ေဒၚေအာင္ဆန္းစုၾကည့္ ရဲ႕ ၇၅ ႏွ စ္ေျမာက္ ေမြးေန႔ မွာ ကြီးၿဖိဳး က ဘာ လက္ေဆာင္ေပး လိုက္ လဲ …?

ေဒၚေအာင္ဆန္းစုၾကည့္ ရဲ႕ ၇၅ ႏွ စ္ေျမာက္ ေမြးေန႔ မွာ ကြီးၿဖိဳး က ဘာ လက္ေဆာင္ေပး လိုက္ လဲ …?

ယမန္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အသက္ (၇၅) ႏွစ္ျပည့္ ပါ တယ္ ။ ဒီေမြးေန႔မွာ ကမာၻ အရပ္ရပ္ က အေဝးေရာက္ ျမန္မာမ်ားက လဲ အေမစု က်န္းမာပါေစ ဆိုၿပီး ဆုေတာင္းၾကတာ ေတြ႕ရ ပါ တယ္ ။ ျပည္သူေတြက ခ်စ္ၾကတာ ကေတာ့ အင္မတန္ မွ သိသာ ပါတယ္ ။ ကြီးၿဖိဳး က သူ႔ အေမ DASSK ကို ဘာလက္ေဆာင္ေပးလဲ…?

DASSK ဟာ ကြီးၿဖိဳး ကို ရန္ကုန္တိုင္း ကို အုပ္ခ်ဳပ္ ဖို႔ ေ႐ြးခ်ယ္ခဲ့ ပါတယ္။ အဲ့ဒီလို ေ႐ြးခ်ယ္ရင္ ကိုယ္စားလွယ္ေလာင္း ကို ေနာက္ေၾကာင္းလိုက္ၿပီး တိုက္ေလ့ ရွိပါတယ္။ ကြီးၿဖိဳးဟာ ဒီမိုကေရစီ အတြက္ ယုံၾကည္ခ်က္ နဲ႔ ေထာင္က်ခံခဲ့သလို ခ႐ိုနီေတြ နဲ႔ လုံးဝ ကင္းရွင္းခဲ့လို႔ သူ႔ရဲ႕ CV ဟာ ေကာင္း ခဲ့ၿပီး ရန္သူက ေနာက္ေၾကာင္းရွာ တိုက္ မရခဲ့ပါ။

သူအုပ္ခ်ဳပ္ခ်ိန္ မွာ အလုပ္သမား ကိစၥ၊ က်ဴးကိစၥ ကို ညင္သာစြာ ေျဖရွင္းၿပီး အဆိုပါ ကိစၥေတြကေန အေမရိကန္က George Floyd ကိစၥလို အႀကီးအက်ယ္ မျဖစ္ေအာင္ထိန္းေပးခဲ့ ပါတယ္။ ဘာျပႆနာကို ရွင္းရွင္း ရဲနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြ ကို သုံးရမွာျဖစ္ၿပီး ရဲလုပ္တာ မွားရင္ အေမရိကန္မွာလို အမႈိက္ကစမီးေလာင္သြားႏိုင္ ပါတယ္။ အေမရိကန္က ရဲဟာ အျခားတိုင္း ျပည္ေတြက ထက္ေတာ္ၿပီး ၿမိဳ႕ေတာ္ဝန္ေအာက္မွာ ရွိတဲ့ အဖြဲ႕အစည္းပါ ။ ဒါေတာင္ ရဲကေန ျပႆနာတက္ခဲ့ ပါတယ္ ။ အေမရိကန္လို ျမန္မာျပည္မွာျဖစ္ခဲ့ရင္ ဘာျဖစ္ သြားမလဲ အားလုံး သိမွာပါ ။ သူက တပ္ဟာ အစိုးရေအာက္ မွာ မရွိဘူးဆိုတာကို ၫႊန္ခ်ဳပ္ကိစၥနဲ႔ျပခဲ့ လို႔ တိုင္းျပည္ဟာ စီးပြါးေရး အလုံးစုံ ပိတ္ဆို႔မႈဒဏ္ကေန ေလာေလာဆယ္ ကာကြယ္ေပးႏိုင္ခဲ့ ပါတယ္ ။ စာဖတ္သူမ်ား အေန နဲ႔ ဒါေတြဟာ တိုက္ဆိုင္မႈလို႔ ျငင္းႏိုင္ ပါတယ္ ။

