အိပ်ရာပေါ် ကနေ မထနိုင်တဲ့ကြားက အလုပ်တွေ ကူပေးနေတဲ့ ချစ်သူရဲ့ သိတတ်မှုတွေကြောင့် မခွဲနိုင်မခွာရက် ဖြစ်နေရတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေ ကို နေ့မအား ညမနား လုပ်နေသူ မင်းသမီးချော တစ်လက်ပါပဲနော်။ သူ့ရဲ့ပါရမီဖြည့်ဘက်ကလည်း အလိုရှိသမျှ လိုက်ပြီးကူညီပေးနေတာကြောင့်လည်းလူမှုရေးအလုပ်တွေများစွာ လုပ်ကိုင်နေတာပါနော်။

ဒီရက်ပိုင်းတွေမှာလည်း အောက်ဆီဂျင်လှူဖို့ အသည်းအသန် လုံးပန်းနေပြီး ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေကိုကူညီပေးဖို့ အသင့်ရှိနေပါတယ်နော်။ ခိုင်နှင်းဝေရဲ့ ချစ်သူကလည်း သူ့ကောင်မလေး ကူညီနေတဲ့ လူမှုရေးကိစ္စမှန်သမျှ ညည်းညူခြင်းမရှိဘဲ လုပ်ပေးနေသူပါနော်။

အခုလည်း နေမကောင်းတဲ့ကြားက ကူညီပေး နေတဲ့ ချစ်သူလေးကို ” မထနိုင်တဲ့ကြားက အားတင်းပြီး အလုပ်တွေလုပ်ပေးနေတာ ကျေးဇူးတင်ပါတယ် ဖိုက်တင်း ” လို့ ခိုင်နှင်းဝေမှ တင်ထားပါတယ်နော်။ နောက်လည်း နှစ်ယောက်အတူ ကုသိုလ်ရေးအလုပ်တွေ ကူညီနိုင်ပါစေ လို့လည်း ဆုတောင်းပေးလိုက် ပါတယ်နော်။

crd

Add a Comment

Your email address will not be published.

20 − six =