သင္ ဒီစာေလး ဖတ္ၿပီးရင္ မင္းကြတ္သီး အခြံကို ဘယ္ေတာ့မွ လႊင့္ပစ္ေတာ့မွာ မဟုတ္ဘူး

သင္ ဒီစာေလး ဖတ္ၿပီးရင္ မင္းကြတ္သီး အခြံကို ဘယ္ေတာ့မွ လႊင့္ပစ္ေတာ့မွာ မဟုတ္ဘူး

မင္းကြတ္သီးက အသုံးဝင္သလို မင္းကြတ္သီးရဲ႕ အခြံကလည္း မ်ားစြာ အသုံး ဝင္လွပါတယ္။ အမ်ားစုက မင္းကြတ္သီး အခြံကို က်န္းမာေရးအတြက္ ေဆးဝါးအျဖစ္ အသုံးျပဳၾကပါတယ္။

ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါအတြက္ မင္းကြတ္သီး အခြံကို တစ္ည ေရစိမ္ၿပီး ထို အရည္ အား ေသာက္သုံးျခင္းျဖင့္ သက္သာ ေပ်ာက္ကင္း ေစႏိုင္ပါတယ္။

မင္းကြတ္သီးအခြံကို ပါးပါးလွီးၿပီး အေျခာက္ခံကာ လက္ဖက္ေျခာက္အျဖစ္ အသုံးျပဳ ရင္လည္း ဆီးေရာဂါကို သက္သာေပ်ာက္ကင္းေစပါတယ္။

ခႏၶာကိုယ္ အေရျပားေပၚတြင္ အနီ အစက္အေျပာက္မ်ား၊ အေရျပားေရာဂါမ်ား အတြက္လည္း မင္းကြတ္သီးအခြံကို လိမ္းေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။

မင္းကြတ္သီးရဲ႕ အခြံကို ဘယ္လို ေနရာေတြမွာ အက်ိဳးရွိေအာင္ အသုံးခ်ရမလဲ ဆိုတာ သိရွိၿပီး မင္းကြတ္သီး စားျဖစ္တဲ့အခါ အခြံေတြကို လႊင့္ပစ္စရာ မလိုေတာ့ဘူးေပါ့။

မင္းကြတ္သီးအခြံကို ေန႔လွန္း၍ သိမ္းထား ၿပီးေနာက္ ဝမ္းကိုက္ေရာဂါအတြက္ ေဆးအျဖစ္ ျပဳတ္ေသာက္ႏိုင္ပါတယ္။ ထိုေၾကာင့္ မင္းကြတ္သီးအခြံကို ေနလွန္း၍ သိမ္းဆည္းထားတတ္ၾကသည္။

မီးယပ္ေသြး လြန္ေရာဂါ၊ မီးယပ္ျဖဴဆင္းတဲ့ ေရာဂါမ်ားအတြက္ မင္းကြတ္သီးခြံ ျပဳတ္ရည္ကို လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ တစ္ေန႔ ေလးႀကိမ္ ေသာက္ေပးႏိုင္ပါတယ္။

သြားႏွင့္ ခံတြင္းဆိုင္ရာ ေရာဂါမ်ားအတြက္ မင္းကြတ္သီးခြံ ကို တမာ၊ မာလကာေခါက္၊ ေလးညႇင္းပြင့္တို႔နဲ႔ ေရာစပ္ က်ိဳခ်က္ၿပီး မၾကာခဏ ငုံေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါတယ္။

အနာေပါက္ေရာဂါမ်ားအေနနဲ႔ မင္း ကြတ္သီးခြံ ျပဳတ္ရည္ ကို ဖန္ေဆးရည္အျဖစ္ အသုံးျပဳႏိုင္ပါမယ္။

လိပ္ေခါင္းသမားေတြအေနနဲ႔ မင္းကြတ္သီးခြံ ျပဳတ္ရည္ကို ေက်ာက္ခ်ဥ္ အနည္းငယ္ထည့္ ၿပီး ဖန္ထိုင္ေပးျခင္းျဖစ္လည္း သက္သာေစပါတယ္။

ေပြး ၊ဝဲ၊ ဝက္ၿခံ၊ ေနေလာင္ကြက္၊ အင္ပ်ဥ္ ေတြအတြက္လည္း မင္းကြတ္သီးခြံကို သနပ္ခါးနဲ႔ေရာေသြးၿပီး လိမ္းေပးျခင္ျဖင့္ အသားအေရကို ႏူးညံ့စိုေျပေစမွာ ျဖစ္ပါတယ္။

