ခင္ပြန္းျဖစ္သူရဲ႕ စိတ္ေဝဒနာကို အထူးဆန္းဆုံး နည္းလမ္း နဲ႔ ကုသေပး ခဲ့တဲ့ ဇနီးသည္ (႐ုပ္သံ)

ခင္ပြန္းျဖစ္သူရဲ႕ စိတ္ေဝဒနာကို အထူးဆန္းဆုံး နည္းလမ္း နဲ႔ ကုသေပး ခဲ့တဲ့ ဇနီးသည္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ Rui An ၿမိဳ႕ငယ္ေလးမွာေနထိုင္တဲ့ Peng Xiao Ying အမည္ ရွိတဲ့ အသက္ 45 ႏွစ္အ႐ြယ္အမ်ိဳးသမီး ႏွင့္ သူမရဲ႕ ခင္ပြန္းျဖစ္သူ အသက္ 49 ႏွစ္အ႐ြယ္ Fan De Duo တို႔ဟာ ၎တို႔ရဲ႕ဆန္းသစ္လြန္းတဲ့ ကကြက္ေတြေၾကာင့္ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္ရွိပါတယ္ ။ အဆိုပါ လင္မယားဟာ Covid -19 ကူးစက္ပ်ံ႕ႏွံ႔မႈမ်ားျဖစ္ပြားေနခ်ိန္ ၎တို႔ရဲ႕ ကကြက္ video ကို social media ေပၚေဝမွ်ခဲ့တာေၾကာင့္ ခ်စ္ဖို႔ေကာင္းၿပီးရယ္ေမာစရာေကာင္းလြန္းတဲ့ ၎တို႔ကကြက္ဟာ လူအမ်ားစု ကို စိတ္ေပ်ာ္႐ႊင္မႈေပးေစခဲ့ပါတယ္ ။ အဆိုပါ ကကြက္ေလးေတြျဖစ္ေပၚ လာေစခဲ့တဲ့ ေနာက္ခံဝမ္းနည္းဖြယ္ေကာင္းတဲ့အျဖစ္အပ်က္ေလး တစ္ခုရွိခဲ့ပါတယ္ ။

အဲတာကေတာ့ ခင္ပြန္းျဖစ္သူဟာ ဆိုးဝါးလြန္းတဲ့ ယာဥ္မေတာ္တဆမႈတစ္ခုျဖစ္ခဲ့ဖူးၿပီးေနာက္ပိုင္း ျပင္းထန္တဲ့နာတာရွည္စိတ္ေဝဒနာကို ခံစားခဲ့ရပါတယ္ ။ အဆိုပါ စိတ္ေဝဒနာေၾကာင့္ အလြယ္တကူစိတ္လႈပ္ရွားၿပီး ေဒါသထြက္ေလ့ရွိကာ ညဖက္အိပ္မရတဲ့ေဝဒနာကိုပါ ထပ္ၿပီးခံစားခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါ လင္မယားဟာ စီးပြားေရးအလုပ္ရပ္နားၿပီး ႐ြာမွာသာအေျခခ်ေနထိုင္ဖို႔ Rui An ၿမိဳ႕ငယ္ေလး ဆီသို႔ျပန္လာခဲ့ၾကတာျဖစ္ပါတယ္ ။

ခင္ပြန္းျဖစ္သူ၏စိတ္အေျခအေန တိုးတက္လာေအာင္ ဇနီးျဖစ္သူက သူမနဲ႔အတူ ကဖို႔ဆြဲေခၚရင္း ယခုခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူဟာ အကနဲ႔ ေရာဂါေဝဒနာကို ကုသႏိုင္ခဲ့ၿပီျဖစ္ပါတယ္ ။ ဇနီးသည္ျဖစ္သူက ခင္ပြန္းအတြက္ အေကာင္းဖက္ျမင္တတ္ ၊ ေတြးေခၚတတ္တဲ့ အရာေတြကိုယူေဆာင္ေပးၿပီး ၊ ခင္ပြန္းျဖစ္ သူကို ၿငိဳျငင္ျခင္းမရွိတဲ့အျပင္ အရာ အားလုံးစြန႔္လြတ္ၿပီး ခင္ပြန္းကိုသာေ႐ႊးခ်ယ္ခဲ့ေသာေၾကာင့္ ” သူမက ကြၽန္ေတာ့္ရဲ႕ အလင္းတန္းပါပဲ ၊ ကြၽန္ေတာ္က သူ႔ရဲ႕အရိပ္ေလးပါ ” ဆိုၿပီး ခင္ပြန္းျဖစ္သူက သူ႔ရဲ႕အခ်စ္ကို ဇနီးသည္ေလးအား ဖြင့္ဟခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

