရွားၾက၏။ တစ္ခါတစ္ရံ ေငြေၾကးဥစၥာ၊ ရာထူး အာဏာ အရွိန္အဝါ ျဖင့္ အကုန္အက်ခံ၍ ပိုးပန္းပါေသာ္လည္း ထင္တိုင္းမျဖစ္ လြဲေခ်ာ္၍ အရွက္ႀကီးစြာ ရတတ္၏။

“မယားထိ ဓားၾကည့္” ဆိုသည့္ လင္ေယာက်ၤား ၊ေမာင္ဘြား မိဘမ်ားႏွင့္ေတြ႕ႀကဳံလွ်င္ အသက္ပင္ ဆုံးရႈံးတတ္ေသး၏။ ထို႔ေၾကာင့္ မိန္းမလိုက္စားသူသည္ အရာရာ နစ္နာ ဆုံးရႈံးတတ္ေလေသာေၾကာင့္ မိန္းမလိုက္စား လြန္ၾကဴးျခင္းကို ပ်က္စီးေၾကာင္းဟု ေဟာေတာ္မူျခင္းျဖစ္ပါတယ္။

ပါဝေကာ=မီးသည္။ က႒ပု ၪၥံ=ထင္းပုံႀကီးကို။ ဒဟိတိဣဝ=ျပက် ေလေအာင္ ကြၽမ္းေလာင္ဘိသကဲ့သို႔။ တထာ= ထို႔အတူ၊ ပမတၱႆ= မိန္းမလိုက္စား မိုက္မွားေမ့ေမာေနသူ၏။ ယသံ= အၿခံအရံမ်ားျခင္းကို လည္းေကာင္း၊ ကိတၱိ ံ= ဂုဏ္နံ႔သတင္း ေက်ာ္ေဇာျခင္းကိုလည္းေကာင္း၊

ဓိတိ ံ= ခိုင္ခံ့စြာဘိ သမာဓိႀကီးရင့္မႈ ကိုလည္းေကာင္း၊ သူရံ= မဆုတ္မတြန႔္ ရဲရင့္ထက္ျမက္ျခင္းကိုလည္းေကာင္း၊ ဗဟုသစၥံ= အၾကားအျမင္ ႂကြယ္ဝျခင္းကိုလည္းေကာင္း။ ပဇာနနံ=ေျမာ္ျမင္တုံဘိ အမွန္သိျခင္းကိုလည္းေကာင္း၊ ဒဟႏၲာ=ျပက်ေလ ေအာင္ ကြၽမ္းေလာင္ၾကကုန္လ်က္၊ ဟာပယႏၲိ=ဆုတ္ယုတ္ျပဳန္းတီး၊ပ်က္စီးေစကုန္၏။

– (တိကနိပါတ္ဇာတ္အ႒ကထာမွ ေကာက္ႏႈတ္ခ်က္)

ကာမဘုံသားျဖစ္ေသာ ေလာကလူသားမ်ားအတြက္ ♦ ေယာက်ၤားသည္ မိန္းမ၏ အေတြ႕အထိအာ႐ုံ၊ ♦ မိန္းမသည္ ေယာက်ၤား၏ အေတြ႕အထိအာ႐ုံတို႔မွာ အေကာင္းမြန္ဆုံး အရသာအျဖစ္ မွတ္ယူ ခံစားေလ့ရွိၾကသည္။

သို႔ေသာ္ လူ႔ေလာကတြင္ အေတြ႕အထိ ေဖာ႒ဗၺာ႐ုံ၌ လြန္ကဲသူမ်ားကို “တဏွာ႐ူးမ်ား”ဟု အမ်ား ေခၚေဝၚ ေျပာဆိုၾကလွ်က္ မည္သည့္ အာ႐ုံကိုမဆို လြန္လြန္ကဲကဲ တက္မက္ တြယ္တာတတ္သူကို “တဏွာ ႀကီးသူ” ဟု ေခၚဆိုႏိုင္ေပသည္။

