တ႐ုတ္ဘက္ က ပထမဆုံး တရားဝင္ေျပာလာတဲ့ နယ္စပ္ ရန္ပြဲ အေၾကာင္း

တ႐ုတ္ဘက္ က ပထမဆုံး တရားဝင္ေျပာလာတဲ့ နယ္စပ္ ရန္ပြဲ အေၾကာင္း

အျငင္းပြားေနၾက တဲ့ ဟိမဝႏၲာေဒသ နယ္စပ္ မွာ လူေသတဲ့ အထိ ျဖစ္ခဲ့တဲ့ ၿပီးခဲ့တဲ့ တနလၤာေန႔က ရန္ပြဲနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဘက္ က ပထမဆုံး တရားဝင္ မွတ္ခ်က္ခ်ေျပာဆိုတာေတြထဲ မွာ အိႏၵိယ စစ္တပ္ဘက္က ” တမင္သက္သက္ ရန္စခဲ့တာ ” လို႔ စြပ္စြဲလိုက္ ပါတယ္ ။

တ႐ုတ္နယ္ေျမထဲ ကို အိႏၵိယစစ္တပ္က ဝင္ လာၿပီး တိုက္ခိုက္ ခဲ့တဲ့ အတြက္ “ျပင္းထန္တဲ့ ကိုယ္ထိလက္ေရာက္ တိုက္ခိုက္တာေတြ ” ျဖစ္ေစခဲ့တာလို႔ တ႐ုတ္ႏိုင္ငံျခားေရး ဌာန ေျပာခြင့္ရပုဂၢိဳလ္ ေက်ာက္လီက်န္းက ေျပာ ပါ တယ္ ။

ဒါေပမဲ့ တ႐ုတ္ဘက္ က အထိအခိုက္ အေသအေပ်ာက္ ဘယ္ေလာက္ ရွိခဲ့သလဲ ဆိုတဲ့အေပၚ သူက ဘာမွမေျပာခဲ့ ပါဘူး။ အိႏၵိယ ဝန္ႀကီးခ်ဳပ္ နာရင္ဒရာ မိုဒီက အိႏၵိယနယ္ထဲကို ဘယ္ႏိုင္ငံျခားစစ္သားမွ မေက်ာ္လာခဲ့ဘူး၊ ဘယ္နယ္ေျမမွ မဆုံးရႈံးခဲ့ဘူးလို႔ ေသာၾကာေန႔ကေျပာခဲ့ပါတယ္။ လိုအပ္ရင္ အိႏၵိယဟာ စစ္အင္ အားသုံးၿပီး ႏိုင္ငံ့နယ္စပ္ကို ကာကြယ္သြားမယ္လို႔ မစၥတာ မိုဒီကေျပာပါတယ္။

ဂယ္ဝမ္ေတာင္ၾကားမွာျဖစ္ခဲ့တဲ့ အဲဒီ တိုက္ခိုက္ပြဲ အတြင္း အိႏၵိယ စစ္သား အေယာက္ ၂၀ ေသဆုံးခဲ့ပါတယ္။ ဒီတိုက္ခိုက္ၾကတဲ့ပြဲမွာ ႏွစ္ဘက္စလုံးက အသက္ ဆုံးရႈံးတာေတြရွိတယ္လို႔ အိႏၵိယက ေျပာပါတယ္။

တ႐ုတ္ဘက္ကအသံ

တြိဒ္ေတြကတဆင့္ မစၥတာ ေက်ာက္ ေျပာတာကေတာ့ ဂယ္ဝမ္ ေတာင္ၾကား ဟာ နယ္ျခား ထိန္းခ်ဳပ္ေရးစည္း (Line of Actual Control – LAC) ေပၚက တ႐ုတ္ပိုင္ေနရာအတြင္း မွာရွိတယ္လို႔ ဆို ပါတယ္ ။

ဒီစည္းကေတာ့ န်ဴကလီးယား လက္နက္ေတြ ပိုင္ဆိုင္ ထားတဲ့ အင္အားႀကီး ႏွစ္ႏိုင္ငံ ၾကား ပီပီျပင္ျပင္ နယ္သတ္မွတ္ ပိုင္းျခား မထား တဲ့ နယ္စပ္ေဒသပါ ။

