တကမာၻလုံး တြင္ တရက္တည္း လူေပါင္း (၁၈၀,၀၀၀) ေက်ာ္ ကူးစက္ၿပီး စံခ်ိန္တင္

တကမာၻလုံး တြင္ တရက္တည္း လူေပါင္း (၁၈၀,၀၀၀) ေက်ာ္ ကူးစက္ၿပီး စံခ်ိန္တင္

တကမာၻလုံးတြင္ တရက္ တည္း လူေပါင္း ၁၈၀,၀၀၀ ေက်ာ္ ကူးစက္ၿပီး စံခ်ိန္တင္၊ အလြန္စိုးရမ္စရာ အေျခအေန ေရာက္ေနၿပီဟု WHO ေျပာ

ကမာၻတစ္ဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ေန႔စဥ္ကူးစက္ ႏႈန္းသည္ ယခုအခါ စိုးရိမ္ဖြယ္ရာ အေျခအေနသို႔ ေရာက္ရွိလာၿပီး ဇြန္လ ၁၉ ရက္ေန႔တစ္ရက္တည္းတြင္ လူေပါင္း ၁၈၁,၀၀၅ ဦးကူးစက္ခဲ့ရာ ေရာဂါစတင္ျဖစ္ပြားခ်ိန္မွစ၍ အျမင့္ဆုံး စံခ်ိန္ျဖစ္လာပါတယ္။ ေန႔စဥ္ ေသဆုံးႏႈန္းသည္ ၅,၀၀၀ အထက္ရွိ ေနဆဲ ျဖစ္ၿပီး ယမန္ေန႔က လူေပါင္း ၅,၀၆၆ ေသဆုံးခဲ့သည္။ ဇြန္လ ၁၉ ရက္အထိ အခ်က္အလက္ေတြအရ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၈ ဒသမ ၇ သန္းေက်ာ္ရွိၿပီး ေသဆုံးသူက ၄ သိန္း ၆ ေသာင္းေက်ာ္ ရွိေနပါတယ္။

ဂ်နီဖာၿမိဳ႕ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ဌာနခ်ဳပ္ ကေန ဗြီဒီယိုကြန႔္ဖရင့္စ္ နဲ႔ ေျပာရာမွာ WHO ၫႊန္ခ်ဳပ္ ေဒါက္တာ တက္ဒ႐ိုက ကမာၻႀကီးဟာ အႏၲရာယ္မ်ားတဲ့ အဆင့္သစ္ တစ္ခုကို ေရာက္ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ WHO ၫႊန္ခ်ဳပ္ ေဒါက္တာ တက္ဒ႐ိုက လူေတြကို ခပ္ခြာခြာ ေနေရး အစီအမံေတြ လိုက္နာဖို႔နဲ႔ သတိဝီရိယ ႀကီးႀကီးထားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ အေမရိကႏိုင္ငံေတြလိုပဲ ေတာင္အာရွနဲ႔အေရွ႕အလယ္ပိုင္း ႏိုင္ငံေတြမွာ ထပ္မံကူးစက္သူေတြ တိုးလာတယ္လို႔ တက္ဒ႐ိုက ဆိုပါတယ္။

ကူးစက္သူ အေရအတြက္ ဆက္ေလ်ာ့က်ေစဖို႔ ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ ဘယ္မွာ ကူးစက္တာေတြ ျဖစ္ေနလဲဆိုတဲ့ အခ်က္အလက္ေတြ ရရွိဖို႔ လိုအပ္တယ္လို႔လည္း WHO အေရးေပၚ အစီအစဥ္ ကြၽမ္းက်င္သူ မိုက္႐ိုင္ယန္က ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ယမန္ေန႔က ကူးစက္မႈတြင္ ဘရာဇီးႏိုင္ငံတြင္ လူေပါင္း ၅၅,၀၀၀ ေက်ာ္ ကူးစက္ၿပီး စံခ်ိန္ခဲ့သလို ၁,၂၂၁ ဦး ေသဆုံးခဲ့ပါတယ္။ လက္ရွိႏိုင္ငံသည္ ကူးစက္မႈေပါင္း ၁ သန္းေက်ာ္တြင္ လူေပါင္း ၅၀,၀၀၀ နီးပါး ေသဆုံးထားပါတယ္။