“ဇာတက အ႒ကထာ” ၌ “အ႐ူး ရွစ္မ်ိဳး” ျပဆိုထားသည္။

၁။ကာမုမၼတၱက=တဏွာ႐ူးသူ။

၂။ေကာဓုမၼတၱက=ေဒါသ႐ူးသူ။

၃။ဒိ႒ဳမၼတၱက =အယူလြဲမွား ႐ူးသူ။

၄။ေမာဟုမၼတၱက =မိုက္မဲေတြေဝ႐ူးသူ။

၅။ယကၡဳမၼတၱက =ဘီလူး၊ တေစၦသရဲပူးဝင္၍႐ူးသူ။

၆။ဝိတၱဳမၼတၱက =သည္းေျခပ်က္႐ူးသူ။

၇။သု႐ုမၼတၱက =အရက္မူးၿပီး႐ူးသူ။

၈။ဗ်သႏုမၼတၱက =ဥစၥာ ေဆြမ်ိဳး ပ်က္စီး၍႐ူးသူ ဟူ၍ျဖစ္၏။

မိမိအလိုဆႏၵကိုလိုက္၍ တဏွာရမၼက္ႀကီးသူအား အ႐ူးဥပမာ တစ္မ်ိဳးေပး ၍ ခိုင္းႏႈိင္း ထားေလသည္။ အမ်ားထက္ပို၍ တဏွာရာဂ လြန္ၾကဴးလိုစိတ္သည္ ခ်ိဳးႏွိမ္ပစ္ရမည့္ စိတ္႐ိုင္းတစ္ခုျဖစ္၏။

စိတ္၏ အညစ္အေၾကး စိတ္၏ ရန္သူျဖစ္ေသာ “ရာဂတဏွာ” ကို သတိပညာ အထိန္း တို႔ျဖင့္ ထိန္းသိမ္းႏိုင္မွ ျဖဴစင္မည္။

စိတ္သည္ ပကတိအခါ၌ ျဖဴစင္သန႔္ရွင္း အျပစ္ကင္းလ်က္ရွိ၏။ တဏွာစိတ္ျဖင့္ အာ႐ုံကို အလြန္အက်ဴး လိုခ်င္မက္ေမာမႈ ၊တြယ္တာကပ္ၿငိမႈတို႔ေၾကာင့္ အျပစ္မကင္း၊ မသန႔္ရွင္းေသာ အညစ္အေၾကးသဖြယ္ ျဖစ္ရသည္။ တဏွာ ရာဂတည္းဟူေသာ စိတ္အညစ္အေၾကးကို ဆပ္ျပာႏွင့္ေရျဖင့္ ေဆးေၾကာ၍ မစင္ႏိုင္ေပ။ စိတ္သတၱိျဖင့္ ေဆးေၾကာ မွသာ သန႔္ရွင္းစင္ၾကယ္မည္ျဖစ္၏။

တဏွာရာဂစိတ္မႊန္ေနသူသည္

♦ ပညာမ်က္စိကိုလည္း ကန္းေစ၏။ ♦ အေၾကာင္းအက်ိဳး ကိုလည္းမျမင္၊

♦ အေကာင္းအဆိုးကိုလည္း ခြဲျခားမသိ၊ ♦ အမွားအမွန္ကို မေဝခြဲႏိုင္ဘဲ ေမွာင္အတိက်ကာ မ်က္ကန္းပမာ ျဖစ္ေနသည္။

သို႔ျဖစ္ရာ တဏွာရာဂစိတ္ေၾကာင့္ ဆန႔္က်င္ဘက္ အာ႐ုံကို လြန္ၾကဴးစြာ လိုက္စားလိုစိတ္ကို သတိ၊ ပညာ၊ အေျမာ္အျမင္ ဆင္ျခင္တုံတရားတို႔ျဖင့္ ထိန္းသိမ္း၍ ေလာကီအက်ိဳးစီးပြား၊ ေလာကုတၱရာ အက်ိဳး စီးပြားတို႔ ပ်က္စီးျခင္းေဘးမွ ေဝးစြာေရွာင္ရွားအပ္ေပသတည္း။