တ႐ုတ္နဲ႔ အိႏၵိယ အရာရွိေတြၾကား သေဘာတူညီခ်က္ ေတြရၿပီး တ႐ုတ္ရဲ႕ နယ္ျခားထိန္းခ်ဳပ္ေရး စည္းအတြင္းဘက္မွာ အိႏၵိယက လာေဆာက္ထားတဲ့ အေျခခံအေဆာက္အဦ တခုကို အိႏၵိယက ေမလ အတြင္း မွာ မိုင္းခြဲၿဖိဳခ်ေပးတယ္၊ စစ္တပ္လည္း ဆုတ္သြားတယ္၊ အဲဒီလို တင္းမာမႈ အေျခအေနေတြ ေလ်ာ့က်ေအးေဆးေနၿပီး မွ အခုလို ရန္ပြဲျဖစ္လာတာလို႔ သူက ေျပာ ပါတယ္ ။

ဒါေပမဲ့ ဇြန္လ ၁၅ ရက္မွာေတာ့ အိႏၵိယတပ္ဖြဲ႕ေတြ ဟာ “ဂယ္ဝမ္ေတာင္ၾကား အေျခအေန ေအးေဆးလာေနခ်ိန္မွာ တမင္သက္သက္ ရန္စဖို႔ နယ္ျခားထိန္းခ်ဳပ္စည္းကို ထပ္မံ ျဖတ္ေက်ာ္ခဲ့တယ္” လို႔ မစၥတာ ေက်ာက္က ဆို ပါတယ္ ။

“ညႇိႏႈိင္းေျဖရွင္းေပးဖို႔သြားၾကတဲ့ တ႐ုတ္ အရာရွိေတြ ၊ စစ္သားေတြ ကို အိႏၵိယ ေရွ႕တန္း စစ္သားေတြက အၾကမ္းဖက္တိုက္ခိုက္ၾကတဲ့အတြက္ ျပင္းထန္တဲ့ ကိုယ္ထိလက္ေရာက္ တိုက္ခိုက္တာေတြျဖစ္ခဲ့ၿပီး အေသအေၾကေတြျဖစ္ကုန္တာ” လို႔ဆို ပါတယ္ ။

ဂယ္ဝမ္ေတာင္ၾကားက နယ္ျခားထိန္းခ်ဳပ္ေရးစည္း မွာ အိႏၵိယက “လမ္းေတြ၊ တံတားေတြ၊ တျခားအေဆာက္အဦေတြ” ဧၿပီလကတည္းက တည္ေဆာက္ေနတာ လို႔ မစၥတာ Zhao က ဆိုပါတယ္ ။

ဝန္ႀကီးခ်ဳပ္ မိုဒီ ဘာေျပာလဲ

မစၥတာမိုဒီက ေသာၾကာေန႔တုန္းက တီဗီကေနတဆင့္ ႏိုင္ငံကို ေျပာတဲ့ေၾကညာခ်က္ မွာ အိႏၵိယ နယ္ေျမထဲကို ဘယ္သူမွက်ဴးေက်ာ္ဝင္လာတာမရွိဘူးလို႔ ေျပာခဲ့ပါတယ္။

“ဘယ္သူမွ တို႔နယ္စပ္ ကို မက်ဴးေက်ာ္လာခဲ့ဘူး၊ အခုလည္း ဘယ္သူမွ မဝင္လာဘူး၊ တို႔ ဂိတ္စခန္းေတြကိုလည္း ဘယ္သူမွ သိမ္းသြားတာမရွိခဲ့ဘူး” လို႔ ေျပာခဲ့ပါတယ္။

အိႏၵိယရဲ႕ နယ္ေျမကို ကာကြယ္ဖို႔ အတြက္ အိႏၵိယစစ္တပ္ ကို “လိုအပ္တာမွန္ သမွ်လုပ္ဖို႔ လုပ္ပိုင္ခြင့္ လြတ္လြတ္လပ္လပ္ ေပးထားတယ္ ”

“တ႐ုတ္က လုပ္ခဲ့တဲ့ဟာေတြ အေပၚ ႏိုင္ငံ တခုလုံးက ထိခိုက္ခံစားခဲ့ၿပီး ေဒါသထြက္ေနတယ္” ၊ “အိႏၵိယဟာ ၿငိမ္းခ်မ္းေရးနဲ႔ မိတ္ေဆြျဖစ္မႈ ကိုလိုခ်င္တယ္၊ ဒါေပမဲ့ ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈ ကို ဦးထိပ္ထားထားတယ္ ” လို႔ သူ႔မိန႔္ခြန္းမွာ ထည့္သြင္းေျပာသြား ပါတယ္ ။