ကူးစက္မႈႏႈန္း ၃၀,၀၀၀ အထက္သို႔ ျပန္လည္ေရာက္ရွိခဲ့သည့္ အေမရိကန္ျပည္ေထာင္စု တြင္ ယမန္ေန႔က လူေပါင္း ၃၃,၀၀၀ ေက်ာ္ ကူးစက္ခဲ့သလို ၇၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။ ယခုအခါ ကူးစက္မႈေပါင္း ၂ ဒသမ ၃ သန္းနီးပါးတြင္ လူေပါင္း ၁၂,၀၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။ အိႏၵိယသည္ ယမန္ေန႔က စံခ်ိန္တင္ ကူးစက္မႈ အျဖစ္ ၁၄,၇၂၁ ဦး ရွိၿပီး ၃၆၆ ဦး ေသဆုံးခဲ့ရာ လက္ရွိ ႏိုင္ငံသည္ စတုတၳအမ်ားဆုံးႏိုင္ငံ ျဖစ္ၿပီး ကူးစက္မႈေပါင္း ေလးသိန္းနီးပါးတြင္ ၂၁,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။

ေန႔စဥ္ ကူးစက္ႏႈန္းျမင့္မားေနဆဲ ျဖစ္ေသာ ႐ုရွားႏိုင္ငံတြင္ ယမန္ေန႔က ကူးစက္မႈေပါင္း ၈,၀၀၀ နီးပါးႏွင့္ ေသဆုံး သူ ၁၈၁ ဦးရွိသည္။ လက္ရွိကူး စက္မႈေပါင္း ၅၇၀,၀၀၀ နီးပါး တြင္ ၇,၈၇၁ ဦး ေသဆုံး ခဲ့ပါတယ္။ အလားတူ မကၠဆီကို၊ ပါကစၥတန္၊ ေဆာ္ဒီ၊ ဘဂၤလားေဒ့ရွ္၊ ေတာင္အာဖရိကႏိုင္ငံ တို႔သည္လည္း ကူးစက္ႏႈန္း ျမင့္တက္လ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံသည္ ဒုတိယအႀကိမ္ ေရာဂါ ျဖစ္ပြားမႈႏွင့္ ရင္ဆိုင္ေနရပါတယ္။

crd : blacker

unicode

တကမ္ဘာလုံး တွင် တရက်တည်း လူပေါင်း (၁၈၀,၀၀၀) ကျော် ကူးစက်ပြီး စံချိန်တင်

တကမ္ဘာလုံးတွင် တရက် တည်း လူပေါင်း ၁၈၀,၀၀၀ ကျော် ကူးစက်ပြီး စံချိန်တင်၊ အလွန်စိုးရမ်စရာ အခြေအနေ ရောက်နေပြီဟု WHO ပြော

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက် နှုန်းသည် ယခုအခါ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီး ဇွန်လ ၁၉ ရက်နေ့တစ်ရက်တည်းတွင် လူပေါင်း ၁၈၁,၀၀၅ ဦးကူးစက်ခဲ့ရာ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အမြင့်ဆုံး စံချိန်ဖြစ်လာပါတယ်။ နေ့စဉ် သေဆုံးနှုန်းသည် ၅,၀၀၀ အထက်ရှိ နေဆဲ ဖြစ်ပြီး ယမန်နေ့က လူပေါင်း ၅,၀၆၆ သေဆုံးခဲ့သည်။ ဇွန်လ ၁၉ ရက်အထိ အချက်အလက်တွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၈ ဒသမ ၇ သန်းကျော်ရှိပြီး သေဆုံးသူက ၄ သိန်း ၆ သောင်းကျော် ရှိနေပါတယ်။

