ညအိပ္ယာ ဝင္ခါနီးတိုင္း ပ်ားရည္ (၁) စြန္း ေသာက္ေပးျခင္း ျဖင့္ ရရွိလာမည္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ညအိပ္ယာ ဝင္ခါနီးတိုင္း ပ်ားရည္ (၁) စြန္း ေသာက္ေပးျခင္း ျဖင့္ ရရွိလာမည္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

ည ဘက္မွာ အခ်ိဳစားျခင္းက မေကာင္း ပါဘူး။ သၾကားအျဖဴဆို ပိုဆိုးပါတယ္။ လုံးဝ မစားသင့္ပါဘူး။ ပ်ားရည္ကလည္း အခ်ိဳမဟုတ္ဘူးလားဆိုေတာ့ ဟုတ္ပါတယ္။ ဒါေပမဲ့ ပ်ားရည္ကေတာ့ ခြၽင္းခ်က္ပါ။ ေဆးအျဖစ္ တစ္ေန႔တစ္စြန္း မွီဝဲမယ္ဆိုရင္ ပ်ားရည္ဟာ ခႏၶာကိုယ္တစ္ခုလုံးကို ေကာင္းက်ိဳး မ်ားစြာေပးႏိုင္ပါတယ္။ ပ်ားရည္ဟာ အခ်ိန္ေပၚ အလိုက္၊ ေပါင္းစပ္ပစၥည္းေပၚအလိုက္ အာနိသင္ေတြက မတူပါဘူး။ ဒီတစ္ခါေတာ့ ညဘက္ပ်ားရည္ေသာက္ျခင္းရဲ႕ အက်ိဳးအာနိသင္ကို ေျပာျပခ်င္ပါ တယ္ေနာ္

(၁) ေကာင္း စြာအိပ္ေပ်ာ္ ေစတယ္

ပ်ားရည္ဟာ သဘာဝအတိုင္း ေခ်ာေမြ႕ညက္ေညာ နဲ႔ အရည္တစ္မ်ိဳးပါ။ ပ်ားရည္ဟာ Melatonin လို႔ေခၚတဲ့ ဓာတ္ကို ထုတ္ေပးႏိုင္ပါတယ္။ Melatonin ဓာတ္ဆိုတာ ေကာင္းစြာအိပ္ေပ်ာ္ဖို႔၊ ဆဲလ္အသစ္ျဖစ္ဖို႔၊ အာ႐ုံေၾကာစနစ္ေတြ ျပန္လည္စုစည္းဖို႔ လိုအပ္တဲ့ ဓာတ္ပါ။ ညအိပ္ခါနီး ပ်ားရည္ တစ္စြန္းေသာက္ေပးျခင္းက ေကာင္းစြာအိပ္ေပ်ာ္ေစမွာ အေသအခ်ာပါပဲ။ အထူးသျဖင့္ Chamomile Tea နဲ႔တြဲေသာက္ေပးရင္ ပိုေကာင္းပါတယ္။ Lactose နဲ႔ဓာတ္တည့္တဲ့သူေတြဆိုရင္ ႏြားႏို႔ပူပူနဲ႔ပ်ားရည္ကို ေသာက္ေပးျခင္းအားျဖင့္ စိတ္ဖိစီးမႈေတြ ေလ်ာ့ေက် စပါတယ္။

(၂) အသည္းကိုကုသေပးတယ္

အသည္းရဲ႕ ဆဲလ္ အသစ္ေတြက ညဘက္မွာ ပိုထြက္ေလ့ ရွိပါတယ္။ ညဘက္မွာ ပ်ားရည္နဲ႔ ဖ႐ုံသီးေဖ်ာ္ရည္ကို ေသာက္ေပးျခင္းျဖင့္ အသည္းထဲက အဆိပ္ေတြကို ဖယ္ရွားေပးႏိုင္ ပါတယ္။

(၃) အဆီ ေလာင္ကြၽမ္းေစတယ္

အဆီေလာင္ကြၽမ္းေစတဲ့ ဓာတ္ေတြဟာ ညဘက္မွာ ပိုထြက္လာပါတယ္။ ပ်ားရည္ေသာက္ျခင္းအားျဖင့္ အဆီေလာင္ကြၽမ္းတဲ့ႏႈန္းကို ပိုမို လ်င္ျမန္ေစပါတယ္။ Orexin လို႔ေခၚတဲ့ ေဟာ္မုန္းဟာ ကယ္လိုရီအပိုေတြ ေလာင္ကြၽမ္းျခင္းအတြက္ အဓိကအေရးႀကီးတဲ့ေနရာမွာ ပါဝင္ပါတယ္။ အစားအစာ ေတြ အမ်ားႀကီးထဲမွာမွ ပ်ားရည္ဟာ Orexin ေဟာ္မုန္းဓာတ္ အႂကြယ္ဝဆုံး အစားအစာျဖစ္ပါ တယ္။

