မြန်မာမင်းသားတွေထဲမှာ “ဒေါင်း” တစ်ယောက်တည်းကိုသာ အကြွေဆုံးလို့ ပွင့်လင်းစွာပရိတ်သတ်ကို ဝန်ခံလာတဲ့ “ဆုထက်လှိုင်”

Posted on

သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော် တစ်ယောက်လည်း ဖြစ်တဲ့ ဆုထက်လှိုင် ကိုတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ဆုထက်လှိုင် ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့လက ထုတ်လွှင့်ပြသခဲ့တဲ့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲနဲ့လည်း လူသိများလာခဲ့တာပဲဖြစ်ပါတယ်။

အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လေးစားအားကျရပြီး ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေ ရှိတဲ့ ဆုထက်လှိုင်ဟာ ဒီကနေ့မှာလည်း သူမကြိုက်တဲ့ မြန်မာမင်းသားကို ဖွင့်ဟပြောပြလာပါတယ်။ ဆုထက်လှိုင်က သရုပ်ဆောင်ဒေါင်းရဲ့ ပုံရိပ်တွေကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ကာ “မင်းသားတွေထဲ သူ့တယောက်တည်းကိုအရမ်းကြွေ” ဆိုပြီး ပွင့်ပွင့်လင်းလင်းဖွင့်ဟပြောလာခဲ့တာဖြစ်ပါတယ်

ဆုထက်လှိုင်ကတော့ မြန်မာမင်းသားတွေအများကြီးရှိတဲ့ထဲက မင်းသားချောဒေါင်းတစ်ယောက်တည်းကိုပဲ အရမ်းကြွေတယ် လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဆုထက်လှိုင်လည်း ဒေါင်းနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ခွင့်ရမယ့်နေ့ကို စောင့်မျှော်နေမယ်ဆိုတာ အသေအချာပါပဲနော်။

Credit

zawgyi




Credit