ဇူလိုင်လ(၈)ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ပရိသတ်တွေ ကိုအသိပေး လာခဲ့တဲ့ တိုင်ရွန်
|သရုပ်ဆောင် တိုင်ရွန် ကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူအမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် မကြာသေးခင် ရက်ပိုင်းလောက်က တိုင်ရွန်တစ်ယောက် ဖ+မ်း+ဆီး+ထိန်းသိမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တိုင်ရွန်ရဲ့သတင်းကို ကြားပြီး သူ့အတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်
ရက်ပိုင်းလောက် ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့ အကြောင်းကို ပရိသတ်တွေ စိတ်မပူကြစေ ဖို့ မကြာသေးခင် နာရီ ပိုင်းလောက်ကတိုင်ရွန်ရဲ့Facebook Story မှာတင်ထားတာ ဖြစ်ပါတယ်။ သူကလည်း ” ကျွန်တော် ပြန်လွတ်နေပါပြီ။ ဖ+မ်းခံရတာက July 8 ကပါ တင်လို့မရလို့သာ မတင်တာပါ ခင်ဗျာ။ အခု အားလုံးအဆင်ပြေသွားပါပြီ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ် ” ဆိုပြီး အသိပေးရေး သားထားတာ ဖြစ်ပါတယ်။အခက်အခဲတွေကြားက သူ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေကို ဂရုတစိုက်ရှိပေးတဲ့ တိုင်ရွန် ရဲ့ စိတ် ထား ကတော့ ချီး ကျူးစရာ ကောင်းလှပါတယ်။
ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်အချို့လည်း အကျဉ်းထောင် ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တာကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူများနဲ့ တိမ်းရှောင်နေကြရသူများ အားလုံး မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Tyron Bejay’s Facebook Account
zawgyi
သ႐ုပ္ေဆာင္ တိုင္႐ြန္ ကေတာ့ ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူအမွန္တရားဘက္မွ ရပ္တည္ေပးခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့အတြက္ မၾကာေသးခင္ ရက္ပိုင္းေလာက္က တိုင္႐ြန္တစ္ေယာက္ ဖ+မ္း+ဆီး+ထိန္းသိမ္း ခံခဲ့ရတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း တိုင္႐ြန္ရဲ႕သတင္းကို ၾကားၿပီး သူ႔အတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္
ရက္ပိုင္းေလာက္ ဖမ္းဆီးခံခဲ့ရေပမယ့္ ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္တဲ့ အေၾကာင္းကို ပရိသတ္ေတြ စိတ္မပူၾကေစ ဖို႔ မၾကာေသးခင္ နာရီ ပိုင္းေလာက္ကတိုင္႐ြန္ရဲ႕Facebook Story မွာတင္ထားတာ ျဖစ္ပါတယ္။ သူကလည္း ” ကြၽန္ေတာ္ ျပန္လြတ္ေနပါၿပီ။ ဖ+မ္းခံရတာက July 8 ကပါ တင္လို႔မရလို႔သာ မတင္တာပါ ခင္ဗ်ာ။ အခု အားလုံးအဆင္ေျပသြားပါၿပီ စိတ္ပူေပးၾကလို႔ ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး အသိေပးေရး သားထားတာ ျဖစ္ပါတယ္။အခက္အခဲေတြၾကားက သူ႔ကိုစိတ္ပူေနတဲ့ ပရိသတ္ေတြကို ဂ႐ုတစိုက္ရွိေပးတဲ့ တိုင္႐ြန္ ရဲ႕ စိတ္ ထား ကေတာ့ ခ်ီး က်ဴးစရာ ေကာင္းလွပါတယ္။
ဓမၼဘက္ကေန အခိုင္အမာရပ္တည္ခဲ့ၾကတဲ့ အႏုပညာရွင္အခ်ိဳ႕လည္း အက်ဥ္းေထာင္ ထဲတြင္ ဖမ္းဆီးထိန္းသိမ္းခံေနရဆဲ ျဖစ္တာေၾကာင့္ အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ဖို႔ ပရိသတ္ေတြက ဆုေတာင္းေမတၱာပို႔သေပးေနၾကတာျဖစ္ပါတယ္။ ဖမ္းဆီးခံထားရသူမ်ားနဲ႔ တိမ္းေရွာင္ေနၾကရသူမ်ား အားလုံး မိသားစုဝင္မ်ားနဲ႔ အျမန္ဆုံး ျပန္လည္ ဆုံဆည္းႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Tyron Bejay’s Facebook Account