ကိုဗစ္-၁၉ လူနာေတြ ကုေနတဲ့ ဖေလာ္ရီဒါ ျပည္နယ္က ျမန္မာဆရာဝန္ ရဲ႕ အေတြ႕အႀကဳံ

ကိုဗစ္၁၉ ေရာဂါကူးစက္ခံရသူ ငါးသိန္းခြဲေက်ာ္ နဲ႔ ေသဆုံးသူ အေရအတြက္ ႏွစ္ေသာင္းေက်ာ္ ရွိလာေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူေတြရဲ႕ က်န္းမာေရးအေျခအေန အမ်ိဳးမ်ိဳးရွိေနတာပါ။ တခ်ိဳ႕မွာ ဗိုင္းရပ္စ္ကူးစက္ခံထားရေပမယ့္ အေျခအေနေကာင္းေနၿပီး၊ တခ်ိဳ႕ကေတာ့ အေျခအေန ဆိုး႐ြား လာတာေၾကာင့္ ေဆး႐ုံတင္ ကုသရတဲ့အဆင့္ ေရာက္လာတာမ်ိဳးရွိသလို၊ ေကာင္းေနတယ္လို႔ ထင္ေပမယ့္ ႐ုတ္တရက္ အေျခအေနဆိုးၿပီး ေသဆုံးတဲ့ အျဖစ္အပ်က္ေတြ လည္းရွိပါတယ္။

အေျခအေန မဆိုးတဲ့ ကိုဗစ္လူနာေတြ ကုသေပးရတဲ့ ဖေလာ္ရီဒါျပည္နယ္ Jackson Memorial ေဆး႐ုံက အေထြေထြအထူးကု ေဒါက္တာ စိုးပိုင္ရဲ႕ အေတြ႕အႀကဳံေတြကို မ အင္ၾကင္းႏိုင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ေဒါက္တာ စိုးပိုင္။ ။ ကိုဗစ္ Suspect ျဖစ္ၿပီဆိုတာနဲ႔ positive result မေစာင့္ေတာ့ဘူး။ Suspect ျဖစ္ၿပီဆိုတာနဲ႔ သူတို႔ သပ္သပ္ ခြဲထားတဲ့ အေဆာင္ရွိတယ္။ အဲဒီအေဆာင္က အခန္းေတြက Negative pressure ျဖစ္ရတယ္။ Negative pressure ဆိုတာက အထဲက ေလကို အျပင္စုပ္ထုတ္ၿပီးေတာ့ စိတ္ခ်ရတဲ့ေနရာကို သြား လႊတ္ရတာေပါ့။

တံခါးေတြ ပြင့္သြား တာတို႔ ၊ အခန္းမလုံတာတို႔ဆိုရင္ အထဲက ေလက Hallway ထဲကို မထြက္လာေအာင္လို႔ စုပ္ထုတ္တဲ့ဟာ ရွိရတယ္။ Negative pressure ျဖစ္ရတယ္။ တေဆာင္လုံးက သပ္သပ္ဆီ ျဖစ္ရတယ္။ အထဲဝင္မယ္ဆိုရင္လည္း အကုန္အျပည့္ဝတ္ရတယ္။ တကိုယ္လုံး ၊ ေခါင္းရယ္ ဆံပင္ေတြလည္း အုပ္ရတယ္။ ဖိနပ္ cover လုပ္ရတယ္ ၊ မ်က္ႏွာဆိုရင္လည္း မ်က္မွန္ရွိရင္ ရွိ၊ မရွိဘူးဆိုရင္ shield လုပ္ရတယ္။

N-95 ကေတာ့ မရွိလို႔ မျဖစ္ဘူးေပါ့ေနာ္ ၊ အဲဒါကို တပ္ရတယ္။ လူတေယာက္ ဆိုရင္ အသက္ ၅၀ ေလာက္ပဲ ရွိေသးတယ္ က်ေနာ္ ေရာက္လာေတာ့ ေခ်ာင္းဆိုးတယ္၊ သူ႔မိန္းမလည္း ေခ်ာင္းဆိုးေနတယ္။ လာတုန္းကေတာ့ အေကာင္းပဲ သိပ္မဆိုးဘူး ေအာက္ဆီဂ်င္ နည္းနည္းေလးပဲ လိုတယ္၊ ႏွာေခါင္းပိုက္ေလးနဲ႔ တပ္ထားတယ္။

