ဗိုင္းရပ္စ္ ကူးစက္မႈ ျဖစ္ပြားေန သည့္ ဖိလစ္ပိုင္ တြင္ မုန္တိုင္းဝင္ေရာက္ မႈေၾကာင့္ ေဘးကင္းရာ သို႔ ေ႐ႊ႕ေျပာင္းမႈတြင္ ရႈပ္ေထြးၿပီး အႏၲရာယ္ရွိေန

အင္အားေကာင္းသည့္ တိုင္ဖြန္းမုန္တိုင္း သည္ ေမ ၁၄ ရက္တြင္ ဖိလစ္ပိုင္ အလယ္ပိုင္းသို႔ ဝင္ေရာက္ခဲ့မႈေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ ျဖစ္ပြားေနစဥ္အတြင္း ေနအိမ္တြင္ ေနထိုင္ေနရသည့္ ေထာင္ႏွင့္ခ်ီေသာ လူမ်ားအား ေ႐ႊ႕ေျပာင္းရာတြင္ ရႈပ္ေထြးၿပီး အႏၲရာယ္ရွိ ခဲ့သည္။

မုန္တိုင္းဝင္ေရာက္ ခဲ့သည့္ ျပည္နယ္အနီးရွိ ကမ္း႐ိုးတန္းေဒသမ်ား (သို႔မဟုတ္) ခေနာ္နီခေနာ္နဲ႔ ေနအိမ္မ်ားတြင္ ေနထိုင္သူ ၂၀၀၀၀၀ ထက္မနည္းရွိသည္။ Vongfong အမည္ရ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေျမၿပိဳမႈ၊ ေလျပင္းမ်ားတိုက္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းျခင္းမ်ား ျဖစ္ေပၚခဲ့သည္။မုန္တိုင္းလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ေနထိုင္သူ သန္းႏွင့္ခ်ီရွိေၾကာင္း ယင္းမုန္တိုင္းသည္ လူထူထပ္သည့္ ၿမိဳ႕ေတာ္ မနီလာအနီးသို႔ ဝင္ေရာက္ႏိုင္ေျခရွိေၾကာင္းလည္း ခန႔္မွန္းထားသည္။

မုန္တိုင္းႏွင့္ ဗိုင္းရပ္စ္ တို႔၏ ဒြန္တြဲၿခိမ္းေျခာက္မႈေၾကာင့္ ဖိလစ္ပိုင္အလယ္ပိုင္းရွိ ကယ္ဆယ္ေရးစင္တာမ်ားတြင္ လက္ခံႏိုင္သည့္ ပမာဏ၏ ထက္ဝက္ကိုသာ ထားရွိမည္ျဖစ္ၿပီး ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းလာသူမ်ားသည္ ႏွာေခါင္းစည္းမ်ား ဝတ္ဆင္ထားရမည္ျဖစ္သည္။

ေဘးလြတ္ရာသို႔ ေျပာင္းေ႐ႊ႕ေပးရမည့္ သူအေရအတြက္ မ်ားျပားၿပီး ေနရာအကန႔္အသတ္တို႔ေၾကာင့္ ႏိုင္ငံအလယ္ပိုင္းရွိ ႀကီးမားသည့္ ခရစ္ယာန္ဘုရားေက်ာင္း ၄၇ ေက်ာင္းတြင္ တိုင္ဖြန္းမုန္တိုင္းေဘးအႏၲရာယ္ ေရွာင္လာသူမ်ားကို လက္ခံထားရွိေပးရန္ အာဏာပိုင္မ်ားက ေတာင္းဆိုခဲ့သည္။

ေဘးကင္းရာေ႐ႊ႕ေျပာင္းေပးမယ့္ ေနရာေတြ တိုးခ်ဲ႕မႈမွာ ခရစ္ယာန္ ဘုရားေက်ာင္းေတြ ပါလာမွာျဖစ္လို႔ ကြၽန္ေတာ္တို႔ ေက်ာ္လႊားႏိုင္မွာပါ” ဟု အလယ္ပိုင္းျပည္နယ္ Albay သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲ ေရးအႀကီးအကဲ Cedric Daep က ေျပာၾကား ခဲ့သည္။

Vongfong သည္ တစ္နာရီလွ်င္ ေလတိုက္ႏႈန္း ၁၉၀ ကီလိုမီတာ ( မိုင္ ၁၂၀) ႏႈန္းျဖင့္ ဝင္ေရာက္ခဲ့ၿပီး မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ ေရႀကီးမႈႏွင့္ ေျမၿပိဳမႈမ်ားျဖစ္လာ ႏိုင္ေျခရွိသည္ဟု မိုးေလဝသဌာနက ထုတ္ျပန္ခဲ့သည္။