သူ႔အစိုးရ ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေန ဗုဒၶဟူးေန႔တုန္းက ထုတ္ျပန္ေၾကညာခ်က္ တေစာင္ထုတ္ကာ ဒီအျဖစ္ အပ်က္ က “ဂယ္ဝမ္ေတာင္ၾကားက ကြၽႏ္ုပ္တို႔ အိႏၵိယရဲ႕ ထိန္းခ်ဳပ္နယ္ျခားစည္းအတြင္းမွာ တ႐ုတ္က အေျခခံ အေဆာက္ အဦတခု ကို ေဆာက္ဖို႔ လာလုပ္တာ” ကေန စၿပီးျဖစ္ခဲ့တာ လို႔ ဆိုကာ တ႐ုတ္ဘက္ ကို အျပစ္ဖို႔ထား ပါတယ္ ။

ဂယ္ဝမ္ေတာင္ၾကား မွာ ဘာေတြျဖစ္ခဲ့လဲ

မီဒီယာေတြက သတင္းေတြအရေတာ့ ေပ ၁၄, ၀၀၀ အျမင့္ရွိတဲ့ မတ္ေစာက္လွတဲ့ေတာင္တန္းေတြက ေတာင္ေၾကာေတြမွာ ႏွစ္ဖက္စစ္သားေတြ ရန္သတ္ပြဲျဖစ္ခဲ့တာ၊ တခ်ိဳ႕စစ္သားေတြ ဆိုရင္ေတာင္ေၾကာေပၚကေန ဟိုးေအာက္ မွာ သုည ဒီဂရီ ေအာက္ေအးေနၿပီး အရွိန္အဟုန္နဲ႔ စီးေနတဲ့ ဂယ္ဝမ္ ျမစ္ထဲကို က်သြားခဲ့တာေတြကို သိရပါတယ္။

အိႏၵိယ စစ္သား အနည္းဆုံး ၂၀ ေသတဲ့ အျပင္ ေနာက္ထပ္ အနည္းဆုံး ၇၆ ေယာက္ ဒဏ္ရာေတြရတယ္ဆိုတဲ့ သတင္းလည္းထြက္ပါတယ္။ တ႐ုတ္ဘက္က အထိအခိုက္ အေသအေပ်ာက္စာရင္းကိုေတာ့ တ႐ုတ္ဘက္ က မထုတ္ျပန္ေသး ပါဘူး ။

အိႏၵိယဘက္မွာ ထြက္ေပၚေနတဲ့ အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ တ႐ုတ္ စစ္သား အနည္းဆုံး ၄၀ ေလာက္ ေသဆုံးတယ္လို႔ သိရပါတယ္။

၁၉၉၆ ခုႏွစ္ သေဘာတူ ခ်က္အရ အဲဒီဧရိယာေဒသအတြင္း ေသနတ္ေတြ၊ ေပါက္ကြဲေစတဲ့ လက္နက္မ်ိဳးေတြ အသုံးျပဳတာကို ပိတ္ပင္ထားတဲ့အတြက္ အခုတိုက္ခိုက္ပြဲမွာ ေသနတ္ လက္နက္ေတြမပါဘဲ ခ်ခဲ့ၾကတာပါ။

ၾကာသပေတးေန႔က ထြက္ေပၚ လာတဲ့ ပုံတပုံမွာေတာ့ တိုကခိုက္ၾကတဲ့ပြဲေတြမွာ သုံးတဲ့ သံခြၽန္ေတြ တပ္ သံတုတ္ေတြကို ျပထားပါတယ္။
Image caption အိႏၵိယ စစ္တပ္ အရာရွိ တေယာက္ကေန ဘီဘီစီ ကို ေပးတဲ့ ပုံမွာ တိုက္ခိုက္ပြဲအတြင္း သုံးတဲ့ လက္နက္ေတြကို ေဖာ္ျပထားပါတယ္

ဒီ သံခြၽန္ေတြ တပ္ထားတဲ့ သံတုတ္ လက္နက္ေတြ ကို တ႐ုတ္ဘက္က သုံး ခဲ့တာလို႔ ဘီဘီစီ ကို ဒီ ဓာတ္ပုံေပးတဲ့ အိႏၵိယ – တ႐ုတ္ နယ္စပ္ဆိုင္ရာ အိႏၵိယစစ္တပ္ ထိပ္တန္း အရာရွိက ေျပာပါတယ္။

ဒီပုံကို အိႏၵိယက တြစ္တာေတြမွာ က်ယ္က်ယ္ျပန႔္ျပန႔္ ရွယ္ေနၾကၿပီး အဲဒီက ဆိုရွယ္ မီဒီယာ အသုံးျပဳသူေတြၾကားမွာ ေဒါသေတြေပါက္ကြဲေနၾကပါတယ္။