X-ray မွာေတာ့ ျပေတာ့ ျပေနတယ္ ၊ result ကေတာ့ မလာဘူး Suspect ကေတာ့ ျဖစ္ေနတာေပါ့ေနာ္။ တရက္အတြင္းမွာ ႐ုတ္တရက္ ဆိုးလာတယ္ ညေနေလာက္မွာ ေတာ္ေတာ္ႀကီးအေမာေဖာက္တယ္၊ ေအာက္ဆီဂ်င္ အရမ္းလိုေနတယ္။ သူက ေနာက္ေန႔က်ေတာ့ လုံး၀ ventilator တင္ရေလာက္ေအာင္ ကို ျဖစ္သြားတယ္။

X-ray ေနာက္ေန႔မွာ ျပန္႐ိုက္လိုက္ေတာ့ သူလာတုန္းကနဲ႔ ယွဥ္ၾကည့္ လိုက္ေတာ့ ၂၄ နာရီအတြင္းမွာ ေတာ္ေတာ္ဆိုးသြားတယ္။ လူတိုင္းေတာ့ အဲလိုမျဖစ္ဘူး ျဖစ္ခ်င္မွ ျဖစ္တာေပါ့ေလ။ ကိုယ္ခံအားမေကာင္းရင္ ျမန္တာေပါ့ ၊ ဆိုးၿပီဆိုရင္ အရမ္းျမန္ေလ့ရွိတယ္။ တခ်ိဳ႕က်ေတာ့ သက္သာၿပီးေတာ့ အိမ္ျပန္သြားတာလည္း ရွိတယ္။

ေခ်ာင္းဆိုးတာတို႔၊ ဖ်ားတာတို႔ဆိုရင္ အနီးဆုံး ER မွာသြားစစ္လိုက္ပါ။ ER မွာဆိုရင္ ကိုဗစ္တင္မကဘူး X-ray ေတြပါ ႐ိုက္လိုက္ေသးတယ္ ၊ တခါတေလေတာ့ လူက ေကာင္းေပမယ့္ X-ray က ျပေနတယ္။ အဲဒါက Virus ေၾကာင့္ျဖစ္တဲ့ နမိုးနီးယားပုံစံေတြျဖစ္ေနတာေပါ့ေနာ္။ အဲဒါမ်ိဳးဆိုရင္ ေဆး႐ုံမွာ ေနလိုက္တာေကာင္းတယ္။

အင္ၾကင္းႏိုင္။ ။ ျပန္ေကာင္းသြားတဲ့ လူနာေတြကို ဘယ္လိုမ်ိဳး ကုသေပးတာလဲရွင့္။

ေဒါက္တာ စိုးပိုင္။ ။တခ်ိဳ႕က်ေတာ့လည္း ေတာ္ေတာ္ေလး သက္သာလာတယ္။ ၅ ရက္ ၆ ရက္ေလာက္ ေအာက္ဆီဂ်င္ မလိုဘူး ဆိုရင္ ၊ ကိုယ့္ကိုကိုယ္ အိမ္မွာ ေစာင့္ၾကည့္ႏိုင္တယ္ အဖ်ားလည္းမရွိဘူး၊ Stroke လည္းမရွိဘူး၊ X-ray ေတြဘာေတြ ႐ိုက္လိုက္လို႔ သက္သာတယ္ ဆိုရင္ အိမ္ျပန္ၿပီးေတာ့ quarantine လုပ္ခိုင္းတယ္၊

မွာေတာ့ မွာရတာေပါ့ေနာ္ တခုခုျဖစ္ရင္ ခ်က္ခ်င္းျပန္ လာဖို႔ ဥပမာ- အဖ်ားေတြဘာေတြ တက္တယ္ဆိုရင္ ေဆး႐ုံကို ခ်က္ခ်င္းျပန္လာဖို႔ အဲလိုမွာၿပီးေတာ့ discharge လုပ္လို႔ရတယ္။ Positive ေတာင္မွ Symptom မရွိဘူး သက္သာတယ္ဆိုရင္ ျပန္လႊတ္တယ္။ ကိုယ့္ကိုကိုယ္ ေစာင့္ၾကည့္ႏိုင္တယ္ဆိုရင္။ ဒီမွာက က်ေနာ္ တို႔ chloroquine သုံးတယ္။

