ကမာၻ႔ ဒုတိယ အခက္အခဲဆုံး အဘိဝံသ စာေမးပြဲ ကို တႏိုင္ငံလုံး ပထမျဖင့္ ထူးခြၽန္စြာ ေအာင္ျမင္ ခဲ့တဲ့ ဆရာေတာ္

ကမာၻ႔ ဒုတိယ အခက္အခဲဆုံး အဘိဝံသ စာေမးပြဲ ကို တႏိုင္ငံလုံး ပထမျဖင့္ ထူးခြၽန္စြာ ေအာင္ျမင္ ခဲ့တဲ့ ဆရာေတာ္

ျမတ္စြာဘုရားေဟာၾကားထားတဲ့ တရားေတာ္ အားလုံးျဖစ္တဲ့ တိပိဋ ကစာေမးပြဲ(ပိဋကတ္သုံးပုံစာေမးပြဲ)သည္ ကမ႓ာေပၚတြင္ အခက္ခဲဆုံးျဖစ္ေလသည္။

(ပိဋကတ္ သုံးပုံေဆာင္ထားသည့္ ေက်းဇူးေတာ္ရွင္ မင္းကြန္းတိပိဋကဆရာေတာ္ဘုရားႀကီးသည္ ကမ႓ာ့မွတ္ဉာဏ္ အေကာင္းဆုံး ဂင္းနစ္စံခ်ိန္ဝင္ခဲ့ေလသည္)

အဘိဝံသစာေမးပြဲ ဆိုတာကေတာ့ ကမ႓ာ့ဒုတိယ အခက္ခဲဆုံး စာေမးပြဲျဖစ္ေလသည္အစိုးရစာေမးပြဲကဲ့သို႔ မေအာင္မခ်င္း ေျဖခြင့္မရွိဘဲ အသက္အားျဖင့္ ကန႔္သတ္ထားလို႔ပါပဲ

စာသင္တန္းကို ၂ရႏွစ္အတြင္း (တစ္လေက်ာ္ေနလွ်င္ပင္ ေျဖခြင့္မရေတာ့ပါ)စာခ်တန္း ကို အသက္(၃၀)အတြင္းအမွတ္ (၁၀၀) တြင္ (၈၅)မွတ္ရမွေအာင္ျမင္ေလသည္။

(၈၅)မွတ္နဲ႔ေအာင္တာ ပင္ ႐ိုး႐ိုးေအာင္အဆင့္ဟု သတ္မွတ္ ထားတယ္။

ထို႔ကဲ့သို႔အရမ္း ခက္ခဲလွပါေသာ သက်သီဟ အဘိဝံသစာေမးပြဲႀကီးတြင္ ျမန္မာတစ္ႏိုင္ငံလုံး ပထမဂုဏ္ထူးျဖင့္ ထူးခြၽန္စြာ ေအာင္ျမင္ခဲ့ပါေသာမႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္သစ္ ဓမၼဝိနယရံသီေက်ာင္းဆရာေတာ္ဘုရား၏ တပည့္ရင္းျဖစ္ေသာအရွင္ေသာပါကာဘိဝံသ-အား ဂုဏ္ျပဳပူေဇာ္ပါသည္။

မစိုရိမ္တိုက္သစ္ႀကီး၏ နာယကတစ္ပါးျဖစ္သြား ေသာအရွင္ေသာပါကာ ဘိဝံသ သည္ စစ္ကိုင္းတိုင္းေဒသႀကီး #ေ႐ႊဘိုခ႐ိုင္ တန႔္ဆည္ၿမိဳ႕ဇာတိျဖစ္ၿပီ

ဆယ္တန္းကို (၃)ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္ၿပီးမွ သာသနာေဘာင္သို႔ဝင္ေရာက္လာသူျဖစ္ၿပီး ပညာသင္ႏွစ္(၁၀)ႏွစ္အတြင္း မစိုးရိမ္တိုက္သစ္နာယကအျဖစ္သို႔ေရာက္ရွိသြားေသာ(ဆယ္တန္းေအာင္စဥ္ (၁၆)ႏွစ္ ယခု(၂၆))ႏွစ္)