အရွင္ဝိမလဝံသ(နာလႏၵာတကၠသိုလ္)

unicode

မိန်းမ လိုက်စားခြင်းကြောင့် ရရှိ နိုင်သော ဆိုးကျိုးများ

ဝိဓူရဇာတ်၌ ဝိဓူရပညာရှိအမတ်ကြီးက “မိန်းမလိုက် စားလွန်ကြူးသူ” များကို တေဇသင်္ခတံ=အားအစွမ်း၊ တန်ခိုးအစွမ်း ပညာအစွမ်းတို့၏ ကုန်ခမ်းခြင်းကို၊ သမ္ပသံ(သမ္ပသန္တော)=မြော်မြင်သည်ဖြစ်၍၊ ဣတ္ထိ ံ= မိန်းမ ကို၊ ဗဠံ=လွန်လွန်ကြူးကြူး၊ နဂစ္ဆေယျ=မသွားလာစေရ။(စေ-ဂစ္ဆေယျ=အကယ်၍သွားလာငြားအံ့။)၊

ခီလာ မေဒေါ=အသွေးအဆီ ကြုံ လှီ ခြောက်ခန်းသည်ဖြစ်၍၊ ကာသံ=ချောင်းခြောက် ရောဂါစွဲကပ်ခြင်းသို့ လည်းကောင်း၊ ဒရံ=ကိုယ်ပူရောဂါ။ ဆီးပူရောဂါ စွဲကပ်ခြင်းသို့လည်းကောင်း၊ ဗာလျံ=အားအင်ကုန်ခန်း နွမ်းရိခြင်းသို့လည်းကောင်း၊ နိဂစ္ဆတိ=ရောက်တတ်၏” ဟု ဆုံးမတော်မူဖူး ပါတယ်။

မိန်းမလိုက်စား အပျော်ကြူးသော သူသည် ကိုယ်ပိုင်ဇနီးမယားနှင့် မတင်းတိမ် မရောင့်ရဲနိုင်သည်ဖြစ်၍ မြင်သမျှ မိန်းမကို ပူးကပ်သွေးဆောင်တတ်၏။

မိန်းမလိုက်စားလေ့ရှိသူ၏ မျက်နှာမှာ မိန်းမနှင့်တွေ့သည့် အခါ မျက်နှာပြောင်တတ်၍ နှုတ်ချို လျှာတတ်နှင့် အရှက်မရှိ စကားသွက်၏။ မိမိကိုယ်ကို သားနားသပ်ရပ်စွာ ပြင်ဆင်တတ်၍ မာယာပြစ်ဖုံး ဟိတ်ဟန်သုံးလျှက် လှည့်လည်တတ်သည်။

မိန်းမကိုပေးရန်အတွက်မူ နှမြောခြင်းမရှိ ။ရက်ရက်ရောရောပေးလေ့ရှိ၏။

မိမိအလိုမလိုက်သေးသ၍ ကိုယ်ရောစိတ်ပါ အညံ့ခံချဉ်းကပ်တတ်လေသည်။

မိမိချဉ်းကပ်နေသော မိန်းမအလိုကျ ဆောင်ရွက်ရမည်ဆိုလျှင် ထိုမိန်းမက မျက်စ တစ်ချက်ချီရုံမျှနှင့် … စေတနာ ဇောအဟုန်ကြွ၍ ခြေလက်တို့ သွက်လက်စွာ စက်ကဲ့သို့ ခိုင်းသမျှ လုပ်ပေးတတ်၏။ ပိုးပန်းပေး ကမ်းရခြင်းအတွက် စေတနာ ရေစီးကမ်းပြိုလိုက်၍ အနည်းငယ်မျှ တွက်ကပ်ခြင်းမရှိ။

မိန်းမလိုက်စားခြင်း သည် ငွေကြေးကုန်ခန်းခြင်းဖြင့် အစပျိုးကာ ဥစ္စာပျက်စီးကြောင်း အမှန်ဖြစ်လေ၏။ စီးပွားရေး ပြုန်းတီးခြင်းမျှသာ မဟုတ်သေး။ အနာရောဂါထူပြော၍ ကျန်းမာရေးတည်းဟူသော လာဘ်ကြီးလည်းဆုံး၍ လူညွန့်တုံးဘဝ ကျရောက်ကာ ဘဝဆုံးရတတ်ပါတယ်။