လာဒါ့ခ္ က ဂယ္ဝမ္ျမစ္ ေတာင္ၾကားဟာ ျမင့္မားတဲ့ေတာင္ တန္းေဒသျဖစ္ၿပီး ရာသီဥတု ကလည္း ျပင္းထန္ပါတယ္။ ဒီေနရာဟာ တ႐ုတ္က ထိန္းခ်ဳပ္ထားၿပီး အိႏၵိယက သူပိုင္တယ္လို႔ ဆိုထားတဲ့ အဆိုင္ ခ်င္း (Aksai Chin) ဧရိယာနဲ႔ အနီးေလးမွာ ရွိေနတဲ့ ေနရာေဒသပါ။

ဒီ န်ဴကလီးယား အင္အားႀကီး ႏွစ္ႏိုင္ငံက စစ္တပ္ေတြ နယ္ျခားမွာ ပုံမွန္အားျဖင့္စစ္တပ္ေတြသုံးၾကတဲ့ ေသနတ္လက္နက္ေတြ မပါပဲ ခ်ၾကတာ ဒါ ပထမဆုံး မဟုတ္ပါဘူး။ ထိန္းခ်ဳပ္နယ္ျခားစည္းနဲ႔ မေရမရာ မတိမက် ပိုင္းျခားထားတဲ့ မိုင္ ၂,၁၀၀ အရွည္ နယ္စပ္ တေၾကာမွာ တဖက္နဲ႔ တဖက္ ရင္ဆိုင္ခ်ၾကတဲ့ ပြဲ ေတြက အေတာ္လည္း ရွိခဲ့ပါတယ္။

ေသနတ္ပစ္ၿပီး တိုက္ခိုက္ၾကတဲ့ ေနာက္ဆုံးပြဲက ၁၉၇၅ ခုႏွစ္ အတြင္း မွာ ျဖစ္ခဲ့ၿပီး အိႏၵိယ အေရွ႕ေျမာက္ပိုင္းက အာရန္နာခ်ယ္ ပရာဒက္ရွ္ ျပည္နယ္ အတြင္း လူသူမရွိတဲ့ အရပ္က ေတာင္ၾကားလမ္းတခုမွာ ျဖစ္ခဲ့ တာပါ ။

အဲဒီတုန္းက အိႏၵိယ စစ္သား ၄ ေယာက္ ေသဆုံးခဲ့ ပါတယ္ ။ သံတမန္ေဟာင္းေတြ အဆိုအရ တခ်ိဳ႕က ၿခဳံခိုတိုက္ခိုက္ခံရတာလို႔ ဆိုသလို တခ်ိဳ႕ကလည္း ထိေတြ႕တိုက္ခိုက္မႈလို႔လည္း ေျပာၾကပါတယ္။ ဒါေပမဲ့ အဲဒီအျဖစ္ေနာက္ပိုင္း ကတည္း က ႏွစ္ဖက္ ခ်ၾကတဲ့ပြဲမွာ ေသနတ္ေတြ မပစ္ေတာ့ တာပါ ။

ဒီလို ေသနတ္မသုံးၾကတဲ့ အေၾကာင္း အရင္းအျမစ္ကေတာ့ ၁၉၉၆ မွာလုပ္ ခဲ့တဲ့ ႏွစ္ဖက္ သေဘာတူစာခ်ဳပ္ေၾကာင့္ပါ။ အဲဒီ စာခ်ဳပ္ထဲမွာ “ႏွစ္ဖက္စလုံးဟာ ထိန္းခ်ဳပ္နယ္ျခားစည္း (the Line of Actual Control) ကေန ႏွစ္ ကီလိုမီတာ အတြင္း ေသနတ္ (သို႔မဟုတ္) ေဖာက္ခြဲေရး လက္နက္ေတြကို သုံးၿပီး ပစ္ခတ္တာေတြ၊ ေဖာက္ခြဲတာေတြ၊ အမဲလိုက္တာေတြ မလုပ္ပါဘူး” လို႔ ဆိုထား ပါတယ္ ။