(၄) ေရာဂါခုခံကာကြယ္ေပးတဲ့ ဆဲလ္ေတြ ကို ပိုသန္မာေ စတယ္

အခုေျပာျပမယ့္ နည္းကိုေတာ့ ေအးတဲ့အခ်ိန္နဲ႔ ေရာဂါပိုး ကူးစက္ျခင္းကို ကာကြယ္ခ်င္တဲ့အခ်ိန္ေတြမွာသာ အသုံးျပဳသင့္တယ္ဆိုတာ ႀကိဳေျပာပါရေစ။ ၾကက္သြန္ျဖဴကို အတုံးေသးေသးေလးေတြ လွီးပါ။ ၿပီးရင္ ပ်ားရည္နဲ႔ေရာပါ။ အဲဒီအေရာအေႏွာကို ညစဥ္ တစ္စြန္းေသာက္ပါ။ ၾကက္သြန္ပ်ားရည္ဟာ ေရာဂါခုခံတဲ့ ဆဲလ္ေတြ ကို သန္မာလာေစ ပါတယ္။

(၅) အားအင္ျပည့္ေစတယ္

မနက္ႏိုးလာတဲ့အခါ အားနည္းသလိုျဖစ္တာ၊ ေခါင္းကိုက္ေခါင္းမူးတာ၊ စိတ္မၾကည္လင္ တာမ်ိဳး ျဖစ္ေလ့ ရွိပါသလား။ အိပ္သာအိပ္လိုက္တယ္။ အားျပန္မျပည့္သလိုမ်ိဳး ခံစားရပါသလား။ ဒါဆိုရင္ ညအိပ္ခါနီး ပ်ားရည္နဲ႔ေရ ေရာေသာက္ပါ။ ေရေအးျဖစ္ျဖစ္၊ ေရေႏြးျဖစ္ျဖစ္ ရပါတယ္။ အဲလိုေသာက္ၿပီး ရင္ေတာ့ မနက္ဖက္ေတြမွာ လန္းလန္းဆန္းဆန္း ႏိုးထႏိုင္ပါ လိမ့္မယ္။

ပ်ားရည္ကို မနက္ဘက္ေသာက္ျခင္းရဲ႕အက်ိဳး ေက်းဇူးေလးလည္း အပိုထပ္ေစာင္းၿပီး ေျပာျပေပးမယ္ေနာ္။ ေရေႏြး ပြက္ပြက္ထဲကို သံပုယိုရည္၊ တုံးထားတဲ့ သံပု႐ိုခြံ၊ တုံးထားတဲ့ ဂ်င္းအနည္းငယ္၊ ပ်ားရည္တစ္စြန္း ထည့္ပါ။ ၿပီးရင္ေတာ့ ဖန္ခြက္တစ္ဝက္စာေလာက္ေသာက္ပါ။ ဒါဆို ရင္ေတာ့ သင့္ရဲ႕တစ္ေန႔တာဟာ Energy Drink ေသာက္စရာ မလိုဘဲ အားအင္ျပည့္ဝ လန္းဆန္းေနပါ လိမ့္မယ္။

By Paulina

unicode

ညအိပ်ယာ ဝင်ခါနီးတိုင်း ပျားရည် (၁) စွန်း သောက်ပေးခြင်း ဖြင့် ရရှိလာမည် ကျန်းမာရေး အကျိုးကျေးဇူးများ

ည ဘက်မှာ အချိုစားခြင်းက မကောင်း ပါဘူး။ သကြားအဖြူဆို ပိုဆိုးပါတယ်။ လုံးဝ မစားသင့်ပါဘူး။ ပျားရည်ကလည်း အချိုမဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပျားရည်ကတော့ ချွင်းချက်ပါ။ ဆေးအဖြစ် တစ်နေ့တစ်စွန်း မှီဝဲမယ်ဆိုရင် ပျားရည်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကျိုး များစွာပေးနိုင်ပါတယ်။ ပျားရည်ဟာ အချိန်ပေါ် အလိုက်၊ ပေါင်းစပ်ပစ္စည်းပေါ်အလိုက် အာနိသင်တွေက မတူပါဘူး။ ဒီတစ်ခါတော့ ညဘက်ပျားရည်သောက်ခြင်းရဲ့ အကျိုးအာနိသင်ကို ပြောပြချင်ပါ တယ်နော်