မိန်းမလိုက်စားလေ့ရှိသူတိုင်း၏ အကျင့်မှာ တွေ့သမျှမိန်းမ အကောင်း ထင်တတ်ခြင်းဖြစ်သည်။ ကိုယ်စိတ် အညံ့ခံပိုးရခြင်း၊ ပစ္စည်းဥစ္စာကုန်ခန်းခြင်းတို့ဖြင့် မိန်းမတစ်ယောက်ကို ပိုင်ပြီးသော အခါတွင်လည်း ထိုမိန်းမ နှင့် မကျေနပ်မရောင့်ရဲပြန်၍ နောက်တစ်ယောက် ရှာပြန်သည်။

တွေ့သမျှမိန်းမ အကောင်းထင်လိုက်စား သော်လည်း ထိုသို့သော သူမျိုးအဖို့ ဂုဏ်ကျက်သရေ ဣန္ဒြေသိက္ခာ၊ဉာဏ်ပညာရှိသော မိန်းမကို ရသည် မဟုတ်။ ပေါ့ပျက်လေလွင့် ညံ့ဖျင်းသော မိန်းမမျိုးကိုသာ တွေ့ကြုံရသည်။

မိန်းမလိုက်စားလေ့ရှိသည်ဟု နာမည်သတင်းကြီးသူမှာ

မည်မျှပင် ရာထူး၊ အာဏာ၊ စီးပွားဥစ္စာ ရှိပင်ငြား သော်လည်း အဖိုးတန် မိန်းမများက ရှောင်ရှားကြ၏။ တစ်ခါတစ်ရံ ငွေကြေးဥစ္စာ၊ ရာထူး အာဏာ အရှိန်အဝါ ဖြင့် အကုန်အကျခံ၍ ပိုးပန်းပါသော်လည်း ထင်တိုင်းမဖြစ် လွဲချော်၍ အရှက်ကြီးစွာ ရတတ်၏။

“မယားထိ ဓားကြည့်” ဆိုသည့် လင်ယောကျင်္ား ၊မောင်ဘွား မိဘများနှင့်တွေ့ကြုံလျှင် အသက်ပင် ဆုံးရှုံးတတ်သေး၏။ ထို့ကြောင့် မိန်းမလိုက်စားသူသည် အရာရာ နစ်နာ ဆုံးရှုံးတတ်လေသောကြောင့် မိန်းမလိုက်စား လွန်ကြူးခြင်းကို ပျက်စီးကြောင်းဟု ဟောတော်မူခြင်းဖြစ်ပါတယ်။

ပါဝကော=မီးသည်။ ကဋ္ဌပု ဉ္စံ=ထင်းပုံကြီးကို။ ဒဟိတိဣဝ=ပြကျ လေအောင် ကျွမ်းလောင်ဘိသကဲ့သို့။ တထာ= ထို့အတူ၊ ပမတ္တဿ= မိန်းမလိုက်စား မိုက်မှားမေ့မောနေသူ၏။ ယသံ= အခြံအရံများခြင်းကို လည်းကောင်း၊ ကိတ္တိ ံ= ဂုဏ်နံ့သတင်း ကျော်ဇောခြင်းကိုလည်းကောင်း၊

ဓိတိ ံ= ခိုင်ခံ့စွာဘိ သမာဓိကြီးရင့်မှု ကိုလည်းကောင်း၊ သူရံ= မဆုတ်မတွန့် ရဲရင့်ထက်မြက်ခြင်းကိုလည်းကောင်း၊ ဗဟုသစ္စံ= အကြားအမြင် ကြွယ်ဝခြင်းကိုလည်းကောင်း။ ပဇာနနံ=မြော်မြင်တုံဘိ အမှန်သိခြင်းကိုလည်းကောင်း၊ ဒဟန္တာ=ပြကျလေ အောင် ကျွမ်းလောင်ကြကုန်လျက်၊ ဟာပယန္တိ=ဆုတ်ယုတ်ပြုန်းတီး၊ပျက်စီးစေကုန်၏။

– (တိကနိပါတ်ဇာတ်အဋ္ဌကထာမှ ကောက်နှုတ်ချက်)

ကာမဘုံသားဖြစ်သော လောကလူသားများအတွက် ♦ ယောကျင်္ားသည် မိန်းမ၏ အတွေ့အထိအာရုံ၊ ♦ မိန်းမသည် ယောကျင်္ား၏ အတွေ့အထိအာရုံတို့မှာ အကောင်းမွန်ဆုံး အရသာအဖြစ် မှတ်ယူ ခံစားလေ့ရှိကြသည်။