အဓိက ကေတာ့ မေန႔က သူ႔ကိုဖြတ္နဲ႔တပ္က လႊတ္ေတာ္ မွာ စြတ္စြဲျပစ္တင္ ရတဲ့ ကိစၥကေန သက္ေသျပသြားတာ တစ္ခုပါ ။ သူတက္လာက ထဲ က နာရီကိစ ၥနဲ႔ သူ႔ရဲ႕ စာရိတၱကို လူေတြ အထင္ မွားေအာင္ လုပ္ခဲ့ ပါတယ္ ။ ေနာက္ေကာလဟာလ ထုတ္ၿပီးလဲ သူ႔ ရဲ႕ အက်င့္သီလ ကို တိုက္ခိုက္ဖို႔ႀကိဳးစား ခဲ့ပါတယ္ ။

ကြီးကို နည္းမ်ိဳးစုံနဲ႔ေထာက္လွမ္းၿပီး ေအာက္လမ္းက လုပ္ဖို႔ ႀကိဳးစားခဲ့ ပါတယ္ ။ သတင္းသမားေတြကို မမွန္ သတင္းေပးခဲ့ၿပီး သတင္းသမားေတြ က က်င့္ဝတ္နဲ႔မညီ ဖြဖို႔ ရွာေဖြႀကိဳးစားခဲ့ ပါတယ္ ။ ဒါေပမယ့္ သက္တမ္းေလးႏွစ္ေက်ာ္ အထိ ဘာမွ ရွာမေတြ႕ခဲ့ပါ ။ အဘတို႔ဟာ ကြီးမေျပာ နဲ႔ DASSK ၿခံထဲ ဘာဝင္လဲအကုန္သိပါတယ္ ။ အနည္းငယ္ လုပ္နည္း မွားရင္ေတာင္ အဂတိက ဟိုဝန္ႀကီးေတြကို ဘယ္လိုစစ္ခဲ့လဲ မွတ္မိမွာပါ။ အဂတိကလဲ မိုးက်ေတြပါ ။ ဦးပိုင္ရွယ္ယာရွင္ေလးေတြေပါ့ ။ ကြီးမွားရင္ ကိုင္ၿပီေလ ။ ဒါေပမယ့္ ေလးႏွစ္ေက်ာ္ ေျမလွန္ရွာအၿပီးမွာ ဘာအျပ စ္မွ ေအာက္လမ္းနည္း နဲ႔ ရွာမရလို႔ မႏိုင္မွန္း သိလ်က္ နဲ႔ လႊတ္ေတာ္မွာ အယုံအၾကည္မရွိအဆို မဲခြဲရတဲ့ အထိျဖစ္ခဲ့ရတာပါ ။

ဒါေၾကာင့္မိုလို႔ DASSK အတြက္ ကြီးၿဖိဳးက ေပးတဲ့ေမြးေန႔လက္ေဆာင္ ကေတာ့ သီလ သမာဓိရွိစြာ နဲ႔ တိုင္းျပည္တာဝန္ ကို ထမ္းေဆာင္ခဲ့တာျဖစ္ ပါတယ္။ ဒါိကိုမေန႔က ျပသလိုက္တာပါဘဲ ။ သူတို႔ဟာ ဘယ္လိုနည္းနဲ႔မွ ကြီးၿဖိဳး ကို ေကာလဟာလေတြ၊ မဟုတ္မမွန္လုပ္ႀကံသတင္းေတြ နဲ႔ လုပ္လို႔ မရေတာ့ဘဲေနာက္ဆုံးမွာ မႏိုင္မွန္းသိေပမယ့္ ငါးမရ ေရခ်ိဳးျပန္ ခဲ့ၾက တာပါ ။ ေရခ်ိဳးခြင့္ေတာင္ မရခဲ့လိုက္ပါ ။