မိမိတို႔ႏွင့္ ဓမၼဝိနယအေဆာင္တြင္ အတူေနခဲ့ေသာ အရွင္ေသာ ပါကာဘိဝံသ- အား ဂုဏ္ျပဳပါ၏မစိုးရိမ္တိုက္သစ္အတြင္းမွာ တပည့္ေတြ အဘိဝံသဘြဲ႕ရ မစိုးရိမ္တိုက္သစ္နာယကျဖစ္ေအာင္ ပညာေတြသင္ၾကားေပးပါေသာဓမၼဝိနယရံသီေက်ာင္းဆရာေတာ္အားလည္း ဦးခိုက္ပူေဇာ္ပါ၏ဘုရားအရွင္ေသာပါ ကာဘိဝံသသည္ ယခုအခါ ဖားေအာက္ေတာရ တြင္ တရားအားထုတ္ေနေလသည္သက်သီဟစာေမးပြဲေျဖၿပီတိုင္း ေမာ္လၿမိဳင္ ဖားေအာက္ေတာရသို႔ အၿမဲတရားလာထိုင္ေလ့ရွိေသာ အရွင္တစ္ပါးျဖစ္ေလသည္

ကမ႓ာ့ဒုတိယအခက္ခဲဆုံးစာေမးပြဲတြင္ ပထမဂုဏ္ထူးျဖင့္ ေအာင္ျမင္ေသာ အရွင္ေသာပါကာဘိဝံသအား ဂုဏ္ျပဳပူေဇာ္ပါသည္ဘုရား။

အရွင္နရိႏၵ (ေမာ္လၿမိဳင္)

သက်သီဟဘိဝံသစာေမးပြဲ ပထမဂုဏ္ထူးျဖင့္ေအာင္ျမင္ေတာ္မူ၍ မစိုးရိမ္တိုက္သစ္ နာယကျဖစ္ေတာ္မူေသာ ဦးေသာပါကာဘိဝံသ၏ ေထ႐ုပၸတၱိအက်ဥ္း…

စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕နယ္ ေပကုန္း႐ြာ ခမည္းေတာ္ ဦးထြန္းႀကိဳင္+မယ္ေတာ္ ေဒၚစန္း႐ႊင္တို႔မွ ၁၃၅၄ ခု ၊ တပိုတြဲလဆန္း(၇)ရက္ ေသာၾကာေန႔တြင္ ဖြားျမင္ေသာ သားရတနာျဖစ္….

၁၃၇၄ ခုႏွစ္ ေတာ္သလင္းလဆုတ္(၉)ရက္ေန႔တြင္ မစိုးရိမ္တိုက္သစ္ မဟာနာယကဆရာေတာ္ကို ဥပဇ်ၥာယ္ျပဳ၍ ဦးသိန္းေ႒း ေဒၚခင္ဝင္းဦးတို႔၏ ပစၥယာႏုဂၢဟကို ခံယူကာ ရဟန္းအျဖစ္သို႔ ေရာက္ရွိ…

ေအာင္ျမင္ခဲ့ေသာ.စာေမးပြဲမ်ား

၁။၁၃၇၀/၁၃၇၁ ခုႏွစ္တကၠသိုလ္ဝင္တန္း(အဂၤလိပ္၊႐ူပ၊ဇီဝ)သုံးဘာသာဂုဏ္ထူး(2008 2009 ပညာသင္ႏွစ္)