ဒါေပမဲ့ အခုတေလာ သီတင္းပတ္ေတြအတြင္း ဒီအျဖစ္အျပင္ နယ္စပ္တေလွ်ာက္ တင္းမာတဲ့ ထိပ္ တိုက္ရင္ဆိုင္မႈေတြ ျဖစ္ခဲ့ပါတယ္။ ေမလ အတြင္းမွာ အိႏၵိယနဲ႔ တ႐ုတ္ စစ္သားေတြ အၾကား လူလူခ်င္း ခ်တဲ့ႏွက္တဲ့ ပြဲေတြ လာဒါ့ခ္ က ‘ဖန္ဂြန္’ကန္မွာလည္း ျဖစ္ခဲ့သလို မိုင္ရာေပါင္းမ်ားစြာ အကြာ မွာ ရွိတဲ့ အိႏၵိယ အေရွ႕ေျမာက္ဘက္ စစ္ကင္း ျပည္နယ္က နယ္စပ္မွာ လည္း ျဖစ္ခဲ့ ပါတယ္။

ဂယ္ဝမ္ေတာင္ၾကားကို တ႐ုတ္က ေထာင္နဲ႔ခ်ီတဲ့ စစ္တပ္ေတြ ကို ေစလႊတ္ထား တယ္ ။ သူ႔ နယ္ေျမ စတုရန္းမိုင္ ၁၄, ၇၀၀ အက်ယ္အဝန္းကို တ႐ုတ္က သိမ္းထားတယ္လို႔ အိႏၵိယက စြပ္စြဲထား ပါတယ္ ။ နယ္စပ္ အျငင္းပြားမႈကို ေျဖရွင္းဖို႔ ၿပီး ခဲ့တဲ့ ဆယ္စုႏွစ္ သုံးစုအတြင္း ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးပြဲေတြ အမ်ားအျပားလုပ္ခဲ့ၾကေပမယ့္ လည္း အေျဖထုတ္ လို႔ မရေသးၾက ပါဘူး။

Source;BBC

unicode

တရုတ်ဘက် က ပထမဆုံး တရားဝင်ပြောလာတဲ့ နယ်စပ် ရန်ပွဲ အကြောင်း

အငြင်းပွားနေကြ တဲ့ ဟိမဝန္တာဒေသ နယ်စပ် မှာ လူသေတဲ့ အထိ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က ရန်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက် က ပထမဆုံး တရားဝင် မှတ်ချက်ချပြောဆိုတာတွေထဲ မှာ အိန္ဒိယ စစ်တပ်ဘက်က ” တမင်သက်သက် ရန်စခဲ့တာ ” လို့ စွပ်စွဲလိုက် ပါတယ် ။

တရုတ်နယ်မြေထဲ ကို အိန္ဒိယစစ်တပ်က ဝင် လာပြီး တိုက်ခိုက် ခဲ့တဲ့ အတွက် “ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေ ” ဖြစ်စေခဲ့တာလို့ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းက ပြော ပါ တယ် ။

ဒါပေမဲ့ တရုတ်ဘက် က အထိအခိုက် အသေအပျောက် ဘယ်လောက် ရှိခဲ့သလဲ ဆိုတဲ့အပေါ် သူက ဘာမှမပြောခဲ့ ပါဘူး။ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက အိန္ဒိယနယ်ထဲကို ဘယ်နိုင်ငံခြားစစ်သားမှ မကျော်လာခဲ့ဘူး၊ ဘယ်နယ်မြေမှ မဆုံးရှုံးခဲ့ဘူးလို့ သောကြာနေ့ကပြောခဲ့ပါတယ်။ လိုအပ်ရင် အိန္ဒိယဟာ စစ်အင် အားသုံးပြီး နိုင်ငံ့နယ်စပ်ကို ကာကွယ်သွားမယ်လို့ မစ္စတာ မိုဒီကပြောပါတယ်။

ဂယ်ဝမ်တောင်ကြားမှာဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်ပွဲ အတွင်း အိန္ဒိယ စစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်ကြတဲ့ပွဲမှာ နှစ်ဘက်စလုံးက အသက် ဆုံးရှုံးတာတွေရှိတယ်လို့ အိန္ဒိယက ပြောပါတယ်။

တရုတ်ဘက်ကအသံ

တွိဒ်တွေကတဆင့် မစ္စတာ ကျောက် ပြောတာကတော့ ဂယ်ဝမ် တောင်ကြား ဟာ နယ်ခြား ထိန်းချုပ်ရေးစည်း (Line of Actual Control – LAC) ပေါ်က တရုတ်ပိုင်နေရာအတွင်း မှာရှိတယ်လို့ ဆို ပါတယ် ။

ဒီစည်းကတော့ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင် ထားတဲ့ အင်အားကြီး နှစ်နိုင်ငံ ကြား ပီပီပြင်ပြင် နယ်သတ်မှတ် ပိုင်းခြား မထား တဲ့ နယ်စပ်ဒေသပါ ။