ေရာဂါက positive လည္းရွိတယ္။ X-ray ကလည္း ျပေနတယ္၊ symptom ေတြလည္း ရွိတယ္ ေအာက္ဆီဂ်င္ မ်ားမ်ားလိုတယ္ဆိုရင္ chloroquine နဲ႔ ၿပီးတယ္။ တခ်ိဳ႕ကေတာ့ chloroquine ေတာင္မလိုဘူး ၊ positiveျဖစ္ေပမယ့္ လူေကာင္းနီးပါးရွိတယ္ဆိုရင္ ဒီအတိုင္းပဲ မွာလိုက္တာရွိတယ္။ တခ်ိဳ႕ေတာ့ ေဆး႐ုံ မွာ chloroquine နဲ႔ ကုတယ္ အမ်ိဳးမ်ိဳးပဲ ၊ ကိုယ္ခံအားေပၚလည္း မူတည္တယ္၊ အသက္အေပၚလည္း မူတည္တယ္။

အင္ၾကင္းႏိုင္။ ။ အဲဒီလို ငွက္ဖ်ားေဆး chloroquine ကို လူနာေတြကို ေပးတဲ့ေနရာမွာ ဘယ္လို အတိုင္းအတာ သတ္မွတ္ၿပီး ေပးလဲရွင့္။

ေဒါက္တာ စိုးပိုင္။ ။ အဓိက သတိထားရမွာက Heart ပဲ ၊ heart diseases ရွိတယ္ဆိုရင္ နည္းနည္း သတိထားရတယ္။ EKG လည္း ေန႔တိုင္းလိုလို check လုပ္ရတယ္။ Wave ေတြၾကည့္ရတယ္ ေျပာင္းသြားလား ဆိုတာၾကည့္ရတယ္။ QT လို႔ ေခၚတယ္ EKG မွာ Wave length ေလးတခုရွိတယ္ အဲဒါကို monitor လုပ္ရတာေပါ့ေနာ္။ အဲဒါ တက္လာၿပီဆိုရင္ ရပ္ၿပီးေတာ့ ေနာက္တခုကို ေျပာင္း ၊ အဓိကေတာ့ Heart monitor လုပ္ရတာေပါ့ေနာ္။

အင္ၾကင္းႏိုင္။ ။ ဖေလာ္ရီဒါမွာ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔ လူေတြ အိမ္မွာပဲ ေနဖို႔ ၫြန္ၾကားထားတဲ့ကာလ ဘယ္ေလာက္ထိလဲ။ အခုလို အေမရိကန္အစိုးရရဲ႕ ဗိုင္းရပ္စ္ ကာကြယ္ေရးအစီအစဥ္ေတြကေရာ လုံေလာက္မႈရွိတယ္လို႔ ျမင္ပါလား။

ေဒါက္တာ စိုးပိုင္။ ။ အခုအထိေတာ့ မေျပာေသးဘူး ။ ေမလေလာက္အထိေတာ့ မွန္းထားတာေပါ့ေနာ္။ Suggestion ေလာက္ပါပဲ ဘာမွ တင္းတင္းက်ပ္က်ပ္မရွိဘူး၊ Curfew လိုမ်ိဳးေတာ့မရွိဘူး သြားလာေနတာပဲ။ လူအုပ္ေတာ့ မရွိေတာ့ဘူး မလိုအပ္တဲ့ လူစုလူေဝးကေတာ့ အဲဒါေတာ့ ေပးမလုပ္ဘူး။ ဥပမာ- Church ေတြဘာေတြ မသြားရဘူး ၊ လူမလိုအပ္ပဲနဲ႔ မစုရဘူး။ အဲလိုေတာ့ရွိတယ္ ခြင့္မျပဳဘူး။

အင္ၾကင္းႏိုင္။ ။ အခုလို အစိုးရတို႔ တာဝန္ရွိသူေတြဘက္က ကာကြယ္ေရးအစီအစဥ္ေတြ လုပ္ေနတာကေရာ လုံေလာက္တယ္လို႔ ျမင္ပါသလား။