သို့သော် လူ့လောကတွင် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံ၌ လွန်ကဲသူများကို “တဏှာရူးများ”ဟု အများ ခေါ်ဝေါ် ပြောဆိုကြလျှက် မည်သည့် အာရုံကိုမဆို လွန်လွန်ကဲကဲ တက်မက် တွယ်တာတတ်သူကို “တဏှာ ကြီးသူ” ဟု ခေါ်ဆိုနိုင်ပေသည်။

“ဇာတက အဋ္ဌကထာ” ၌ “အရူး ရှစ်မျိုး” ပြဆိုထားသည်။

၁။ကာမုမ္မတ္တက=တဏှာရူးသူ။

၂။ကောဓုမ္မတ္တက=ဒေါသရူးသူ။

၃။ဒိဋ္ဌုမ္မတ္တက =အယူလွဲမှား ရူးသူ။

၄။မောဟုမ္မတ္တက =မိုက်မဲတွေဝေရူးသူ။

၅။ယက္ခုမ္မတ္တက =ဘီလူး၊ တစ္ဆေသရဲပူးဝင်၍ရူးသူ။

၆။ဝိတ္တုမ္မတ္တက =သည်းခြေပျက်ရူးသူ။

၇။သုရုမ္မတ္တက =အရက်မူးပြီးရူးသူ။

၈။ဗျသနုမ္မတ္တက =ဥစ္စာ ဆွေမျိုး ပျက်စီး၍ရူးသူ ဟူ၍ဖြစ်၏။

မိမိအလိုဆန္ဒကိုလိုက်၍ တဏှာရမ္မက်ကြီးသူအား အရူးဥပမာ တစ်မျိုးပေး ၍ ခိုင်းနှိုင်း ထားလေသည်။ အများထက်ပို၍ တဏှာရာဂ လွန်ကြူးလိုစိတ်သည် ချိုးနှိမ်ပစ်ရမည့် စိတ်ရိုင်းတစ်ခုဖြစ်၏။

စိတ်၏ အညစ်အကြေး စိတ်၏ ရန်သူဖြစ်သော “ရာဂတဏှာ” ကို သတိပညာ အထိန်း တို့ဖြင့် ထိန်းသိမ်းနိုင်မှ ဖြူစင်မည်။

စိတ်သည် ပကတိအခါ၌ ဖြူစင်သန့်ရှင်း အပြစ်ကင်းလျက်ရှိ၏။ တဏှာစိတ်ဖြင့် အာရုံကို အလွန်အကျူး လိုချင်မက်မောမှု ၊တွယ်တာကပ်ငြိမှုတို့ကြောင့် အပြစ်မကင်း၊ မသန့်ရှင်းသော အညစ်အကြေးသဖွယ် ဖြစ်ရသည်။ တဏှာ ရာဂတည်းဟူသော စိတ်အညစ်အကြေးကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြော၍ မစင်နိုင်ပေ။ စိတ်သတ္တိဖြင့် ဆေးကြော မှသာ သန့်ရှင်းစင်ကြယ်မည်ဖြစ်၏။

တဏှာရာဂစိတ်မွှန်နေသူသည်

♦ ပညာမျက်စိကိုလည်း ကန်းစေ၏။ ♦ အကြောင်းအကျိုး ကိုလည်းမမြင်၊

♦ အကောင်းအဆိုးကိုလည်း ခွဲခြားမသိ၊ ♦ အမှားအမှန်ကို မဝေခွဲနိုင်ဘဲ မှောင်အတိကျကာ မျက်ကန်းပမာ ဖြစ်နေသည်။

သို့ဖြစ်ရာ တဏှာရာဂစိတ်ကြောင့် ဆန့်ကျင်ဘက် အာရုံကို လွန်ကြူးစွာ လိုက်စားလိုစိတ်ကို သတိ၊ ပညာ၊ အမြော်အမြင် ဆင်ခြင်တုံတရားတို့ဖြင့် ထိန်းသိမ်း၍ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုး စီးပွားတို့ ပျက်စီးခြင်းဘေးမှ ဝေးစွာရှောင်ရှားအပ်ပေသတည်း။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)