တရုတ်နဲ့ အိန္ဒိယ အရာရှိတွေကြား သဘောတူညီချက် တွေရပြီး တရုတ်ရဲ့ နယ်ခြားထိန်းချုပ်ရေး စည်းအတွင်းဘက်မှာ အိန္ဒိယက လာဆောက်ထားတဲ့ အခြေခံအဆောက်အဦ တခုကို အိန္ဒိယက မေလ အတွင်း မှာ မိုင်းခွဲဖြိုချပေးတယ်၊ စစ်တပ်လည်း ဆုတ်သွားတယ်၊ အဲဒီလို တင်းမာမှု အခြေအနေတွေ လျော့ကျအေးဆေးနေပြီး မှ အခုလို ရန်ပွဲဖြစ်လာတာလို့ သူက ပြော ပါတယ် ။

ဒါပေမဲ့ ဇွန်လ ၁၅ ရက်မှာတော့ အိန္ဒိယတပ်ဖွဲ့တွေ ဟာ “ဂယ်ဝမ်တောင်ကြား အခြေအနေ အေးဆေးလာနေချိန်မှာ တမင်သက်သက် ရန်စဖို့ နယ်ခြားထိန်းချုပ်စည်းကို ထပ်မံ ဖြတ်ကျော်ခဲ့တယ်” လို့ မစ္စတာ ကျောက်က ဆို ပါတယ် ။

“ညှိနှိုင်းဖြေရှင်းပေးဖို့သွားကြတဲ့ တရုတ် အရာရှိတွေ ၊ စစ်သားတွေ ကို အိန္ဒိယ ရှေ့တန်း စစ်သားတွေက အကြမ်းဖက်တိုက်ခိုက်ကြတဲ့အတွက် ပြင်းထန်တဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေဖြစ်ခဲ့ပြီး အသေအကြေတွေဖြစ်ကုန်တာ” လို့ဆို ပါတယ် ။

ဂယ်ဝမ်တောင်ကြားက နယ်ခြားထိန်းချုပ်ရေးစည်း မှာ အိန္ဒိယက “လမ်းတွေ၊ တံတားတွေ၊ တခြားအဆောက်အဦတွေ” ဧပြီလကတည်းက တည်ဆောက်နေတာ လို့ မစ္စတာ Zhao က ဆိုပါတယ် ။

ဝန်ကြီးချုပ် မိုဒီ ဘာပြောလဲ

မစ္စတာမိုဒီက သောကြာနေ့တုန်းက တီဗီကနေတဆင့် နိုင်ငံကို ပြောတဲ့ကြေညာချက် မှာ အိန္ဒိယ နယ်မြေထဲကို ဘယ်သူမှကျူးကျော်ဝင်လာတာမရှိဘူးလို့ ပြောခဲ့ပါတယ်။

“ဘယ်သူမှ တို့နယ်စပ် ကို မကျူးကျော်လာခဲ့ဘူး၊ အခုလည်း ဘယ်သူမှ မဝင်လာဘူး၊ တို့ ဂိတ်စခန်းတွေကိုလည်း ဘယ်သူမှ သိမ်းသွားတာမရှိခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။

အိန္ဒိယရဲ့ နယ်မြေကို ကာကွယ်ဖို့ အတွက် အိန္ဒိယစစ်တပ် ကို “လိုအပ်တာမှန် သမျှလုပ်ဖို့ လုပ်ပိုင်ခွင့် လွတ်လွတ်လပ်လပ် ပေးထားတယ် ”

“တရုတ်က လုပ်ခဲ့တဲ့ဟာတွေ အပေါ် နိုင်ငံ တခုလုံးက ထိခိုက်ခံစားခဲ့ပြီး ဒေါသထွက်နေတယ်” ၊ “အိန္ဒိယဟာ ငြိမ်းချမ်းရေးနဲ့ မိတ်ဆွေဖြစ်မှု ကိုလိုချင်တယ်၊ ဒါပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှု ကို ဦးထိပ်ထားထားတယ် ” လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောသွား ပါတယ် ။

သူ့အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဗုဒ္ဓဟူးနေ့တုန်းက ထုတ်ပြန်ကြေညာချက် တစောင်ထုတ်ကာ ဒီအဖြစ် အပျက် က “ဂယ်ဝမ်တောင်ကြားက ကျွန်ုပ်တို့ အိန္ဒိယရဲ့ ထိန်းချုပ်နယ်ခြားစည်းအတွင်းမှာ တရုတ်က အခြေခံ အဆောက် အဦတခု ကို ဆောက်ဖို့ လာလုပ်တာ” ကနေ စပြီးဖြစ်ခဲ့တာ လို့ ဆိုကာ တရုတ်ဘက် ကို အပြစ်ဖို့ထား ပါတယ် ။

