PPE ဝတ်ဆင်ပြီး အောက်ဆီဂျင် လိုအပ်နေတဲ့ လူနာရဲ့ အိမ်တွေကို အောက်ဆီဂျင်လိုက် ဖြည့်ပေးခဲ့တဲ့ အဆိုတော် G fatt

ပရိသတ်ကြီးရေ g fatt ကတော့ လူငယ်ယောကျာ်းလေးတွေနဲ့ လူငယ်မိန်းကလေးတွေ ရဲ့ အသည်းကို ချုပ်ကိုင်ထားသူကြီးပါနော် သူရဲ့ သီချင်း အေးအေးတွေ သီချင်းမြူးမြူးတွေဟာ ဆိုရင် ပရိသတ်ရဲ့ အကြိုက်မတွေ့ဘူးဆိုတာ မရှိသလောက်ကို ရှားခဲ့ပါတယ်

လက်တွေ့ကျကျ ခံစားချက်အစစ်အမှန်နဲ့ ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့အတွက်ကြောင့် ပရိသတ်အင်အား တောင့်တင်း နေတာ ပဲဖြစ်ပါတယ်ဒါ့အပြင် နွေဦးတော်လှန်ရေး မှာလည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်

လူနာတွေဆီကို ကိုယ်တိုင်ကိုယ်ကျ အောက်ဆီဂျင်လိုက်ဖြည့်ပေးနေတဲ့ စေတနာဝန်ထမ်းလေး ဖြစ်နေပါပြီဒါကြောင့်လဲ သူရဲ့ပရိသတ်တွေ ဟာ အားပးရကျိုးနပ်တယ် စိတ်ထားကောင်းတယ် ဆိုပြီး G fatt ကိုချီးကျူးနေကြတာပဲ ဖြစ်ပါတယ် ကျွန်တော်တို့ ပေါ်ပင်ဇုံကလဲ ကို G fatt အပါအဝင် တခြားသော စေတနာ့ ဝန်တမ်း ညီအကိုမောင်မယ်များနှင့် ပရဟိတအကျိုးဆောင်များ ကို ကျေးဇူးအထူးတင်ရှိကာ ကျန်းမာစေဖို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ

crd

zawgyi




Add a Comment

Your email address will not be published.

13 − five =