crd : alanzayar
unicode
သမီးရည်းစား ဘဝတုန်းက သူများ မျက်စိနောက်လောက်အောင် ကို Ro ခဲ့တယ် ဆို တဲ့ ရေဗက္ကာဝင်း (ရုပ်သံ)
အခုရက်ပိုင်းမှာတော့ နာမည်ကြီးတွေ ဖြစ်ကြတဲ့ မယ်လိုဒီ နဲ့ ရေဗက္ကာ တို့ အိမ်ထောင်ရေး ပြသနာဟာဆိုရင်တော့ လူထုစိတ်အဝင်စားဆုံး သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။
မယ်လိုဒီမှ လက်ရှိအိမ်ထောင်ဖက်နှင့်ကွာရှင်းခဲ့ ပီးနောက် မှာ သူမနဲ့ ရေဗက္ကာတို့ အပြန်အလှန်ပြောဆိုထားတဲ့ မက်စင်ဂျာ တွေပျံ့နှံ့လာခဲ့ပါတယ်။
မက်စင်ဂျာထဲမှာ မယ်လိုဒီကို ရေဗက္ကာက စွပ်စွဲပြောဆို ထားတာဖြစ်ပီ မယ်လိုဒီနဲ့ အပြန်အလှန်ပြင်းပြင်းထန်ထန်တွေ ပြောဆိုရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ရေဗက္ကာဟာ ဖြစ်စဉ်တွေ ကို ရှင်းလင်း ခဲ့ပီး မကြာခင် အချိန်မှာပဲ ရေဗက္ကာခင်ပွန်းဟောင်းဖြစ်သူမှ ရေဗက္ကာရေးသားချက်များဟာ အမှန်မဟုတ်ကြောင်းနဲ့ ဖြစ်စဉ်အမှန်ကို ရေးတင်ခဲ့ပြန်ပါတယ်။
ရေဗက္ကာဆိုတာလည်း အသံပါဝါကောင်းကောင်း နဲ့ သီးချင်းကောင်းလေးတွေ ကြောင့် ပရိတ်သတ်အသဲစွဲ အနုပညာရှင်ဖြစ်သလို ဗွီယိုဇာတ်လမ်းများလည်း ရိုက်ကူးခဲပီး ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားတာ လည်းဖြစ် ပါတယ်။
မယ်လိုဒီဟာလည်း သူမရဲ့ သရုပ်ဆောင် အနုပညာနဲ့အတူ သူမရဲ့ ချောမောပြေပြစ်လှပမှုတွေကြောင့် ပရိတ်သတ်ချစ်ခင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဖြစ်ပါတယ်။ အခုလို အနုပညာရှင်တွေနှစ်ဦးရဲ့ အိမ်ထောင်ရေးပြိုကွဲမှုအပြင် အပြန်အလှန်စွပ်စွဲနေကြတဲ့အတွက် အားပေးတဲ့ပရိတ်သတ် ကြီးလည်း များစွာစိတ်မကောင်းဖြစ်ရသလို မှင်တက် အံ့အားသင့်ခဲ့ကြရပါတယ်။
ဒီဗွီယိုဖိုင် လေးကတော့ တစ်ချိန်က ရေဗက္ကာဝင်း နဲ့ သူမရဲ့ခင်ပွန်းဟောင်း တို့ Ro ခဲ့ကြတုန်းက အင်တာဗျူး တစ်ခုကို ပရိတ်သတ်ကြီး သတိတရပြန်ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်နော်။