မုန္တိုင္းလမ္းေၾကာင္းရွိ ေဒသမ်ားသည္ ဗိုင္းရပ္စ္ေျခခ်ဳပ္ ထားရွိမႈ တစ္ေျပးညီ မဟုတ္ဘဲ ယခုခ်ိန္အထိ လူမ်ားစုသည္ ဗိုင္းရပ္စ္ကူးစက္မခံရေအာင္ ေနအိမ္မ်ားတြင္ ေနထိုင္ေနၾကသည္။ ဖိလစ္ပိုင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၇၇၂ ဦးေသဆုံးၿပီး ၁၁၆၁၈ ဦး ဗိုင္းရပ္စ္ကူးစက္ခံထားရေသာ္လည္း အကန႔္အသတ္ျဖင့္ စစ္ေဆးမႈေၾကာင့္ ကူးစက္မႈအေရအတြက္ ျမင့္တက္လာမည္ဟု သုံးသပ္ထားသည္။မုန္တိုင္းမ်ားသည္ ေဘးအႏၲရာယ္ က်ေရာက္သည့္ ေဒသမ်ားရွိ သန္းႏွင့္ခ်ီေသာ ဖိလစ္ပိုင္ႏိုင္ငံသားမ်ားကို အေတာမသတ္ေသာ ဆင္းရဲမြဲေတမႈႏွင့္ ျပန္လည္တည္ေဆာက္မႈ သံသရာ လည္သည့္ အေျခအေနကို ျဖစ္ေပၚေစခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာအေစာပိုင္းတြင္ ဖိလစ္ပိုင္သို႔ ဝင္ေရာက္ ခဲ့သည့္ တိုင္ဖြန္းမုန္တိုင္း Kammuri ေၾကာင့္ ေနအိမ္ ၄၈၄၀၀၀ ပ်က္စီးခဲ့ၿပီး လူတစ္သန္းေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရေၾကာင္း လူမႈဖူလုံေရး ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

မနီလာအေျခစိုက္ အာရွဖြံ႕ၿဖိဳးတိုးတက္ေရးဘဏ္က ၂၀၁၉ ခုႏွစ္ ဇူလိုင္တြင္ ေလ့လာခဲ့သည့္ စစ္တမ္းအရ မုန္တိုင္းမၾကာခဏ ဝင္ေရာက္မႈေၾကာင့္ ဖိလစ္ပိုင္၏ စီးပြားေရးတစ္ရာခိုင္ႏႈန္း ေလ်ာ့က်ၿပီး အားေကာင္းေသာ မုန္တိုင္း မ်ားေၾကာင့္ စီးပြားေရးထုတ္လုပ္မႈပမာဏ သုံးရာခိုင္ႏႈန္းခန႔္ ေလ်ာ့က်ေၾကာင္း ေဖာ္ျပခဲ့သည္။ဖိလစ္ပိုင္၏ လူေသဆုံးမႈ အမ်ားဆုံး ဆိုင္ကလုန္းမုန္တိုင္းအျဖစ္ စံခ်ိန္တင္ခဲ့သည့္ ၂၀၁၃ ခုႏွစ္က ဝင္ေရာက္ခဲ့သည့္ စူပါတိုင္ ဖြန္းမုန္တိုင္း Haiyan ေၾကာင့္ လူ ၇၃၀၀ ေက်ာ္ေသဆုံး (သို႔မဟုတ္) ေပ်ာက္ဆုံးခဲ့သည္။

crd : panpyoelat

unicode

အင်အားကောင်းသည့် တိုင်ဖွန်းမုန်တိုင်း သည် မေ ၁၄ ရက်တွင် ဖိလစ်ပိုင် အလယ်ပိုင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ကပ် ဖြစ်ပွားနေစဉ်အတွင်း နေအိမ်တွင် နေထိုင်နေရသည့် ထောင်နှင့်ချီသော လူများအား ရွှေ့ပြောင်းရာတွင် ရှုပ်ထွေးပြီး အန္တရာယ်ရှိ ခဲ့သည်။