ေဒါက္တာ စိုးပိုင္။ ။အခုအထိကေတာ့ patient rate ေတြကေတာ့ တက္ေနတာပဲ၊ က်ေန္ာ ေန႔တိုင္းသတင္းၾကည့္ေနတဲ့အထဲမွာ positive case ေတြလည္း တက္တက္လာေနတာပဲ။ နည္းနည္းေလးေတာ့ အရင္ၿပီးခဲ့တဲ့ အပတ္ေတြထက္ေတာ့ slowdown ျဖစ္လာတယ္လို႔ ထင္တယ္။ အစိုးရလုပ္တာကေတာ့ ေျပာေနတာ ကေတာ့ ေနာက္က်တယ္လို႔ ေျပာေနတယ္ ။ ဆိုေတာ့ ဖိဖိစည္းစည္း ဒါကို ကိုင္တြယ္ တားဆီးတာ နည္းနည္းေနာက္က်တယ္။”

Jackson Memorial ေဆး႐ုံက အေထြေထြ အထူးကု ေဒါက္တာ စိုးပိုင္ေျပာ သြားတာပါ။

ဒီအေတာအတြင္းမွာပဲ အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသြားတဲ့ ျမန္မာ-အေမရိကန္ တခ်ိဳ႕ရွိေန ပါတယ္။

VOA Burmese News

unicode

ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူ ငါးသိန်းခွဲကျော် နဲ့ သေဆုံးသူ အရေအတွက် နှစ်သောင်းကျော် ရှိလာနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေရဲ့ ကျန်းမာရေးအခြေအနေ အမျိုးမျိုးရှိနေတာပါ။ တချို့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့် အခြေအနေကောင်းနေပြီး၊ တချို့ကတော့ အခြေအနေ ဆိုးရွား လာတာကြောင့် ဆေးရုံတင် ကုသရတဲ့အဆင့် ရောက်လာတာမျိုးရှိသလို၊ ကောင်းနေတယ်လို့ ထင်ပေမယ့် ရုတ်တရက် အခြေအနေဆိုးပြီး သေဆုံးတဲ့ အဖြစ်အပျက်တွေ လည်းရှိပါတယ်။

အခြေအနေ မဆိုးတဲ့ ကိုဗစ်လူနာတွေ ကုသပေးရတဲ့ ဖလော်ရီဒါပြည်နယ် Jackson Memorial ဆေးရုံက အထွေထွေအထူးကု ဒေါက်တာ စိုးပိုင်ရဲ့ အတွေ့အကြုံတွေကို မ အင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာ စိုးပိုင်။ ။ ကိုဗစ် Suspect ဖြစ်ပြီဆိုတာနဲ့ positive result မစောင့်တော့ဘူး။ Suspect ဖြစ်ပြီဆိုတာနဲ့ သူတို့ သပ်သပ် ခွဲထားတဲ့ အဆောင်ရှိတယ်။ အဲဒီအဆောင်က အခန်းတွေက Negative pressure ဖြစ်ရတယ်။ Negative pressure ဆိုတာက အထဲက လေကို အပြင်စုပ်ထုတ်ပြီးတော့ စိတ်ချရတဲ့နေရာကို သွား လွှတ်ရတာပေါ့။

တံခါးတွေ ပွင့်သွား တာတို့ ၊ အခန်းမလုံတာတို့ဆိုရင် အထဲက လေက Hallway ထဲကို မထွက်လာအောင်လို့ စုပ်ထုတ်တဲ့ဟာ ရှိရတယ်။ Negative pressure ဖြစ်ရတယ်။ တဆောင်လုံးက သပ်သပ်ဆီ ဖြစ်ရတယ်။ အထဲဝင်မယ်ဆိုရင်လည်း အကုန်အပြည့်ဝတ်ရတယ်။ တကိုယ်လုံး ၊ ခေါင်းရယ် ဆံပင်တွေလည်း အုပ်ရတယ်။ ဖိနပ် cover လုပ်ရတယ် ၊ မျက်နှာဆိုရင်လည်း မျက်မှန်ရှိရင် ရှိ၊ မရှိဘူးဆိုရင် shield လုပ်ရတယ်။

N-95 ကတော့ မရှိလို့ မဖြစ်ဘူးပေါ့နော် ၊ အဲဒါကို တပ်ရတယ်။ လူတယောက် ဆိုရင် အသက် ၅၀ လောက်ပဲ ရှိသေးတယ် ကျနော် ရောက်လာတော့ ချောင်းဆိုးတယ်၊ သူ့မိန်းမလည်း ချောင်းဆိုးနေတယ်။ လာတုန်းကတော့ အကောင်းပဲ သိပ်မဆိုးဘူး အောက်ဆီဂျင် နည်းနည်းလေးပဲ လိုတယ်၊ နှာခေါင်းပိုက်လေးနဲ့ တပ်ထားတယ်။

