“ဒို့လယ်ဝေး” ပရဟိတလူငယ်များအသင်းကို အောက်စီဂျင် အတွက် အလှူငွေကျပ်သိန်း (၅၀)ပါဝင် လှူဒါန်းခဲ့တဲ့ မင်းသားဇေရဲထက်

သရုပ်ဆောင်ဇေရဲထက်ကတော့ ကျရာဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်၊ ချောမောလွန်းတာကြောင့်မိန်ကလေးပရိတ်သတ်များရဲ့အသည်းစွဲမင်းသား အဖြစ်နဲ့လဲအောင်မြင်မှုတွေရရှိထားတဲ့သူလဲဖြစ်ပါတယ်၊ဇေရဲထက်က အလှူအတန်းတွေမှာလဲသူတတ်နိုင်သလောက်ပါဝင်ကူညီ လှူဒါန်းပေးနေပါတယ်။

ယခုတစ်ခါမှာလဲလက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီး နဲ့ပတ်သတ်ပြီးတော့လဲမြန်မာနိုင်ငံနေရာတော်တော်များများတွေမှာ ကူးစက်ပျံ့ပွားလျက်ရှိပါတယ်။ ဒီရောဂါကြီးကြောင့်အောက်ဆီဂျင်တွေ မလုံလောက်မှုတွေရှိနေရတဲ့အတွက်အသက်ဆုံးရှုံးခဲ့ရသူတွေလဲ မျာစွာရှိနေပါတယ်၊အနုပညာရှင်များ အပြင်တတ်နိုင်တဲ့ ပြည်သူများကလဲ အလှူရှင်များနဲ့ပူးပေါင်းပြီးအောက်ဆီဂျင် ရရှိဖို့ကိုဝိုင်းဝန်း ကူညီလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဇေရဲထက်ဟာ ဆိုရင်လဲဒို့လယ်ဝေးပရဟတိ လူငယ်များအသင်းကို အောင်ဆီဂျင်အတွက်အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းကြောင်းကိုရေးသားဖော်ပြထားပါသေးတယ်၊ပြည်သူများ အားလုံးလဲရောဂါကပ်ဆိုးကြီးမှအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit

zawgyi




Credit

Add a Comment

Your email address will not be published.

ten + 18 =