ဂယ်ဝမ်တောင်ကြား မှာ ဘာတွေဖြစ်ခဲ့လဲ

မီဒီယာတွေက သတင်းတွေအရတော့ ပေ ၁၄, ၀၀၀ အမြင့်ရှိတဲ့ မတ်စောက်လှတဲ့တောင်တန်းတွေက တောင်ကြောတွေမှာ နှစ်ဖက်စစ်သားတွေ ရန်သတ်ပွဲဖြစ်ခဲ့တာ၊ တချို့စစ်သားတွေ ဆိုရင်တောင်ကြောပေါ်ကနေ ဟိုးအောက် မှာ သုည ဒီဂရီ အောက်အေးနေပြီး အရှိန်အဟုန်နဲ့ စီးနေတဲ့ ဂယ်ဝမ် မြစ်ထဲကို ကျသွားခဲ့တာတွေကို သိရပါတယ်။

အိန္ဒိယ စစ်သား အနည်းဆုံး ၂၀ သေတဲ့ အပြင် နောက်ထပ် အနည်းဆုံး ၇၆ ယောက် ဒဏ်ရာတွေရတယ်ဆိုတဲ့ သတင်းလည်းထွက်ပါတယ်။ တရုတ်ဘက်က အထိအခိုက် အသေအပျောက်စာရင်းကိုတော့ တရုတ်ဘက် က မထုတ်ပြန်သေး ပါဘူး ။

အိန္ဒိယဘက်မှာ ထွက်ပေါ်နေတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ် စစ်သား အနည်းဆုံး ၄၀ လောက် သေဆုံးတယ်လို့ သိရပါတယ်။

၁၉၉၆ ခုနှစ် သဘောတူ ချက်အရ အဲဒီဧရိယာဒေသအတွင်း သေနတ်တွေ၊ ပေါက်ကွဲစေတဲ့ လက်နက်မျိုးတွေ အသုံးပြုတာကို ပိတ်ပင်ထားတဲ့အတွက် အခုတိုက်ခိုက်ပွဲမှာ သေနတ် လက်နက်တွေမပါဘဲ ချခဲ့ကြတာပါ။

ကြာသပတေးနေ့က ထွက်ပေါ် လာတဲ့ ပုံတပုံမှာတော့ တိုကခိုက်ကြတဲ့ပွဲတွေမှာ သုံးတဲ့ သံချွန်တွေ တပ် သံတုတ်တွေကို ပြထားပါတယ်။
Image caption အိန္ဒိယ စစ်တပ် အရာရှိ တယောက်ကနေ ဘီဘီစီ ကို ပေးတဲ့ ပုံမှာ တိုက်ခိုက်ပွဲအတွင်း သုံးတဲ့ လက်နက်တွေကို ဖော်ပြထားပါတယ်

ဒီ သံချွန်တွေ တပ်ထားတဲ့ သံတုတ် လက်နက်တွေ ကို တရုတ်ဘက်က သုံး ခဲ့တာလို့ ဘီဘီစီ ကို ဒီ ဓာတ်ပုံပေးတဲ့ အိန္ဒိယ – တရုတ် နယ်စပ်ဆိုင်ရာ အိန္ဒိယစစ်တပ် ထိပ်တန်း အရာရှိက ပြောပါတယ်။

ဒီပုံကို အိန္ဒိယက တွစ်တာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှယ်နေကြပြီး အဲဒီက ဆိုရှယ် မီဒီယာ အသုံးပြုသူတွေကြားမှာ ဒေါသတွေပေါက်ကွဲနေကြပါတယ်။

လာဒါ့ခ် က ဂယ်ဝမ်မြစ် တောင်ကြားဟာ မြင့်မားတဲ့တောင် တန်းဒေသဖြစ်ပြီး ရာသီဥတု ကလည်း ပြင်းထန်ပါတယ်။ ဒီနေရာဟာ တရုတ်က ထိန်းချုပ်ထားပြီး အိန္ဒိယက သူပိုင်တယ်လို့ ဆိုထားတဲ့ အဆိုင် ချင်း (Aksai Chin) ဧရိယာနဲ့ အနီးလေးမှာ ရှိနေတဲ့ နေရာဒေသပါ။