X-ray မှာတော့ ပြတော့ ပြနေတယ် ၊ result ကတော့ မလာဘူး Suspect ကတော့ ဖြစ်နေတာပေါ့နော်။ တရက်အတွင်းမှာ ရုတ်တရက် ဆိုးလာတယ် ညနေလောက်မှာ တော်တော်ကြီးအမောဖောက်တယ်၊ အောက်ဆီဂျင် အရမ်းလိုနေတယ်။ သူက နောက်နေ့ကျတော့ လုံး၀ ventilator တင်ရလောက်အောင် ကို ဖြစ်သွားတယ်။

X-ray နောက်နေ့မှာ ပြန်ရိုက်လိုက်တော့ သူလာတုန်းကနဲ့ ယှဉ်ကြည့် လိုက်တော့ ၂၄ နာရီအတွင်းမှာ တော်တော်ဆိုးသွားတယ်။ လူတိုင်းတော့ အဲလိုမဖြစ်ဘူး ဖြစ်ချင်မှ ဖြစ်တာပေါ့လေ။ ကိုယ်ခံအားမကောင်းရင် မြန်တာပေါ့ ၊ ဆိုးပြီဆိုရင် အရမ်းမြန်လေ့ရှိတယ်။ တချို့ကျတော့ သက်သာပြီးတော့ အိမ်ပြန်သွားတာလည်း ရှိတယ်။

ချောင်းဆိုးတာတို့၊ ဖျားတာတို့ဆိုရင် အနီးဆုံး ER မှာသွားစစ်လိုက်ပါ။ ER မှာဆိုရင် ကိုဗစ်တင်မကဘူး X-ray တွေပါ ရိုက်လိုက်သေးတယ် ၊ တခါတလေတော့ လူက ကောင်းပေမယ့် X-ray က ပြနေတယ်။ အဲဒါက Virus ကြောင့်ဖြစ်တဲ့ နမိုးနီးယားပုံစံတွေဖြစ်နေတာပေါ့နော်။ အဲဒါမျိုးဆိုရင် ဆေးရုံမှာ နေလိုက်တာကောင်းတယ်။

အင်ကြင်းနိုင်။ ။ ပြန်ကောင်းသွားတဲ့ လူနာတွေကို ဘယ်လိုမျိုး ကုသပေးတာလဲရှင့်။

ဒေါက်တာ စိုးပိုင်။ ။တချို့ကျတော့လည်း တော်တော်လေး သက်သာလာတယ်။ ၅ ရက် ၆ ရက်လောက် အောက်ဆီဂျင် မလိုဘူး ဆိုရင် ၊ ကိုယ့်ကိုကိုယ် အိမ်မှာ စောင့်ကြည့်နိုင်တယ် အဖျားလည်းမရှိဘူး၊ Stroke လည်းမရှိဘူး၊ X-ray တွေဘာတွေ ရိုက်လိုက်လို့ သက်သာတယ် ဆိုရင် အိမ်ပြန်ပြီးတော့ quarantine လုပ်ခိုင်းတယ်၊

မှာတော့ မှာရတာပေါ့နော် တခုခုဖြစ်ရင် ချက်ချင်းပြန် လာဖို့ ဥပမာ- အဖျားတွေဘာတွေ တက်တယ်ဆိုရင် ဆေးရုံကို ချက်ချင်းပြန်လာဖို့ အဲလိုမှာပြီးတော့ discharge လုပ်လို့ရတယ်။ Positive တောင်မှ Symptom မရှိဘူး သက်သာတယ်ဆိုရင် ပြန်လွှတ်တယ်။ ကိုယ့်ကိုကိုယ် စောင့်ကြည့်နိုင်တယ်ဆိုရင်။ ဒီမှာက ကျနော် တို့ chloroquine သုံးတယ်။

ရောဂါက positive လည်းရှိတယ်။ X-ray ကလည်း ပြနေတယ်၊ symptom တွေလည်း ရှိတယ် အောက်ဆီဂျင် များများလိုတယ်ဆိုရင် chloroquine နဲ့ ပြီးတယ်။ တချို့ကတော့ chloroquine တောင်မလိုဘူး ၊ positiveဖြစ်ပေမယ့် လူကောင်းနီးပါးရှိတယ်ဆိုရင် ဒီအတိုင်းပဲ မှာလိုက်တာရှိတယ်။ တချို့တော့ ဆေးရုံ မှာ chloroquine နဲ့ ကုတယ် အမျိုးမျိုးပဲ ၊ ကိုယ်ခံအားပေါ်လည်း မူတည်တယ်၊ အသက်အပေါ်လည်း မူတည်တယ်။