၂။ မစိုးရိမ္တိုက္သစ္ ဓမၼာႏုဂၢဟ ငယ္ လတ္ ႀကီး သုံးတန္းလုံးတို႔၌ ပထမဂုဏ္ထူး

၃။ ဓမၼာႏုဂၢဟ စာသင္တန္း.ပထမဂုဏ္ထူး

၄။၁၃၇၂ခု ပထမငယ္တန္း တႏိုင္ငံလုံး ပထမ

၅။၁၃၇၃ခု ပထမလတ္တန္း တႏိုင္ငံလုံး ပထမ

၆။၁၃၇၅ခု ပထမႀကီးတန္း တႏိုင္ငံလုံး ဒုတိယ

၇။၁၃ရရခုႏွစ္ ျမင္းၿခံ ပရိယတၱိသဒၶပါလစာသင္တန္း ဒုတိယဂုဏ္ထူး

၈။၁၃၇၈ခုႏွစ္ သက်သီဟစာသင္တန္း.တတိယ ဂုဏ္ထူး

၉။၁၃၇၉ ခုႏွစ္ ႏိုင္ငံေတာ္အစိုးရ သာသနဓဇဓမၼာစရိယဘြဲ႕

၁၀။၁၃၈၀ ျပည့္ႏွစ္ ေစတိယဂၤဏ စာသင္တန္းေအာင္ျမင္

၁၁။၁၃၈၁ခုႏွစ္ သက်သီဟစာခ်တန္း အဘိဝံသစာေမးပြဲ ကို တႏိုင္ငံလုံး ပထမဂုဏ္ထူး ျဖင့္ေအာင္ျမင္၍ မစိုးရိမ္တိုက္သစ္ အငယ္ဆုံး နာယကတပါးျဖစ္ေတာ္မူသည္…သက္ေတာ္ ၂၆ႏွစ္သာရွိေတာ္မူ..

ယခုအခါ မစိုးရိမ္ တိုက္သစ္ ဓမၼဝိနယရံသီေက်ာင္းတြင္ သီတင္းသုံးေနထိုင္လွ်က္ ရွိပါသည္…

အ႐ြင္သဳ (ရံသီ)

ဆရာသမားဂုဏ္ကို အာ႐ုံျပဳလွ်က္ ေဖာ္ျပပါသည္ဘုရား..

unicode

ကမ္ဘာ့ ဒုတိယ အခက်အခဲဆုံး အဘိဝံသ စာမေးပွဲ ကို တနိုင်ငံလုံး ပထမဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့တဲ့ ဆရာတော်

မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော် အားလုံးဖြစ်တဲ့ တိပိဋ ကစာမေးပွဲ(ပိဋကတ်သုံးပုံစာမေးပွဲ)သည် ကမ႓ာပေါ်တွင် အခက်ခဲဆုံးဖြစ်လေသည်။

(ပိဋကတ် သုံးပုံဆောင်ထားသည့် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးသည် ကမ႓ာ့မှတ်ဉာဏ် အကောင်းဆုံး ဂင်းနစ်စံချိန်ဝင်ခဲ့လေသည်)

အဘိဝံသစာမေးပွဲ ဆိုတာကတော့ ကမ႓ာ့ဒုတိယ အခက်ခဲဆုံး စာမေးပွဲဖြစ်လေသည်အစိုးရစာမေးပွဲကဲ့သို့ မအောင်မချင်း ဖြေခွင့်မရှိဘဲ အသက်အားဖြင့် ကန့်သတ်ထားလို့ပါပဲ

စာသင်တန်းကို ၂ရနှစ်အတွင်း (တစ်လကျော်နေလျှင်ပင် ဖြေခွင့်မရတော့ပါ)စာချတန်း ကို အသက်(၃၀)အတွင်းအမှတ် (၁၀၀) တွင် (၈၅)မှတ်ရမှအောင်မြင်လေသည်။

(၈၅)မှတ်နဲ့အောင်တာ ပင် ရိုးရိုးအောင်အဆင့်ဟု သတ်မှတ် ထားတယ်။

ထို့ကဲ့သို့အရမ်း ခက်ခဲလှပါသော သကျသီဟ အဘိဝံသစာမေးပွဲကြီးတွင် မြန်မာတစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသောမန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏ တပည့်ရင်းဖြစ်သောအရှင်သောပါကာဘိဝံသ-အား ဂုဏ်ပြုပူဇော်ပါသည်။

မစိုရိမ်တိုက်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သွား သောအရှင်သောပါကာ ဘိဝံသ သည် စစ်ကိုင်းတိုင်းဒေသကြီး #ရွှေဘိုခရိုင် တန့်ဆည်မြို့ဇာတိဖြစ်ပြီ

ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှ သာသနာဘောင်သို့ဝင်ရောက်လာသူဖြစ်ပြီး ပညာသင်နှစ်(၁၀)နှစ်အတွင်း မစိုးရိမ်တိုက်သစ်နာယကအဖြစ်သို့ရောက်ရှိသွားသော(ဆယ်တန်းအောင်စဉ် (၁၆)နှစ် ယခု(၂၆))နှစ်)

မိမိတို့နှင့် ဓမ္မဝိနယအဆောင်တွင် အတူနေခဲ့သော အရှင်သော ပါကာဘိဝံသ- အား ဂုဏ်ပြုပါ၏မစိုးရိမ်တိုက်သစ်အတွင်းမှာ တပည့်တွေ အဘိဝံသဘွဲ့ရ မစိုးရိမ်တိုက်သစ်နာယကဖြစ်အောင် ပညာတွေသင်ကြားပေးပါသောဓမ္မဝိနယရံသီကျောင်းဆရာတော်အားလည်း ဦးခိုက်ပူဇော်ပါ၏ဘုရားအရှင်သောပါ ကာဘိဝံသသည် ယခုအခါ ဖားအောက်တောရ တွင် တရားအားထုတ်နေလေသည်သကျသီဟစာမေးပွဲဖြေပြီတိုင်း မော်လမြိုင် ဖားအောက်တောရသို့ အမြဲတရားလာထိုင်လေ့ရှိသော အရှင်တစ်ပါးဖြစ်လေသည်

ကမ႓ာ့ဒုတိယအခက်ခဲဆုံးစာမေးပွဲတွင် ပထမဂုဏ်ထူးဖြင့် အောင်မြင်သော အရှင်သောပါကာဘိဝံသအား ဂုဏ်ပြုပူဇော်ပါသည်ဘုရား။

အရှင်နရိန္ဒ (မော်လမြိုင်)

သကျသီဟဘိဝံသစာမေးပွဲ ပထမဂုဏ်ထူးဖြင့်အောင်မြင်တော်မူ၍ မစိုးရိမ်တိုက်သစ် နာယကဖြစ်တော်မူသော ဦးသောပါကာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း…

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ပေကုန်းရွာ ခမည်းတော် ဦးထွန်းကြိုင်+မယ်တော် ဒေါ်စန်းရွှင်တို့မှ ၁၃၅၄ ခု ၊ တပိုတွဲလဆန်း(၇)ရက် သောကြာနေ့တွင် ဖွားမြင်သော သားရတနာဖြစ်….

၁၃၇၄ ခုနှစ် တော်သလင်းလဆုတ်(၉)ရက်နေ့တွင် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကို ဥပဇျ္စာယ်ပြု၍ ဦးသိန်းဋ္ဌေး ဒေါ်ခင်ဝင်းဦးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိ…

အောင်မြင်ခဲ့သော.စာမေးပွဲများ

၁။၁၃၇၀/၁၃၇၁ ခုနှစ်တက္ကသိုလ်ဝင်တန်း(အင်္ဂလိပ်၊ရူပ၊ဇီဝ)သုံးဘာသာဂုဏ်ထူး(2008 2009 ပညာသင်နှစ်)

၂။ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟ ငယ် လတ် ကြီး သုံးတန်းလုံးတို့၌ ပထမဂုဏ်ထူး

၃။ ဓမ္မာနုဂ္ဂဟ စာသင်တန်း.ပထမဂုဏ်ထူး

၄။၁၃၇၂ခု ပထမငယ်တန်း တနိုင်ငံလုံး ပထမ

၅။၁၃၇၃ခု ပထမလတ်တန်း တနိုင်ငံလုံး ပထမ

၆။၁၃၇၅ခု ပထမကြီးတန်း တနိုင်ငံလုံး ဒုတိယ

၇။၁၃ရရခုနှစ် မြင်းခြံ ပရိယတ္တိသဒ္ဓပါလစာသင်တန်း ဒုတိယဂုဏ်ထူး

၈။၁၃၇၈ခုနှစ် သကျသီဟစာသင်တန်း.တတိယ ဂုဏ်ထူး

၉။၁၃၇၉ ခုနှစ် နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့

၁၀။၁၃၈၀ ပြည့်နှစ် စေတိယင်္ဂဏ စာသင်တန်းအောင်မြင်

၁၁။၁၃၈၁ခုနှစ် သကျသီဟစာချတန်း အဘိဝံသစာမေးပွဲ ကို တနိုင်ငံလုံး ပထမဂုဏ်ထူး ဖြင့်အောင်မြင်၍ မစိုးရိမ်တိုက်သစ် အငယ်ဆုံး နာယကတပါးဖြစ်တော်မူသည်…သက်တော် ၂၆နှစ်သာရှိတော်မူ..

ယခုအခါ မစိုးရိမ် တိုက်သစ် ဓမ္မဝိနယရံသီကျောင်းတွင် သီတင်းသုံးနေထိုင်လျှက် ရှိပါသည်…

အရွင္သု (ရံသီ)

ဆရာသမားဂုဏ်ကို အာရုံပြုလျှက် ဖော်ပြပါသည်ဘုရား..