အေမစု က်န္းမာ ခ်မ္းသာၿပီး အသက္ရာ ေက်ာ္ရွည္ ၿပီး တိုင္းျပည္ တာဝန္ ကို ခ႐ိုနီ နဲ႔ မပတ္သက္ခဲ့သူမ်ား တိုင္းျပည္ အတြက္ မွတ္ေက်ာက္တင္ ခံႏိုင္သူမ်ား နဲ႔ လက္တြဲေဆာင္႐ြက္ႏိုင္ ပါေစ။ အနားက မိုးက်မ်ား ရဲ႕ လိမ္လည္ခံရျခင္း မွလဲ ကင္းေဝးပါေစ လို႔ ဆႏၵျပဳလိုက္ ပါတယ္ ။

Myat Tun Oo ( ေလးစားစြာျဖင့္ ခရက္ဒစ္ )

unicode

ဒေါ်အောင်ဆန်းစုကြည့် ရဲ့ ၇၅ နှ စ်မြောက် မွေးနေ့ မှာ ကွီးဖြိုး က ဘာ လက်ဆောင်ေပး လိုက် လဲ …?

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် (၇၅) နှစ်ပြည့် ပါ တယ် ။ ဒီမွေးနေ့မှာ ကမ္ဘာ အရပ်ရပ် က အဝေးရောက် မြန်မာများက လဲ အမေစု ကျန်းမာပါစေ ဆိုပြီး ဆုတောင်းကြတာ တွေ့ရ ပါ တယ် ။ ပြည်သူတွေက ချစ်ကြတာ ကတော့ အင်မတန် မှ သိသာ ပါတယ် ။ ကွီးဖြိုး က သူ့ အမေ DASSK ကို ဘာလက်ဆောင်ပေးလဲ…?

DASSK ဟာ ကွီးဖြိုး ကို ရန်ကုန်တိုင်း ကို အုပ်ချုပ် ဖို့ ရွေးချယ်ခဲ့ ပါတယ်။ အဲ့ဒီလို ရွေးချယ်ရင် ကိုယ်စားလှယ်လောင်း ကို နောက်ကြောင်းလိုက်ပြီး တိုက်လေ့ ရှိပါတယ်။ ကွီးဖြိုးဟာ ဒီမိုကရေစီ အတွက် ယုံကြည်ချက် နဲ့ ထောင်ကျခံခဲ့သလို ခရိုနီတွေ နဲ့ လုံးဝ ကင်းရှင်းခဲ့လို့ သူ့ရဲ့ CV ဟာ ကောင်း ခဲ့ပြီး ရန်သူက နောက်ကြောင်းရှာ တိုက် မရခဲ့ပါ။

သူအုပ်ချုပ်ချိန် မှာ အလုပ်သမား ကိစ္စ၊ ကျူးကိစ္စ ကို ညင်သာစွာ ဖြေရှင်းပြီး အဆိုပါ ကိစ္စတွေကနေ အမေရိကန်က George Floyd ကိစ္စလို အကြီးအကျယ် မဖြစ်အောင်ထိန်းပေးခဲ့ ပါတယ်။ ဘာပြဿနာကို ရှင်းရှင်း ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကို သုံးရမှာဖြစ်ပြီး ရဲလုပ်တာ မှားရင် အမေရိကန်မှာလို အမှိုက်ကစမီးလောင်သွားနိုင် ပါတယ်။ အမေရိကန်က ရဲဟာ အခြားတိုင်း ပြည်တွေက ထက်တော်ပြီး မြို့တော်ဝန်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းပါ ။ ဒါတောင် ရဲကနေ ပြဿနာတက်ခဲ့ ပါတယ် ။ အမေရိကန်လို မြန်မာပြည်မှာဖြစ်ခဲ့ရင် ဘာဖြစ် သွားမလဲ အားလုံး သိမှာပါ ။ သူက တပ်ဟာ အစိုးရအောက် မှာ မရှိဘူးဆိုတာကို ညွှန်ချုပ်ကိစ္စနဲ့ပြခဲ့ လို့ တိုင်းပြည်ဟာ စီးပွါးရေး အလုံးစုံ ပိတ်ဆို့မှုဒဏ်ကနေ လောလောဆယ် ကာကွယ်ပေးနိုင်ခဲ့ ပါတယ် ။ စာဖတ်သူများ အနေ နဲ့ ဒါတွေဟာ တိုက်ဆိုင်မှုလို့ ငြင်းနိုင် ပါတယ် ။