(၁) ကောင်း စွာအိပ်ပျော် စေတယ်

ပျားရည်ဟာ သဘာဝအတိုင်း ချောမွေ့ညက်ညော နဲ့ အရည်တစ်မျိုးပါ။ ပျားရည်ဟာ Melatonin လို့ခေါ်တဲ့ ဓာတ်ကို ထုတ်ပေးနိုင်ပါတယ်။ Melatonin ဓာတ်ဆိုတာ ကောင်းစွာအိပ်ပျော်ဖို့၊ ဆဲလ်အသစ်ဖြစ်ဖို့၊ အာရုံကြောစနစ်တွေ ပြန်လည်စုစည်းဖို့ လိုအပ်တဲ့ ဓာတ်ပါ။ ညအိပ်ခါနီး ပျားရည် တစ်စွန်းသောက်ပေးခြင်းက ကောင်းစွာအိပ်ပျော်စေမှာ အသေအချာပါပဲ။ အထူးသဖြင့် Chamomile Tea နဲ့တွဲသောက်ပေးရင် ပိုကောင်းပါတယ်။ Lactose နဲ့ဓာတ်တည့်တဲ့သူတွေဆိုရင် နွားနို့ပူပူနဲ့ပျားရည်ကို သောက်ပေးခြင်းအားဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျေ စပါတယ်။

(၂) အသည်းကိုကုသပေးတယ်

အသည်းရဲ့ ဆဲလ် အသစ်တွေက ညဘက်မှာ ပိုထွက်လေ့ ရှိပါတယ်။ ညဘက်မှာ ပျားရည်နဲ့ ဖရုံသီးဖျော်ရည်ကို သောက်ပေးခြင်းဖြင့် အသည်းထဲက အဆိပ်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။

(၃) အဆီ လောင်ကျွမ်းစေတယ်

အဆီလောင်ကျွမ်းစေတဲ့ ဓာတ်တွေဟာ ညဘက်မှာ ပိုထွက်လာပါတယ်။ ပျားရည်သောက်ခြင်းအားဖြင့် အဆီလောင်ကျွမ်းတဲ့နှုန်းကို ပိုမို လျင်မြန်စေပါတယ်။ Orexin လို့ခေါ်တဲ့ ဟော်မုန်းဟာ ကယ်လိုရီအပိုတွေ လောင်ကျွမ်းခြင်းအတွက် အဓိကအရေးကြီးတဲ့နေရာမှာ ပါဝင်ပါတယ်။ အစားအစာ တွေ အများကြီးထဲမှာမှ ပျားရည်ဟာ Orexin ဟော်မုန်းဓာတ် အကြွယ်ဝဆုံး အစားအစာဖြစ်ပါ တယ်။

(၄) ရောဂါခုခံကာကွယ်ပေးတဲ့ ဆဲလ်တွေ ကို ပိုသန်မာေ စတယ်

အခုပြောပြမယ့် နည်းကိုတော့ အေးတဲ့အချိန်နဲ့ ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်ချင်တဲ့အချိန်တွေမှာသာ အသုံးပြုသင့်တယ်ဆိုတာ ကြိုပြောပါရစေ။ ကြက်သွန်ဖြူကို အတုံးသေးသေးလေးတွေ လှီးပါ။ ပြီးရင် ပျားရည်နဲ့ရောပါ။ အဲဒီအရောအနှောကို ညစဉ် တစ်စွန်းသောက်ပါ။ ကြက်သွန်ပျားရည်ဟာ ရောဂါခုခံတဲ့ ဆဲလ်တွေ ကို သန်မာလာစေ ပါတယ်။

(၅) အားအင်ပြည့်စေတယ်

မနက်နိုးလာတဲ့အခါ အားနည်းသလိုဖြစ်တာ၊ ခေါင်းကိုက်ခေါင်းမူးတာ၊ စိတ်မကြည်လင် တာမျိုး ဖြစ်လေ့ ရှိပါသလား။ အိပ်သာအိပ်လိုက်တယ်။ အားပြန်မပြည့်သလိုမျိုး ခံစားရပါသလား။ ဒါဆိုရင် ညအိပ်ခါနီး ပျားရည်နဲ့ရေ ရောသောက်ပါ။ ရေအေးဖြစ်ဖြစ်၊ ရေနွေးဖြစ်ဖြစ် ရပါတယ်။ အဲလိုသောက်ပြီး ရင်တော့ မနက်ဖက်တွေမှာ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါ လိမ့်မယ်။

ပျားရည်ကို မနက်ဘက်သောက်ခြင်းရဲ့အကျိုး ကျေးဇူးလေးလည်း အပိုထပ်စောင်းပြီး ပြောပြပေးမယ်နော်။ ရေနွေး ပွက်ပွက်ထဲကို သံပုယိုရည်၊ တုံးထားတဲ့ သံပုရိုခွံ၊ တုံးထားတဲ့ ဂျင်းအနည်းငယ်၊ ပျားရည်တစ်စွန်း ထည့်ပါ။ ပြီးရင်တော့ ဖန်ခွက်တစ်ဝက်စာလောက်သောက်ပါ။ ဒါဆို ရင်တော့ သင့်ရဲ့တစ်နေ့တာဟာ Energy Drink သောက်စရာ မလိုဘဲ အားအင်ပြည့်ဝ လန်းဆန်းနေပါ လိမ့်မယ်။

By Paulina