ကိုဗစ်ရောဂါဆိုးကြီး ကူးစက် ခံထားရလို့ သူမရင်ဆိုင် ကျော်ဖြတ်ခဲ့ရပုံကို ပြောပြလာခဲ့တဲ့ တေးသံရှင် ကော်နီ

ကိုဗစ်ကူးစက်ခံထားရတဲ့ တေးသံရှင် ကော်နီ က သူမကြုံတွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ကို လူမူကွန်ယက်မှာ ပရိသတ်တွေအတွက် ပြန် လည်မျှဝေခဲ့ပါတယ်။ “ကိုဗစ်ပထမလှိုင်းဒုတိယလှိုင်းကို သွားသွားလာလာနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင်မရပ်ရတဲ့ ကျွန် မ အိမ် ထဲမှာနေရင်း နဲ့ဘဲ တတိလှိုင်း ကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ် ။ဒီနေ့ဆိုရင်(၁၃)ရက်မြောက်ခဲ့ပါပြီ။ပထမ၃ရက် ခေါင်းအုံခေါင်းကိုက် ပါတယ်။ရေချိုးကြာလို့အအေးမိတယ်လို့ဘဲမှတ်ယူမိရင်း ဘိုင်အိုဂျက်ဆစ်နဲ့ မြန်မာဆေးလေးသောက် ချွေးလေးထွက်သက်သာသလိုလေး ဖြစ် နဲ့နေရင်းကနေ အရသာစပျက်ပါတယ်။

အနံ့မရနေတာကိုလည်းသတိမထားမိပါဘူး ။နေ့လည်ထမင်းစားတော့ငံကျွိနေတာဘဲသိတယ်ငပိ ထောင်းကိုနမ်းကကြည့်ပြီး အနံ့မရတာကို လည်း သတိမထားမိသေးပါဘူး ။ညနေရေမိုးချိုး ရေမွှေးဆွတ်တော့မှဘဲ ရေမွှေးနံ့တအိမ်လုံးရတယ် ။ကိုယ်တယောက်ထဲမရတာပါ ။အဲ့ တော့မှတအိမ်လုံးလန့်ဖျန့်ပြီး ကိုယ်လည်း အခန်းတံခါးပိတ် Home Q ရပါတော့တယ် ။နောက်တော့ကိုယ့်ကိစ္စ ကူလုပ်ပေးရတဲ့ညီမက ၂ ရက်နေတော့စဖျားပါတယ် ။ဒါနဲ့အခန်းခွဲနေကြတယ်ပေါ့နော်။စဖြစ်ရတာကတော့အဲ့ရက်တွေမှာကိုယ်ကအိပ်ရေးပျက်ပျက်ပြီး အိပ်ရေးမ ပြည့်နေတာပါ ။အဲ့ဒီတော့ကိုယ်ခံအားကျသွားတဲ့ အချိန် ဒီကောင်ကအခွင့်အရေးစောင့်နေပုံရပါတယ် ငါအရမ်းဝနေလို့ဆိုပြီး ညစာလည်း နဲနဲလျှော့စားနေတာတပတ်လားဘဲရှိနေသေးချိန်လည်းဖြစ်ပါတယ် ။

နောက်ညီမက ဥပုသ်စောင့်အဓိဌာန်ဝင်နေသူပါ ။ဒီတော့သူလည်း ကိုယ်ခံအားနည်းနေသူပါ ။ပြောချင်တာကကိုယ်ခံအားကောင်းနေဘို့ အရေးကြီးတာရယ် အိပ်ရေးလုံးဝ မပျက်စေဘို့ အလွန်အရေးကြီးပါတယ်။စိတ်ပူပင်မှုတွေစိုးထိတ်မှုတွေက ကိုယ်ခံအားကိုမသိမသာ လေး လျှော့နေစေနိုင်တယ်လို့ထင်ပါတယ်။အခုတော့အားဆေးတွေလှိမ့်သောက် အစာကိုမစားချင်လည်းလှိမ့်စားနေပါတယ် ။မကော် အနံ့အရ သာပျောက်တာ ၈ရက်နီးပါးကြာသွားတယ် ။အတူဖြစ်တဲ့ညီမက ၄,ရက်နဲ့အနံ့အရသာပြန်ရပါတယ် ။မကော်အခန်းထဲမှာတယောက်ထဲ အသက်ရှုလေ့ကျင့်ခဏ်းလုပ်တယ် ။သတိရတိုင်းအသက်ရှုထုတ်လုပ်တယ် ။မှောက်လည်းမှောက်အိပ်ပါတယ်အလုပ်ကိုပုံမှန်လုပ်တယ် ။လူကမလှုပ်ချင်ပေမယ့်ဝတ်ထားတဲ့အဝတ်ကိုရအောင်လျှော်တယ် ။စားတဲ့ပန်းကန်ခွက်တွေဆေးတယ်။အခန်းသန့်ရှင်းရေးလုပ်တယ် ။

ရေကိုမနက်ပိုင်းချိုးတယ် ။အခန်းတံခါးတွေအကုန်ဖွင့်တယ်ဖျန်းဆေးကိုကိုယ်နဲ့ထိမိတဲ့နေရာအိပ်ယာရေချိုးခန်းကို တောက်လျှောက်။ ဖျန်း တယ် နေရောင်ရတဲ့နေရာမှာနေပါတယ် ။အစာစားပြီး နေရာမရှိတာကိုတောင်ဘုရားစာဆိုရင်းရအောင်လမ်း လျှောက်ပါတယ်။မ နက်မိုး လင်းတာနဲ့ ဘုရားစာဖွင့်တရားနာရင်း ပြုနေကြအလုပ်တွေလုပ်တယ်။နေ့လည်ဆို သီချင်းလေးခဏဖွင့်ပြီး စိတ်ကို ရအောင် ပြောင်း ရပါတ ယ် ။ဖုန်းကြာကြာကြည့်ရင်တော့မူးပါတယ်။လှုပ်ရှားတာများရင်တော့မောနေပါသေးတယ်နော်အနံ့အရသာကောင်းသွားပြီဖြစ်ပေမယ့် နော က်ကျောထဲကနဲနဲအောင့်ပါတယ်ရေနွေးအိတ်လေးကပ်တော့သက်သာပါတယ်ရောဂါအခံရှိသူများအခုထဲက စိတ်ရောလူပါကျန်းမာ အောင် နေကြပါ။တကိုယ်ရေသန့်ရှင်းမှုရှိပါ။အိမ်တွင်းအိမ်ပြင်သန့်ရှင်းမှုအထူးဂရုစိုက်ကြပါ။

အားရှိစာတွေဆိုတအသားမှမဟုတ်ပါဘူးနော် ။မကော်ကခြေလေးချောင်းသား မစားပါဘူးနော်။အသီးအနှံအစရှိသဖြင့် အားရှိအောင်စား မယ် နေထိုင်နည်းဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်။အားတဲ့အချိန်ဘုရားရှိခိုးတရားထိုင်မယ်။မေတ္တာပို့ ပါတယ်။ကျွန်မချစ်တဲ့ပြည် သူလူထုအတွက်နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျှက်ပါ ။နေကာင်းအောင်နေကြပါ ချစ်ရသူတို့ ပြည်သူအချင်းချင်းကူညီရိုင်း ပင်းကြရ မယ့်အချိန်ပါ Fighting ပါ 😇💪🏻)” လို့ တေးသံရှင်ကော်နီ က သူမရဲ့ လူမှုကွန်ယက် ကနေ ရေးသားမျှဝေထားပါတယ်။

Credit

Add a Comment

Your email address will not be published.

one × 1 =