အဓိက ကတော့ မနေ့က သူ့ကိုဖွတ်နဲ့တပ်က လွှတ်တော် မှာ စွတ်စွဲပြစ်တင် ရတဲ့ ကိစ္စကနေ သက်သေပြသွားတာ တစ်ခုပါ ။ သူတက်လာက ထဲ က နာရီကိစ ္စနဲ့ သူ့ရဲ့ စာရိတ္တကို လူတွေ အထင် မှားအောင် လုပ်ခဲ့ ပါတယ် ။ နောက်ကောလဟာလ ထုတ်ပြီးလဲ သူ့ ရဲ့ အကျင့်သီလ ကို တိုက်ခိုက်ဖို့ကြိုးစား ခဲ့ပါတယ် ။

ကွီးကို နည်းမျိုးစုံနဲ့ထောက်လှမ်းပြီး အောက်လမ်းက လုပ်ဖို့ ကြိုးစားခဲ့ ပါတယ် ။ သတင်းသမားတွေကို မမှန် သတင်းပေးခဲ့ပြီး သတင်းသမားတွေ က ကျင့်ဝတ်နဲ့မညီ ဖွဖို့ ရှာဖွေကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် သက်တမ်းလေးနှစ်ကျော် အထိ ဘာမှ ရှာမတွေ့ခဲ့ပါ ။ အဘတို့ဟာ ကွီးမပြော နဲ့ DASSK ခြံထဲ ဘာဝင်လဲအကုန်သိပါတယ် ။ အနည်းငယ် လုပ်နည်း မှားရင်တောင် အဂတိက ဟိုဝန်ကြီးတွေကို ဘယ်လိုစစ်ခဲ့လဲ မှတ်မိမှာပါ။ အဂတိကလဲ မိုးကျတွေပါ ။ ဦးပိုင်ရှယ်ယာရှင်လေးတွေပေါ့ ။ ကွီးမှားရင် ကိုင်ပြီလေ ။ ဒါပေမယ့် လေးနှစ်ကျော် မြေလှန်ရှာအပြီးမှာ ဘာအပြ စ်မှ အောက်လမ်းနည်း နဲ့ ရှာမရလို့ မနိုင်မှန်း သိလျက် နဲ့ လွှတ်တော်မှာ အယုံအကြည်မရှိအဆို မဲခွဲရတဲ့ အထိဖြစ်ခဲ့ရတာပါ ။

ဒါကြောင့်မိုလို့ DASSK အတွက် ကွီးဖြိုးက ပေးတဲ့မွေးနေ့လက်ဆောင် ကတော့ သီလ သမာဓိရှိစွာ နဲ့ တိုင်းပြည်တာဝန် ကို ထမ်းဆောင်ခဲ့တာဖြစ် ပါတယ်။ ဒါိကိုမနေ့က ပြသလိုက်တာပါဘဲ ။ သူတို့ဟာ ဘယ်လိုနည်းနဲ့မှ ကွီးဖြိုး ကို ကောလဟာလတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေ နဲ့ လုပ်လို့ မရတော့ဘဲနောက်ဆုံးမှာ မနိုင်မှန်းသိပေမယ့် ငါးမရ ရေချိုးပြန် ခဲ့ကြ တာပါ ။ ရေချိုးခွင့်တောင် မရခဲ့လိုက်ပါ ။

အမေစု ကျန်းမာ ချမ်းသာပြီး အသက်ရာ ကျော်ရှည် ပြီး တိုင်းပြည် တာဝန် ကို ခရိုနီ နဲ့ မပတ်သက်ခဲ့သူများ တိုင်းပြည် အတွက် မှတ်ကျောက်တင် ခံနိုင်သူများ နဲ့ လက်တွဲဆောင်ရွက်နိုင် ပါစေ။ အနားက မိုးကျများ ရဲ့ လိမ်လည်ခံရခြင်း မှလဲ ကင်းဝေးပါစေ လို့ ဆန္ဒပြုလိုက် ပါတယ် ။

Myat Tun Oo ( လေးစားစွာဖြင့် ခရက်ဒစ် )