unicode
အခု တလော လူမှု့ကွန်ယက် မှာ ခေတ်စားနေ တဲ့ Face App သုံး ရင် ကိုယ့်ဆီက ဘာတွေ ပါသွားလဲ..?
FaceApp သုံးရင် ကိုယ့်ဆီက ဘာတွေ ပါသွားလဲ ? ?
ပထမဆုံး သူက သင့်ရဲ့ friend list ကိုယူ ပါတယ်။ ပြီးရင် ဖုန်း နဲ့ ကွန်ပျူတာ အမျိုးအစား model IP address စတာတွေအပြင်၊ ဘယ် website တွေဝင်ကြည့်ထားလဲ အွန်လိုင်းမှာ ဘာတွေ လုပ်နေလဲ ဆိုတဲ့
သတင်းအချက်အလက်တွေကို ယူသွား ပါမယ်။ ဖုန်းထဲ ကို App တခုသွင်းရင် install လုပ်တဲ့အခါ yes I agree ဆိုပြီး ဘာမှ မဖတ်ပဲ မသွင်းလိုက်ပါနဲ့ ။ သူ့ စာချုပ် (terms and condition အောက်ကပုံမှာ)
အတိအလင်း ရေးထား ပါတယ်။ yes I agree ဆိုရင် သူ့ကို လိုချင်တာ ယူပါလို့ ကတိပေး လိုက်ရတာပါ။
သူက သင့်ဆီက သတင်း အချက်အလက်တွေ ကို အွန်လိုင်း စျေးရောင်းတဲ့ သူတွေဆီ ပြန်ပေးပြီး ဝင်ငွေ ရှာပါတယ်။ ဥပမာ သင်က “မင်္ဂလာဆောင် မှာ ဘာဝတ် ရမလဲ ၈၃၄ တို့” ဆိုပြီး စာတကြောင်းရေး လိုက်တာနဲ့ ၊
သင်နဲ့ သင့်သူငယ်ချင်း Facebook တွေ မှာ အဝတ်အစားရောင်းတဲ့ ကြော်ငြာတွေ တန်းစီ တက်လာ ပါတော့တယ်။ သတင်းအချက်အလက်တွေ ကို အခြားနေရာမှာ အသုံးချမှုတွေလဲ ရှိနိုင်ပါ သေးတယ်။
သင်က app စသွင်း ထားထဲက ငါ့အချက်အလက်တွေ ကို လိုသလို သုံးပါတော့လို့ ကတိပေးထားပြီးသား ဖြစ်နေ ပါပြီ။ FaceApp တခုထဲ မဟုတ်ပါ အခြားသော အလကားရတဲ့ software တိုင်း ဒီလို လုပ်တတ်ကြပါတယ်။
သုံးစွဲသူ သူငယ်ချင်းများ အားလုံး သိရှိစေချင်ရုံ သက်သက်ပါ…