မင္းကြတ္သီးခြံ ျပဳတ္ရည္က

ပင္ပန္းႏြမ္းနယ္မႈကို ခုခံကာကြယ္ေပးျခင္း။

အဖုအက်ိတ္ကင္ဆာေရာဂါေတြ ကိုလည္း ခုခံကာကြယ္ႏိုင္ေပးျခင္း။

အိုမင္းရင့္ေရာ္မႈကို ကာကြယ္ေစျခင္း။

ေသြးတိုးကိုလည္းက်ေစျခင္း။

ဓာတ္တိုးမႈကိုလည္း တိုက္ဖ်က္ေပးျခင္း။

ေသြးတြင္းသၾကားဓာတ္မ်ား ကိုလည္းေလ်ာ့က်ေစျခင္း။

အဝလြန္ျခင္းကို ကာကြယ္ေစၿပီး ကိုယ္အေလးခ်ိန္ကို က်ေစျခင္း။

ေသြးလႊတ္ေၾကာအတြင္း ခ်ိဳး(ဂ်ိဳး)မကပ္ေအာင္ ကာကြယ္ေပးျခင္း။

ႏွလုံးႏွင့္ဆက္စပ္သည့္ေရာဂါမ်ားမျဖစ္ေအာင္ ကာကြယ္ေပးျခင္း။

အ႐ိုးအဆစ္ေရာင္ ရမ္းနာက်င္မႈေပ်ာက္ ကင္းေစျခင္း၊ အ႐ိုးပြျခင္းမွ ကာကြယ္ေပးျခင္း၊

သြားဖုံးႏွင့္ခံတြင္းဆိုင္ရာ ေရာဂါ မ်ား ေပ်ာက္ကင္းေစျခင္း။

စတာေတြကိုလည္း အေထာက္ အကူ ျဖစ္ေစပါတယ္။

မင္းကြတ္သီး အခြံကို က်န္းမာေရး အတြက္ ေကာင္းမြန္စြာ အသုံးျပဳႏိုင္ဖို႔ မင္းကြတ္သီးကို စားၿပီး တဲ့အခါ မင္းကြတ္သီး ခြံကို ေရစင္ေအာင္ ေဆးၿပီး ေနပူမွာ ေျခာက္ေသြ႕ေအာင္ လွန္းပါ။

အခြံေျခာက္ေသြ႕သြားၿပီ ဆိုမွ သန႔္စင္ ေျခာက္ေသြ႕ေသာ ပလတ္စတစ္ဘူး (သို႔မဟုတ္) ဖန္ဘူးမွာထည့္ ၿပီး ေအး၍ ေျခာက္ေသြ႕တဲ့ ေနရာမွာ သိမ္းဆည္း ထားသင့္ ပါတယ္။

ေဆးဝါး အျဖစ္ အသုံးျပဳမယ့္ မင္းကြတ္သီးခြံမွာ မႈိစြဲေနတာ၊ နံေနတာ၊ ပိုး ထိုးေနတာ၊ တစ္ႏွစ္ထက္ ပိုၾကာေအာင္ သိမ္းဆည္းမိတာ ဆိုရင္ေတာ့ မင္းကြတ္သီးခြံ ကို ေဆး ဝါးအေနနဲ႔မသုံးစြဲသင့္ဘူး ဆိုတာကို သတိျပဳသင့္ ပါတယ္။

mangosteen peel

unicode

သင် ဒီစာေလး ဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာ မဟုတ်ဘူး

မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံး ဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။

ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည် အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြု ရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။

ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများ အတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မင်းကွတ်သီးရဲ့ အခွံကို ဘယ်လို နေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။

မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထား ပြီးနောက် ဝမ်းကိုက်ရောဂါအတွက် ဆေးအဖြစ် ပြုတ်သောက်နိုင်ပါတယ်။ ထိုကြောင့် မင်းကွတ်သီးအခွံကို နေလှန်း၍ သိမ်းဆည်းထားတတ်ကြသည်။

