အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ ပိုပိုကိုအရမ်းလွမ်းနေကြောင်းပြောပြရင်း ပိုပိုရဲ့သီချင်းကောင်းလေးတစ်ပုဒ်ကိုဆိုပြလာတဲ့ ချယ်ရီသင်း ရဲ့ ဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ….ဂီတလောကမှာ အချစ်သီချင်းကောင်းလေးတွေကို သီဆိုတတ်ပြီး ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာကိုအပြည့်အဝရရျိထားတဲ့

တေးသံရှင်ကတော့ ချယ်ရီသင်းပဲဖြစ်ပါတယ်နော်..။ချယ်ရီသင်းက လတ်တလော ဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ

တရားမျှတတဲ့ ဒီမိုကရေစီပြန်လည်းရရှိဖို့အတွက် ကြိုးပမ်းနေတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

ချယ်ရီသင်းက နွေဦးတော်လှန်ရေးမှာ ပါဝင်ရင်း ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် အလှူငွေများကိုလည်း

သူမတတ်နိုင်သလောက်ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလည်း တွေ့ခဲ့ရ ပါသေးတယ်နော်..။အခုတစ်ခါမှာဆိုရင်လည်းချယ်ရီသင်းကလူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ရင်

း ဖမ်းဆီးခံလိုက်ရတဲ့ အမရင်းတစ်ယောက်လိုချစ်ရခင်ရတဲ့ တေးသံရှင်ပိုပိုကို အရမ်း သတိရပြီး အရမ်းလွမ်းနေတဲ့

အကြောင်းပိုပိုရဲ့သီချင်းတစ်ပုဒ်ကိုဆိုပြရင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒါကတော့ “လွမ်းတယ်မမ😥ဒီသီချင်းလေးနဲ့မမကိုပိုကြိုက်ခဲ့တာလို့ပြောတုန်းကငါ့ညီမပြန် ဆိုပါလားတဲ့အဲ့သီချင်းလေးနားထောင်တိုင်းမျက်ရည်ကအလိုလိုကျလာခဲ့တာပြောတော့နင်ကဘဲလည်းမရှိပဲနဲ့

ဟဟဟဆိုအားရပါးရရယ်တာလေးလွမ်းတယ်နေကောင်းရဲ့ လားမမရယ်😥 ချယ်ရီ သင်း” ဆိုပြီး သူမအရမ်းကြိုက်တဲ့ပိုပိုရဲ”့မေ့နေပြီလား”ဆိုတဲ့သီချင်းလေးကို ဆိုပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

ဖမ်းဆီးထိန်သိမ်းခံထားရတဲ့ ပိုပိုလည်းအမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Cherry Thin FB Account

Add a Comment

Your email address will not be published.

one × 2 =