









Source: Nay Chi Oo FB

unicode

ဖေ့ဘွတ်ပေါ် မှာ တင်ထား တဲ့ ဓာတ်ပုံတပုံ ကြောင့် ဝေဖန်ခံနေ ရတဲ့ နေခြည်ဦး

မိတ် ကပ်‌တွေ၊ ဖက်ရှင် Brand တွေ နဲ့ ပရိတ်တွေ ကြားကို ဝင်ရောက် လာတဲ့ နေခြည်ဦ်း ဟာ ယခုဆိုရင် ရုပ်ရှင်တွေ၊ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတဲ့ ပရိတ်သတ် အချစ်တော် မင်းသမီးတစ်လတ် ဖြစ်လို့နေပါပြီ။

အထူးသဖြင့် မျက်နှာခွဲ စိတ်ပြင်ဆင်မှုတွေ၊ အလွန်အကြူးဝတ်စား ဆင်ယင်မှုတွေ နဲ့ ပြောဆိုနေထိုင်မှုဟန်တွေကြောင့် နောက်ပိုင်းမှာ

ပြောဆိုဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။ ဂရက်တွေနဲ့ အတူ နာမည်ကြီးလာသူမို့ ယခုအခါမှာလည်း တစ်ခေတ်ဆန်းလိုက်ပြန်ပါပြီ။

ChiChi က သူမရဲ့ Facebook စာမျက်နှာ မှာ သက်ဦးစေ နဆိုတဲ့ Caption နဲ့

အတူ အောက်ပါပုံလေးကို တစ်ပုံတည်း တင်ခဲ့တာပါ။ ပြဿနာကတော့ တင်ထားတဲ့ပုံမှာ ChiChi ရဲ့ နောက်ကတံခါးဟာ သိသိသာသာကြီးကို ကွေးနေတာပါ။

ယခုမှာ ပြန်လည်ပြင်ဆင်လိုက်ပေမယ့် ပရိတ်သတ် တွေက ထိပ်တန်း Beauty Blogger တစ်ယောက်အနေနဲ့ ယခုလို သိသိသာသာကြီး လုပ်ချလိုက်တာကတော့ သာမန်အမှားဆိုတာကိုတောင် သံသယဝင်နေပါတယ်။

ဘာရယ်မဟုတ်ပေမယ့် ဒီလို ဝေဖန်ခံ ရအောင် လုပ်ပြီး ဂရက်ထအောင် လုပ်တာဟာ ယခုနောက်ပိုင်းမှာ အနုပညာရှင်တွေ ရဲ့ အင်တာနက် စာမျက်နှာများမှာ နေရာယူ

ဖို့လုပ်တဲ့ မာယာတွေလား ဆိုပြီး ထင်ကြေးတွေ ပေးနေကြတာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကလည်း ထင်မြင်ချက် များကို ဝေမျှသွားပါဦး။

Source: Nay Chi Oo FB

Add a Comment

Your email address will not be published. Required fields are marked *

three × one =