မီးယပ်သွေး လွန်ရောဂါ၊ မီးယပ်ဖြူဆင်းတဲ့ ရောဂါများအတွက် မင်းကွတ်သီးခွံ ပြုတ်ရည်ကို လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် တစ်နေ့ လေးကြိမ် သောက်ပေးနိုင်ပါတယ်။

သွားနှင့် ခံတွင်းဆိုင်ရာ ရောဂါများအတွက် မင်းကွတ်သီးခွံ ကို တမာ၊ မာလကာခေါက်၊ လေးညှင်းပွင့်တို့နဲ့ ရောစပ် ကျိုချက်ပြီး မကြာခဏ ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

အနာပေါက်ရောဂါများအနေနဲ့ မင်း ကွတ်သီးခွံ ပြုတ်ရည် ကို ဖန်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါမယ်။

လိပ်ခေါင်းသမားတွေအနေနဲ့ မင်းကွတ်သီးခွံ ပြုတ်ရည်ကို ကျောက်ချဉ် အနည်းငယ်ထည့် ပြီး ဖန်ထိုင်ပေးခြင်းဖြစ်လည်း သက်သာစေပါတယ်။

ပွေး ၊ဝဲ၊ ဝက်ခြံ၊ နေလောင်ကွက်၊ အင်ပျဉ် တွေအတွက်လည်း မင်းကွတ်သီးခွံကို သနပ်ခါးနဲ့ရောသွေးပြီး လိမ်းပေးခြင်ဖြင့် အသားအရေကို နူးညံ့စိုပြေစေမှာ ဖြစ်ပါတယ်။

မင်းကွတ်သီးခွံ ပြုတ်ရည်က

ပင်ပန်းနွမ်းနယ်မှုကို ခုခံကာကွယ်ပေးခြင်း။

အဖုအကျိတ်ကင်ဆာရောဂါတွေ ကိုလည်း ခုခံကာကွယ်နိုင်ပေးခြင်း။

အိုမင်းရင့်ရော်မှုကို ကာကွယ်စေခြင်း။

သွေးတိုးကိုလည်းကျစေခြင်း။

ဓာတ်တိုးမှုကိုလည်း တိုက်ဖျက်ပေးခြင်း။

သွေးတွင်းသကြားဓာတ်များ ကိုလည်းလျော့ကျစေခြင်း။

အဝလွန်ခြင်းကို ကာကွယ်စေပြီး ကိုယ်အလေးချိန်ကို ကျစေခြင်း။

သွေးလွှတ်ကြောအတွင်း ချိုး(ဂျိုး)မကပ်အောင် ကာကွယ်ပေးခြင်း။

နှလုံးနှင့်ဆက်စပ်သည့်ရောဂါများမဖြစ်အောင် ကာကွယ်ပေးခြင်း။

အရိုးအဆစ်ရောင် ရမ်းနာကျင်မှုပျောက် ကင်းစေခြင်း၊ အရိုးပွခြင်းမှ ကာကွယ်ပေးခြင်း၊

သွားဖုံးနှင့်ခံတွင်းဆိုင်ရာ ရောဂါ များ ပျောက်ကင်းစေခြင်း။

စတာတွေကိုလည်း အထောက် အကူ ဖြစ်စေပါတယ်။

မင်းကွတ်သီး အခွံကို ကျန်းမာရေး အတွက် ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ မင်းကွတ်သီးကို စားပြီး တဲ့အခါ မင်းကွတ်သီး ခွံကို ရေစင်အောင် ဆေးပြီး နေပူမှာ ခြောက်သွေ့အောင် လှန်းပါ။

အခွံခြောက်သွေ့သွားပြီ ဆိုမှ သန့်စင် ခြောက်သွေ့သော ပလတ်စတစ်ဘူး (သို့မဟုတ်) ဖန်ဘူးမှာထည့် ပြီး အေး၍ ခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်း ထားသင့် ပါတယ်။

ဆေးဝါး အဖြစ် အသုံးပြုမယ့် မင်းကွတ်သီးခွံမှာ မှိုစွဲနေတာ၊ နံနေတာ၊ ပိုး ထိုးနေတာ၊ တစ်နှစ်ထက် ပိုကြာအောင် သိမ်းဆည်းမိတာ ဆိုရင်တော့ မင်းကွတ်သီးခွံ ကို ဆေး ဝါးအနေနဲ့မသုံးစွဲသင့်ဘူး ဆိုတာကို သတိပြုသင့် ပါတယ်။

mangosteen peel