အင်ကြင်းနိုင်။ ။ အဲဒီလို ငှက်ဖျားဆေး chloroquine ကို လူနာတွေကို ပေးတဲ့နေရာမှာ ဘယ်လို အတိုင်းအတာ သတ်မှတ်ပြီး ပေးလဲရှင့်။

ဒေါက်တာ စိုးပိုင်။ ။ အဓိက သတိထားရမှာက Heart ပဲ ၊ heart diseases ရှိတယ်ဆိုရင် နည်းနည်း သတိထားရတယ်။ EKG လည်း နေ့တိုင်းလိုလို check လုပ်ရတယ်။ Wave တွေကြည့်ရတယ် ပြောင်းသွားလား ဆိုတာကြည့်ရတယ်။ QT လို့ ခေါ်တယ် EKG မှာ Wave length လေးတခုရှိတယ် အဲဒါကို monitor လုပ်ရတာပေါ့နော်။ အဲဒါ တက်လာပြီဆိုရင် ရပ်ပြီးတော့ နောက်တခုကို ပြောင်း ၊ အဓိကတော့ Heart monitor လုပ်ရတာပေါ့နော်။

အင်ကြင်းနိုင်။ ။ ဖလော်ရီဒါမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လူတွေ အိမ်မှာပဲ နေဖို့ ညွန်ကြားထားတဲ့ကာလ ဘယ်လောက်ထိလဲ။ အခုလို အမေရိကန်အစိုးရရဲ့ ဗိုင်းရပ်စ် ကာကွယ်ရေးအစီအစဉ်တွေကရော လုံလောက်မှုရှိတယ်လို့ မြင်ပါလား။

ဒေါက်တာ စိုးပိုင်။ ။ အခုအထိတော့ မပြောသေးဘူး ။ မေလလောက်အထိတော့ မှန်းထားတာပေါ့နော်။ Suggestion လောက်ပါပဲ ဘာမှ တင်းတင်းကျပ်ကျပ်မရှိဘူး၊ Curfew လိုမျိုးတော့မရှိဘူး သွားလာနေတာပဲ။ လူအုပ်တော့ မရှိတော့ဘူး မလိုအပ်တဲ့ လူစုလူဝေးကတော့ အဲဒါတော့ ပေးမလုပ်ဘူး။ ဥပမာ- Church တွေဘာတွေ မသွားရဘူး ၊ လူမလိုအပ်ပဲနဲ့ မစုရဘူး။ အဲလိုတော့ရှိတယ် ခွင့်မပြုဘူး။

အင်ကြင်းနိုင်။ ။ အခုလို အစိုးရတို့ တာဝန်ရှိသူတွေဘက်က ကာကွယ်ရေးအစီအစဉ်တွေ လုပ်နေတာကရော လုံလောက်တယ်လို့ မြင်ပါသလား။

ဒေါက်တာ စိုးပိုင်။ ။အခုအထိကတော့ patient rate တွေကတော့ တက်နေတာပဲ၊ ကျနေ်ာ နေ့တိုင်းသတင်းကြည့်နေတဲ့အထဲမှာ positive case တွေလည်း တက်တက်လာနေတာပဲ။ နည်းနည်းလေးတော့ အရင်ပြီးခဲ့တဲ့ အပတ်တွေထက်တော့ slowdown ဖြစ်လာတယ်လို့ ထင်တယ်။ အစိုးရလုပ်တာကတော့ ပြောနေတာ ကတော့ နောက်ကျတယ်လို့ ပြောနေတယ် ။ ဆိုတော့ ဖိဖိစည်းစည်း ဒါကို ကိုင်တွယ် တားဆီးတာ နည်းနည်းနောက်ကျတယ်။”

Jackson Memorial ဆေးရုံက အထွေထွေ အထူးကု ဒေါက်တာ စိုးပိုင်ပြော သွားတာပါ။

ဒီအတောအတွင်းမှာပဲ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားတဲ့ မြန်မာ-အမေရိကန် တချို့ရှိနေ ပါတယ်။

VOA Burmese News

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 16 =