ဒီ နျူကလီးယား အင်အားကြီး နှစ်နိုင်ငံက စစ်တပ်တွေ နယ်ခြားမှာ ပုံမှန်အားဖြင့်စစ်တပ်တွေသုံးကြတဲ့ သေနတ်လက်နက်တွေ မပါပဲ ချကြတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ထိန်းချုပ်နယ်ခြားစည်းနဲ့ မရေမရာ မတိမကျ ပိုင်းခြားထားတဲ့ မိုင် ၂,၁၀၀ အရှည် နယ်စပ် တကြောမှာ တဖက်နဲ့ တဖက် ရင်ဆိုင်ချကြတဲ့ ပွဲ တွေက အတော်လည်း ရှိခဲ့ပါတယ်။

သေနတ်ပစ်ပြီး တိုက်ခိုက်ကြတဲ့ နောက်ဆုံးပွဲက ၁၉၇၅ ခုနှစ် အတွင်း မှာ ဖြစ်ခဲ့ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းက အာရန်နာချယ် ပရာဒက်ရှ် ပြည်နယ် အတွင်း လူသူမရှိတဲ့ အရပ်က တောင်ကြားလမ်းတခုမှာ ဖြစ်ခဲ့ တာပါ ။

အဲဒီတုန်းက အိန္ဒိယ စစ်သား ၄ ယောက် သေဆုံးခဲ့ ပါတယ် ။ သံတမန်ဟောင်းတွေ အဆိုအရ တချို့က ခြုံခိုတိုက်ခိုက်ခံရတာလို့ ဆိုသလို တချို့ကလည်း ထိတွေ့တိုက်ခိုက်မှုလို့လည်း ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီအဖြစ်နောက်ပိုင်း ကတည်း က နှစ်ဖက် ချကြတဲ့ပွဲမှာ သေနတ်တွေ မပစ်တော့ တာပါ ။

ဒီလို သေနတ်မသုံးကြတဲ့ အကြောင်း အရင်းအမြစ်ကတော့ ၁၉၉၆ မှာလုပ် ခဲ့တဲ့ နှစ်ဖက် သဘောတူစာချုပ်ကြောင့်ပါ။ အဲဒီ စာချုပ်ထဲမှာ “နှစ်ဖက်စလုံးဟာ ထိန်းချုပ်နယ်ခြားစည်း (the Line of Actual Control) ကနေ နှစ် ကီလိုမီတာ အတွင်း သေနတ် (သို့မဟုတ်) ဖောက်ခွဲရေး လက်နက်တွေကို သုံးပြီး ပစ်ခတ်တာတွေ၊ ဖောက်ခွဲတာတွေ၊ အမဲလိုက်တာတွေ မလုပ်ပါဘူး” လို့ ဆိုထား ပါတယ် ။

ဒါပေမဲ့ အခုတလော သီတင်းပတ်တွေအတွင်း ဒီအဖြစ်အပြင် နယ်စပ်တလျှောက် တင်းမာတဲ့ ထိပ် တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။ မေလ အတွင်းမှာ အိန္ဒိယနဲ့ တရုတ် စစ်သားတွေ အကြား လူလူချင်း ချတဲ့နှက်တဲ့ ပွဲတွေ လာဒါ့ခ် က ‘ဖန်ဂွန်’ကန်မှာလည်း ဖြစ်ခဲ့သလို မိုင်ရာပေါင်းများစွာ အကွာ မှာ ရှိတဲ့ အိန္ဒိယ အရှေ့မြောက်ဘက် စစ်ကင်း ပြည်နယ်က နယ်စပ်မှာ လည်း ဖြစ်ခဲ့ ပါတယ်။

ဂယ်ဝမ်တောင်ကြားကို တရုတ်က ထောင်နဲ့ချီတဲ့ စစ်တပ်တွေ ကို စေလွှတ်ထား တယ် ။ သူ့ နယ်မြေ စတုရန်းမိုင် ၁၄, ၇၀၀ အကျယ်အဝန်းကို တရုတ်က သိမ်းထားတယ်လို့ အိန္ဒိယက စွပ်စွဲထား ပါတယ် ။ နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းဖို့ ပြီး ခဲ့တဲ့ ဆယ်စုနှစ် သုံးစုအတွင်း နှစ်နိုင်ငံကြား ဆွေးနွေးပွဲတွေ အများအပြားလုပ်ခဲ့ကြပေမယ့် လည်း အဖြေထုတ် လို့ မရသေးကြ ပါဘူး။

Source;BBC

Add a Comment

Your email address will not be published. Required fields are marked *

3 + 19 =