မုန်တိုင်းဝင်ရောက် ခဲ့သည့် ပြည်နယ်အနီးရှိ ကမ်းရိုးတန်းဒေသများ (သို့မဟုတ်) ခနော်နီခနော်နဲ့ နေအိမ်များတွင် နေထိုင်သူ ၂၀၀၀၀၀ ထက်မနည်းရှိသည်။ Vongfong အမည်ရ တိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုမှု၊ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။မုန်တိုင်းလမ်းကြောင်းတစ်လျှောက်တွင် နေထိုင်သူ သန်းနှင့်ချီရှိကြောင်း ယင်းမုန်တိုင်းသည် လူထူထပ်သည့် မြို့တော် မနီလာအနီးသို့ ဝင်ရောက်နိုင်ခြေရှိကြောင်းလည်း ခန့်မှန်းထားသည်။

မုန်တိုင်းနှင့် ဗိုင်းရပ်စ် တို့၏ ဒွန်တွဲခြိမ်းခြောက်မှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်းရှိ ကယ်ဆယ်ရေးစင်တာများတွင် လက်ခံနိုင်သည့် ပမာဏ၏ ထက်ဝက်ကိုသာ ထားရှိမည်ဖြစ်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလာသူများသည် နှာခေါင်းစည်းများ ဝတ်ဆင်ထားရမည်ဖြစ်သည်။

ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရမည့် သူအရေအတွက် များပြားပြီး နေရာအကန့်အသတ်တို့ကြောင့် နိုင်ငံအလယ်ပိုင်းရှိ ကြီးမားသည့် ခရစ်ယာန်ဘုရားကျောင်း ၄၇ ကျောင်းတွင် တိုင်ဖွန်းမုန်တိုင်းဘေးအန္တရာယ် ရှောင်လာသူများကို လက်ခံထားရှိပေးရန် အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ဘေးကင်းရာရွှေ့ပြောင်းပေးမယ့် နေရာတွေ တိုးချဲ့မှုမှာ ခရစ်ယာန် ဘုရားကျောင်းတွေ ပါလာမှာဖြစ်လို့ ကျွန်တော်တို့ ကျော်လွှားနိုင်မှာပါ” ဟု အလယ်ပိုင်းပြည်နယ် Albay သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ ရေးအကြီးအကဲ Cedric Daep က ပြောကြား ခဲ့သည်။

Vongfong သည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၉၀ ကီလိုမီတာ ( မိုင် ၁၂၀) နှုန်းဖြင့် ဝင်ရောက်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်လာ နိုင်ခြေရှိသည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းလမ်းကြောင်းရှိ ဒေသများသည် ဗိုင်းရပ်စ်ခြေချုပ် ထားရှိမှု တစ်ပြေးညီ မဟုတ်ဘဲ ယခုချိန်အထိ လူများစုသည် ဗိုင်းရပ်စ်ကူးစက်မခံရအောင် နေအိမ်များတွင် နေထိုင်နေကြသည်။ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၇၇၂ ဦးသေဆုံးပြီး ၁၁၆၁၈ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း အကန့်အသတ်ဖြင့် စစ်ဆေးမှုကြောင့် ကူးစက်မှုအရေအတွက် မြင့်တက်လာမည်ဟု သုံးသပ်ထားသည်။မုန်တိုင်းများသည် ဘေးအန္တရာယ် ကျရောက်သည့် ဒေသများရှိ သန်းနှင့်ချီသော ဖိလစ်ပိုင်နိုင်ငံသားများကို အတောမသတ်သော ဆင်းရဲမွဲတေမှုနှင့် ပြန်လည်တည်ဆောက်မှု သံသရာ လည်သည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအစောပိုင်းတွင် ဖိလစ်ပိုင်သို့ ဝင်ရောက် ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း Kammuri ကြောင့် နေအိမ် ၄၈၄၀၀၀ ပျက်စီးခဲ့ပြီး လူတစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ၂၀၁၉ ခုနှစ် ဇူလိုင်တွင် လေ့လာခဲ့သည့် စစ်တမ်းအရ မုန်တိုင်းမကြာခဏ ဝင်ရောက်မှုကြောင့် ဖိလစ်ပိုင်၏ စီးပွားရေးတစ်ရာခိုင်နှုန်း လျော့ကျပြီး အားကောင်းသော မုန်တိုင်း များကြောင့် စီးပွားရေးထုတ်လုပ်မှုပမာဏ သုံးရာခိုင်နှုန်းခန့် လျော့ကျကြောင်း ဖော်ပြခဲ့သည်။ဖိလစ်ပိုင်၏ လူသေဆုံးမှု အများဆုံး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စံချိန်တင်ခဲ့သည့် ၂၀၁၃ ခုနှစ်က ဝင်ရောက်ခဲ့သည့် စူပါတိုင် ဖွန်းမုန်တိုင်း Haiyan ကြောင့် လူ ၇၃၀၀ ကျော်သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

twenty − nineteen =