ေယာဂက်င့္စဥ္ေတြဟာ ကို႐ိုနာ ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မိုဒီ ခ်ီး မြမ္းလိုက္ၿပီ

ေယာဂက်င့္စဥ္ေတြဟာ ကို႐ိုနာ ဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မိုဒီ ခ်ီး မြမ္းလိုက္ၿပီ

အိႏၵိယဝန္ႀကီးခ်ဳပ္ နာရမ္ဒြါ မိုဒီဟာ ေယာဂက်င့္စဥ္ ေတြကို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး နည္းလမ္းမ်ားဟုဆိုကာ ခ်ီးေျမႇာက္ခဲ့တယ္လို႔ သိရပါတယ္။

ေရွးေခတ္အိႏၵိယအေလ့အထေတြကို ဟိုးအရင္ကတည္းက ေထာက္ခံ ခဲ့ၿပီး ေယာဂက်င့္ရာမွာလည္း စိတ္အားထက္သန္သူ တစ္ဦးျဖစ္တဲ့ မိုဒီက ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ဘယ္သူကမွ မေဖာ္ထုတ္ႏိုင္ေသးေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကို ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္နဲ႔သာ ကာကြယ္ႏိုင္မွာျဖစ္ေၾကာင္း၊ ေယာဂ က်င့္စဥ္ေတြဟာ ခႏၶာကိုယ္ကို ဗိုင္းရပ္စ္အကာအကြယ္ ဒိုင္းသဖြယ္ တည္ေဆာက္ေပးႏိုင္ေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ျပည္သူလူထုကို ေျပာၾကားခဲ့ပါတယ္။

မိုဒီက ေယာဂဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူမ်ားႀကဳံေတြ႕ေန ရတဲ့ ဖိစီးမႈေတြကို သက္သာေစတဲ့ နည္းလမ္းတစ္ခုျဖစ္ေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာ စိန္ေခၚမႈေတြကိုပါ တြန္းလွန္ႏိုင္တဲ့ စြမ္းရည္ရွိေၾကာင္း ခ်ီးက်ဴးေျပာဆိုထားပါတယ္။

ဒါေပမဲ့လည္း ဒီနည္းလမ္းဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ႏိုင္ တဲ့ သိပၸံ နည္းက် အေထာက္အထားမရွိဘူးလို႔ အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနအပါအဝင္ ကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။

လူဦးေရ ၁.၃ ဘီလီယံရွိတဲ့ အိႏၵိယႏိုင္ငံဟာ အခု ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ၃၈၁၀၉၁ ဦး၊ ေသဆုံးသူ ၁၂၆၀၄ ဦးနဲ႔ ကမာၻေပၚမွာ စတုတၱေျမာက္ ဗိုင္းရပ္စ္ကူးစက္မႈ အဆိုး႐ြားဆုံးႏိုင္ငံ ျဖစ္ေနတယ္လို႔ အတည္ျပဳထားတဲ့ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

ေလးစားမႈျဖင့္ ခရစ္ဒက္ Akonthi

unicode

ယောဂကျင့်စဉ်တွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်း ဝန်ကြီးချုပ် မိုဒီ ချီး မွမ်းလိုက်ပြီ

အိန္ဒိယဝန်ကြီးချုပ် နာရမ်ဒွါ မိုဒီဟာ ယောဂကျင့်စဉ် တွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး နည်းလမ်းများဟုဆိုကာ ချီးမြှောက်ခဲ့တယ်လို့ သိရပါတယ်။

ရှေးခေတ်အိန္ဒိယအလေ့အထတွေကို ဟိုးအရင်ကတည်းက ထောက်ခံ ခဲ့ပြီး ယောဂကျင့်ရာမှာလည်း စိတ်အားထက်သန်သူ တစ်ဦးဖြစ်တဲ့ မိုဒီက ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘယ်သူကမှ မဖော်ထုတ်နိုင်သေးကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့သာ ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ ယောဂ ကျင့်စဉ်တွေဟာ ခန္ဓာကိုယ်ကို ဗိုင်းရပ်စ်အကာအကွယ် ဒိုင်းသဖွယ် တည်ဆောက်ပေးနိုင်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြည်သူလူထုကို ပြောကြားခဲ့ပါတယ်။

မိုဒီက ယောဂဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူများကြုံတွေ့နေ ရတဲ့ ဖိစီးမှုတွေကို သက်သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကိုပါ တွန်းလှန်နိုင်တဲ့ စွမ်းရည်ရှိကြောင်း ချီးကျူးပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ဒီနည်းလမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင် တဲ့ သိပ္ပံ နည်းကျ အထောက်အထားမရှိဘူးလို့ အမေရိကန်အမျိုးသားကျန်းမာရေးဌာနအပါအဝင် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ အခု ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၃၈၁၀၉၁ ဦး၊ သေဆုံးသူ ၁၂၆၀၄ ဦးနဲ့ ကမ္ဘာပေါ်မှာ စတုတ္တမြောက် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံ ဖြစ်နေတယ်လို့ အတည်ပြုထားတဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် Akonthi