ပြည်သူတွေကို အောက်စီဂျင် အသုံးပြုမှုနဲ့ ပါတ်သက်ပြီး ဆင်ခြင်သင့်တာတွေကို ပြောပြ လာတဲ့ စိန်ဖြိုးလှိုင်

ပရိသတ်ကြီးရေ…..မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင် ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်နော်။ သူဟာ တစ်ချိန်က ‘မောင်’ ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ရပ်တည်ခဲ့တာဖြစ်ပြီ ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့သူပါ။ အခုချိန်မှာ ဆိုရင်တော့ ဒေါက်တာစိန်ဖြိုးလှိုင်ဟာ

အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာဝန် တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်….။စိန်ဖြိုးလှိုင်ဟာ သူ့ရဲ့ရပ်တည်ချက်နဲ့ပက်သက်ပြီး ပြတ်ပြတ်သားသားလုပ်လေ့ရှိတဲ့သူတစ်ဦးဖြစ်တာကိုလည်းတွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေပါဝင်နေတဲ့သူဖြစ်ပြီး သူ့ရဲ့ Masterဘွဲ့တစ်ခုကိုပါ လက်လွှတ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

စိန်ဖြိုးက ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် ပျောက်ပြီးပြီးချင်းမှာပဲ ဖောင်ကြီးကုသရေးစင်တာမှာ volunteerအနေနဲ့ သွားရောက်ကူညီခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဆိုရင်လည်း ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး အဓိက လူနာတွေ ခံစားနေကြရတာကတော့ အောက်ဆီဂျင် ထိုးကြမှု ပြဿနာတွေပါပဲ ။

ဒီလို အောက်ဆီဂျင်ပေးရမှာလည်း လွဲမှားတဲ့ အချက်တွေကြောင့် မသေသင့်ပဲ သေနေရသူတွေလည်း ရှိခဲ့ပါတယ် ။ဒါကြောင့် စိန်ဖြိုးကနေပြီး အောက်ဆီဂျင်အသုံးပြုပုံနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ပြောပြလာပါတယ်။

အောက်ဆီဂျင်နှင့်ပတ်သတ်သော Facebook ပေါ်မှ အမှားများ Air Compressor ကထွက်တဲ့ လေကို ရေဗူးဖြတ်ပြီးရှူလို့မရပါဘူး။ အောက်ဆီဂျင်မဖြစ်ပါဘူး။ အောက်ဆီဂျင်စက်တွေကလေကို Filter အဆင့်ဆင့်ခံပြီး 90% အထက်လောက်ထိ သန့်စင်ထားတာပါ။ ဒီ Compressor ကထွက်တဲ့ရိုးရိုးလေမှာ တစ်ခြားမသန့်တဲ့ အမှုန်အမွှားတွေလဲပါသေးတာကြောင့် အထောက်အကူမဖြစ်ပဲ ပိုဆိုးစေနိုင်ပါတယ်။

အောက်ဆီဂျင်အိုးပဲဖြစ်ဖြစ် အောက်ဆီဂျင်စက်ပဲဖြစ်ဖြစ် Humidifier Bottle (ရေဗူး) လေးပါပါတယ်။ သူရဲ့ရည်ရွယ်ချက်က အိုးတွေ စက်တွေက ထွက်လာတဲ့လေက အရမ်းခြောက်သွေ့တဲ့ အတွက်ကြောင့် ရေကိုဖြတ်သန်းခိုင်းပြီး စိုအောင်လုပ်တာဖြစ်ပါတယ်။ ဒါမှလဲအချိန်အကြာကြီး ရှူတဲ့စီမှာ ပါးစပ်၊ လည်ပင်း နဲ့ အဆုပ် အရမ်းခြောက်တွေ့ပြီး နေရခက်တာမျိုးမရှိအောင်ပါ။

အဲ့တော့ ရေဗူးပါဖို့လိုပါတယ်။ နောက်တစ်ခု အောက်ဆီဂျင်ရှူလို့ အဆုတ်ကွဲတယ်ဆိုတဲ့လူတွေကို ပြောချင်တာပါ။ COVID ကုသနည်းတွေထဲမှာ တစ်ခုကOxygen ကို High Flow Nasal Cannula နဲ့ ပေးတာပါ။ တစ်မိနစ်ကို 60L/Min နဲ့ပေးတာပါ။ ရန်ကုန်ဆေးရုံကြီးမှာလဲစက်တွေရှိပါတယ်။ အိမ်မှာ အောက်ဆီဂျင်ပေးလို့ အဆုတ်ကွဲသေတယ်ဆိုပြီး အတက်နိုင်ဆုံးကြိုးစားခဲ့တဲ့ မိသားစုဝင်တွေကို သတင်းအတုတွေနဲ့စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့။ 15L/Min လောက်ပေးလို့ကွဲစရာအကြောင်းကိုမရှိဘူး။

အလောင်းကိုကြည့်ပြီးလဲ အဆုတ်ကွဲမကွဲမ သိနိုင်ပါဘူး။ ရင်ခွဲကြည့်မှသိတာပါ။ နှုတ်ခန်း ပြာလို့ အဆုတ်ကွဲတယ်ပြောတာလဲ မဟုတ်ပါဘူး။ အောက်ဆီဂျင် ပြတ်တာနဲ့ နှုတ်ခန်းပြာပါတယ်။ ပုံတွေက ကျွန်တော့်ကိုလာမေးကြတဲ့ သူတွေရိုက်ထားကြတာပါ။ ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ် ။

Source – Sein Phyo

Add a Comment

Your email address will not be published.

twelve − 2 =