အရင်ကချစ်သူဟောင်း ကို သူမအနား မှာရှိ ခဲ့စဉ်တုန်းက တန်ဖိုးမထားဂရုမစိုက်မိလို့ နောင်တတွေ များစွားနဲ့လွမ်းဆွတ်နေကြောင်း ဆိုလာတဲ့ သံစဉ်မောင်
|ပရိသတ်ကြီးရေ မနေ့ညက သတင်းထောက် မရတ်ကျော်သူရဲ့ အချစ်ရေးပြသနာကို live လွှင့်ရှင်း တဲ့ အကြောင်းဟာ အွန်လိုင်းပေါ်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်နော်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာမိန်းကလေးအများစုက သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟ ရေးသားလာကြ ပါတယ်နော်။
သရုပ်ဆောင် သံစဉ်မောင်ကလည်း လွန်ခဲ့တဲ့ နှစ်တွေက သူမအပေါ်ကောင်းခဲ့တဲ့ ရည်းစားဟောင်းကို သတိရ နေကြောင်း ရေးသားလာခဲ့ပါတယ်နော်။ ရည်းစားဟောင်းနာမည်ကိုတော့ တိတိကျကျပြောထားခြင်း မရှိဘဲ အချိန်တွေ လွန်သွားမှ နောင်တရနေကြောင်း ရေးထားပါတယ်နော်။ ” သတိရလားမေးရင် ကိုယ့်အပေါ်ဘဝမှာ အရမ်းကောင်းပေးခဲ့သူ ဘယ်တော့မှ မမေ့ပါဘူး။ သူ့လိုလူမျိုး နောက်တစ်ယောက်လည်း ရှိလာမှာ မဟုတ်တော့ဘူး။အနားမှာရှိတုန်းက တန်ဖိုးနားမလည်ခဲ့ဘူး အခုလည်း တိုက်ဆိုင်မှုရှိရင် သတိရပါတယ်။ Mg အပေါ် အစစအရာရာစေတနာ မေတ္တာထားပေးပြီး ချစ်ပေး ခဲ့တာ ကျေးဇူးအများကြီး တင်ပါတယ်။ “
” တမ်းတရမှာပေါ့ ဘဝမှာ Good Memories တွေ အများကြီးရှိဖူးခဲ့သူမို့ သတိရတဲ့ အကြောင်းအရင်း ဆိုတာကလည်း oversea ခရီးတွေ အတူသွား ဘဝမှာ အမှတ်တရအများကြီးရှိခဲ့ဖူးသူမို့ အခုလည်းရmemories တွေ ပြန်တက်လာလို့ပါ အမေတောင် ပြောခဲ့ဖူးတယ် နင်ဒီလိုလူမျိုး ထမင်းထုပ်သိုးတောင်ရှာမတွေ့ဘူးတဲ့ တကယ်လည်း မတွေ့တော့ပါဘူး လူကောင်းတစ်ယောက်ကိုတော့ အမြဲရင်ထဲရှိနေမှာပါ” လို့ ရေးထားတာကို ဝေမျှပေးလိုက်ပါတယ် ပရိသတ်ကြီးရေ….
Credit ; CeleLucky
zawgyi
Credit ; CeleLucky