unicode

ခင်ပွန်းဖြစ်သူရဲ့ စိတ်ဝေဒနာကို အထူးဆန်းဆုံး နည်းလမ်း နဲ့ ကုသပေး ခဲ့တဲ့ ဇနီးသည် (ရုပ်သံ)

တရုတ်နိုင်ငံ Rui An မြို့ငယ်လေးမှာနေထိုင်တဲ့ Peng Xiao Ying အမည် ရှိတဲ့ အသက် 45 နှစ်အရွယ်အမျိုးသမီး နှင့် သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် 49 နှစ်အရွယ် Fan De Duo တို့ဟာ ၎င်းတို့ရဲ့ဆန်းသစ်လွန်းတဲ့ ကကွက်တွေကြောင့် social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ လင်မယားဟာ Covid -19 ကူးစက်ပျံ့နှံ့မှုများဖြစ်ပွားနေချိန် ၎င်းတို့ရဲ့ ကကွက် video ကို social media ပေါ်ဝေမျှခဲ့တာကြောင့် ချစ်ဖို့ကောင်းပြီးရယ်မောစရာကောင်းလွန်းတဲ့ ၎င်းတို့ကကွက်ဟာ လူအများစုကို စိတ်ပျော်ရွှင်မှုပေးစေခဲ့ပါတယ် ။ အဆိုပါ ကကွက်လေးတွေဖြစ်ပေါ် လာစေခဲ့တဲ့ နောက်ခံဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်လေး တစ်ခုရှိခဲ့ပါတယ် ။

အဲတာကတော့ ခင်ပွန်းဖြစ်သူဟာ ဆိုးဝါးလွန်းတဲ့ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ခဲ့ဖူးပြီးနောက်ပိုင်း ပြင်းထန်တဲ့နာတာရှည်စိတ်ဝေဒနာကို ခံစားခဲ့ရပါတယ် ။ အဆိုပါ စိတ်ဝေဒနာကြောင့် အလွယ်တကူစိတ်လှုပ်ရှားပြီး ဒေါသထွက်လေ့ရှိကာ ညဖက်အိပ်မရတဲ့ဝေဒနာကိုပါ ထပ်ပြီးခံစားခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါ လင်မယားဟာ စီးပွားရေးအလုပ်ရပ်နားပြီး ရွာမှာသာအခြေချနေထိုင်ဖို့ Rui An မြို့ငယ်လေး ဆီသို့ပြန်လာခဲ့ကြတာဖြစ်ပါတယ် ။

ခင်ပွန်းဖြစ်သူ၏စိတ်အခြေအနေ တိုးတက်လာအောင် ဇနီးဖြစ်သူက သူမနဲ့အတူ ကဖို့ဆွဲခေါ်ရင်း ယခုချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ အကနဲ့ ရောဂါဝေဒနာကို ကုသနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဇနီးသည်ဖြစ်သူက ခင်ပွန်းအတွက် အကောင်းဖက်မြင်တတ် ၊ တွေးခေါ်တတ်တဲ့ အရာတွေကိုယူဆောင်ပေးပြီး ၊ ခင်ပွန်းဖြစ် သူကို ငြိုငြင်ခြင်းမရှိတဲ့အပြင် အရာ အားလုံးစွန့်လွတ်ပြီး ခင်ပွန်းကိုသာရွှေးချယ်ခဲ့သောကြောင့် ” သူမက ကျွန်တော့်ရဲ့ အလင်းတန်းပါပဲ ၊ ကျွန်တော်က သူ့ရဲ့အရိပ်လေးပါ ” ဆိုပြီး ခင်ပွန်းဖြစ်သူက သူ့ရဲ့အချစ်ကို ဇနီးသည်လေးအား ဖွင့်ဟခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz