က်န္းမာေရး ဝန္ထမ္းေတြကို ဂုဏ္ျပဳေငြ (၅၀၀၀၀ိ/-) စီ ေပးအပ္ေန

က်န္းမာေရး ဝန္ထမ္းေတြကို ဂုဏ္ျပဳေငြ (၅၀၀၀၀ိ/-) စီ ေပးအပ္ေန

ဆရာဝန္ေတြက အစ သန႔္ရွင္းေရး ဝန္ထမ္းေတြထိ ေပးတာလို႔ သိရပါတယ္။က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက က်န္းမာေရး ဝန္ထမ္းေတြကို ဂုဏ္ျပဳေငြ ငါးေသာင္းစီ ေပးအပ္ေနတယ္လို႔ သိရပါတယ္။အခု ဇြန္လပထမအပတ္ကစတင္ေပးအပ္ေနတာျဖစ္ၿပီး ဆရာဝန္ေတြ ကေန သန႔္ရွင္းေရး ဝန္ထမ္းေတြအထိ ေပးအပ္ေနတာျဖစ္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုး ကေျပာပါတယ္။

ကိုဗစ္ကာလမွာ ကုသကာကြယ္ေရး လုပ္ငန္းေတြအတြက္ ေရွ႕တန္းကေန စြမ္းစြမ္းတံမံေဆာင္႐ြက္ေပးတဲ့အတြက္ ဂုဏ္ျပဳဆုေငြ ေပးအပ္တာျဖစ္ၿပီး အခ်ိဳ႕ က်န္းမာေရးဝန္ထမ္းေတြကေတာ့ ျပန္ၿပီးလႉဒါန္းၾကတာေတြ ရွိတယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္ တို႔ကို ဇြန္လ ပထမအပတ္ကတည္းက ေပးအပ္ေနတာပါ။ကြၽန္ေတာ္ လည္း ရၿပီးပါၿပီ။ အခုလို ဂုဏ္ျပဳ ေပးအပ္တဲ့အတြက္ ေက်းဇူးတင္ပါတယ္။တခ်ိဳ႕ဆိုရင္ေတာ့ ျပန္လႉတာေတြလည္း ေတြ႕ရပါတယ္။”လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊က်န္းမာေရးအသိပညာျမႇင့္တင္ေရဌာနခြဲမွ ၫႊန္ၾကားေရးမႉး ေဒါက္တာ သန္းႏိုင္စိုးက ေျပာပါတယ္။ဒါ့အျပင္ ျမန္မာႏိုင္ငံဆး‌ေကာင္စီကလည္း ဆရာဝန္ေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေဆးကုသခြင့္လိုင္စင္ကို တစ္ႏွစ္စာ ကင္းလြတ္ခြင့္ေပးလိုက္တယ္လို႔ သိရပါေသးတယ္။

Credit Duwun

unicode

ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုငွေ (၅၀၀၀၀ိ/-) စီ ပေးအပ်နေ

ဆရာဝန်တွေက အစ သန့်ရှင်းရေး ဝန်ထမ်းတွေထိ ပေးတာလို့ သိရပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျန်းမာရေး ဝန်ထမ်းတွေကို ဂုဏ်ပြုငွေ ငါးသောင်းစီ ပေးအပ်နေတယ်လို့ သိရပါတယ်။အခု ဇွန်လပထမအပတ်ကစတင်ပေးအပ်နေတာဖြစ်ပြီး ဆရာဝန်တွေ ကနေ သန့်ရှင်းရေး ဝန်ထမ်းတွေအထိ ပေးအပ်နေတာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး ကပြောပါတယ်။

ကိုဗစ်ကာလမှာ ကုသကာကွယ်ရေး လုပ်ငန်းတွေအတွက် ရှေ့တန်းကနေ စွမ်းစွမ်းတံမံဆောင်ရွက်ပေးတဲ့အတွက် ဂုဏ်ပြုဆုငွေ ပေးအပ်တာဖြစ်ပြီး အချို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပြန်ပြီးလှူဒါန်းကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် တို့ကို ဇွန်လ ပထမအပတ်ကတည်းက ပေးအပ်နေတာပါ။ကျွန်တော် လည်း ရပြီးပါပြီ။ အခုလို ဂုဏ်ပြု ပေးအပ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။တချို့ဆိုရင်တော့ ပြန်လှူတာတွေလည်း တွေ့ရပါတယ်။”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ကျန်းမာရေးအသိပညာမြှင့်တင်ရေဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံဆး‌ကောင်စီကလည်း ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆေးကုသခွင့်လိုင်စင်ကို တစ်နှစ်စာ ကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ သိရပါသေးတယ်။

Credit Duwun