ဂျနီဖာမြို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနချုပ် ကနေ ဗွီဒီယိုကွန့်ဖရင့်စ် နဲ့ ပြောရာမှာ WHO ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက ကမ္ဘာကြီးဟာ အန္တရာယ်များတဲ့ အဆင့်သစ် တစ်ခုကို ရောက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ WHO ညွှန်ချုပ် ဒေါက်တာ တက်ဒရိုက လူတွေကို ခပ်ခွာခွာ နေရေး အစီအမံတွေ လိုက်နာဖို့နဲ့ သတိဝီရိယ ကြီးကြီးထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကနိုင်ငံတွေလိုပဲ တောင်အာရှနဲ့အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ ထပ်မံကူးစက်သူတွေ တိုးလာတယ်လို့ တက်ဒရိုက ဆိုပါတယ်။

ကူးစက်သူ အရေအတွက် ဆက်လျော့ကျစေဖို့ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ ဘယ်မှာ ကူးစက်တာတွေ ဖြစ်နေလဲဆိုတဲ့ အချက်အလက်တွေ ရရှိဖို့ လိုအပ်တယ်လို့လည်း WHO အရေးပေါ် အစီအစဉ် ကျွမ်းကျင်သူ မိုက်ရိုင်ယန်က ထောက်ပြပြောဆိုခဲ့ပါတယ်။ ယမန်နေ့က ကူးစက်မှုတွင် ဘရာဇီးနိုင်ငံတွင် လူပေါင်း ၅၅,၀၀၀ ကျော် ကူးစက်ပြီး စံချိန်ခဲ့သလို ၁,၂၂၁ ဦး သေဆုံးခဲ့ပါတယ်။ လက်ရှိနိုင်ငံသည် ကူးစက်မှုပေါင်း ၁ သန်းကျော်တွင် လူပေါင်း ၅၀,၀၀၀ နီးပါး သေဆုံးထားပါတယ်။

ကူးစက်မှုနှုန်း ၃၀,၀၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အမေရိကန်ပြည်ထောင်စု တွင် ယမန်နေ့က လူပေါင်း ၃၃,၀၀၀ ကျော် ကူးစက်ခဲ့သလို ၇၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ယခုအခါ ကူးစက်မှုပေါင်း ၂ ဒသမ ၃ သန်းနီးပါးတွင် လူပေါင်း ၁၂,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယသည် ယမန်နေ့က စံချိန်တင် ကူးစက်မှု အဖြစ် ၁၄,၇၂၁ ဦး ရှိပြီး ၃၆၆ ဦး သေဆုံးခဲ့ရာ လက်ရှိ နိုင်ငံသည် စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပြီး ကူးစက်မှုပေါင်း လေးသိန်းနီးပါးတွင် ၂၁,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

နေ့စဉ် ကူးစက်နှုန်းမြင့်မားနေဆဲ ဖြစ်သော ရုရှားနိုင်ငံတွင် ယမန်နေ့က ကူးစက်မှုပေါင်း ၈,၀၀၀ နီးပါးနှင့် သေဆုံး သူ ၁၈၁ ဦးရှိသည်။ လက်ရှိကူး စက်မှုပေါင်း ၅၇၀,၀၀၀ နီးပါး တွင် ၇,၈၇၁ ဦး သေဆုံး ခဲ့ပါတယ်။ အလားတူ မက္ကဆီကို၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဘင်္ဂလားဒေ့ရှ်၊ တောင်အာဖရိကနိုင်ငံ တို့သည်လည်း ကူးစက်နှုန်း မြင့်တက်လျက်ရှိပြီး တရုတ်နိုင်ငံသည် ဒုတိယအကြိမ် ရောဂါ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

three × two =