ဝူဟန္ၿမိဳ႕ တြင္ ေနထိုင္သူ တဦး ကိုဗစ္ကပ္ေရာဂါ ကာလအတြင္း ေပါင္ခ်ိန္ (၆၀၀) ေက်ာ္သြားခဲ့

ဝူဟန္ၿမိဳ႕ တြင္ ေနထိုင္သူ တဦး ကိုဗစ္ကပ္ေရာဂါ ကာလအတြင္း ေပါင္ခ်ိန္ (၆၀၀) ေက်ာ္သြားခဲ့

တ႐ုတ္ႏိုင္ငံ ဝူဟန္ ၿမိဳ႕တြင္ ေနထိုင္ သည့္ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးသည္ ကိုဗစ္ကာလ အတြင္း ငါးလ တာ အိမ္တြင္းေအာင္းလိုက္ရသျဖင့္ ၂၂၄ ေပါင္ တက္သြားကာ စုစုေပါင္း ကိုယ္အေလးခ်ိန္ ၆၁၆ ေပါင္ျဖစ္သြားပါတယ္။

ကိုယ္အေလးခ်ိန္ ႐ုတ္တရက္ တစ္ဟုန္ ထိုးတက္လာသျဖင့္ က်န္းမာေရး အေျခအေန ဆိုးဆိုး ႐ြား႐ြားျဖစ္လာတဲ့ အတြက္ ၎သည္ ယခုလ ဆန္းပိုင္းတြင္ ေဆး႐ုံကို ပို႔လိုက္ရပါတယ္။ ကိုယ္အေလးခ်ိန္ ၆၁၆ ေပါင္ရွိသျဖင့္ သူဟာ ဝူဟန္ၿမိဳ႕တြင္ အဝဆုံးလူသားျဖစ္သြား ပါေတာ့တယ္။

ဝူဟန္ၿမိဳ႕မွာ ဇန္နဝါရီလ ေႏွာင္းပိုင္းကစၿပီး တ႐ုတ္အစိုးရက ေလာ့ခ္ေဒါင္းခ် လိုက္သျဖင့္ သူသည္ အလုပ္ မသြားရေတာ့ပဲ အိမ္တြင္းေအာင္းေနရ ပါေတာ့တယ္။ အစိုးရက ဧၿပီလဆန္းပိုင္းမွာ ေလာ့ခ္ေဒါင္း ႐ုပ္သိမ္း လိုက္ေသာ္လည္း ၎ကေတာ့ အိမ္ထဲတြင္သာ ဆက္လက္ ေနထိုင္ ေနရ ပါတယ္။

မစၥတာဇူသည္ ၀လြန္းသျဖင့္ လႈပ္ ရွားသြား လာရာတြင္ အခက္ေတြ႕ေနရတယ္လို႔ မိသားစု ဝင္မ်ားက ဆိုပါတယ္။ မစၥတာဇူဟာ တစ္သက္လုံးေပါင္ခ်ိန္ မ်ားေနသူ ျဖစ္ၿပီး ဝိတ္က်ရန္ နည္းအမ်ိဳးမ်ိဳး ႀကိဳးစား ခဲ့ဖူးေသာ္လည္း ေအာင္ျမင္ျခင္း မရွိခဲ့ပါဘူး။

အရပ္ ၅ ေပ ၇ လက္မရွိ တဲ့ မစၥတာဇူဟာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္း မွာ ေပါင္ခ်ိန္ ၃၉၂ ေပါင္ရွိခဲ့ ေပမယ့္လည္း ေလာ့ခ္ေဒါင္းေၾကာင့္ ေပါင္ ၆၀၀ ေက်ာ္သြားခဲ့ ရတာပါ။ လက္ ရွိမွာ လူနာရဲ႕ အေျခအေနက တည္ၿငိမ္ေနၿပီ ျဖစ္ေၾကာင္း၊ လူနာကို ဝိတ္က်ေစရန္ အစာအိမ္ခ်ဳံ႕သည့္ ခြဲစိတ္မႈ လုပ္ရေတာ့ မည္ျဖစ္ေၾကာင္း ဆရာဝန္မ်ား ကဆိုပါတယ္။

(၅) လအတြင္း လူနာ ထိုသို႔တစ္ဟုန္ထိုး ကိုယ္အေလးခ်ိန္ တက္သြားရျခင္းအ ေၾကာင္းရင္းအတိအက်ကိုေတာ့ ေဆး႐ုံက ထုတ္ေဖာ္မေျပာ ခဲ့ပါဘူး။

unicode

ဝူဟန်မြို့ တွင် နေထိုင်သူ တဦး ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပေါင်ချိန် (၆၀၀) ကျော်သွားခဲ့

တရုတ်နိုင်ငံ ဝူဟန် မြို့တွင် နေထိုင် သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ကိုဗစ်ကာလ အတွင်း ငါးလ တာ အိမ်တွင်းအောင်းလိုက်ရသဖြင့် ၂၂၄ ပေါင် တက်သွားကာ စုစုပေါင်း ကိုယ်အလေးချိန် ၆၁၆ ပေါင်ဖြစ်သွားပါတယ်။

ကိုယ်အလေးချိန် ရုတ်တရက် တစ်ဟုန် ထိုးတက်လာသဖြင့် ကျန်းမာရေး အခြေအနေ ဆိုးဆိုး ရွားရွားဖြစ်လာတဲ့ အတွက် ၎င်းသည် ယခုလ ဆန်းပိုင်းတွင် ဆေးရုံကို ပို့လိုက်ရပါတယ်။ ကိုယ်အလေးချိန် ၆၁၆ ပေါင်ရှိသဖြင့် သူဟာ ဝူဟန်မြို့တွင် အဝဆုံးလူသားဖြစ်သွား ပါတော့တယ်။

ဝူဟန်မြို့မှာ ဇန်နဝါရီလ နှောင်းပိုင်းကစပြီး တရုတ်အစိုးရက လော့ခ်ဒေါင်းချ လိုက်သဖြင့် သူသည် အလုပ် မသွားရတော့ပဲ အိမ်တွင်းအောင်းနေရ ပါတော့တယ်။ အစိုးရက ဧပြီလဆန်းပိုင်းမှာ လော့ခ်ဒေါင်း ရုပ်သိမ်း လိုက်သော်လည်း ၎င်းကတော့ အိမ်ထဲတွင်သာ ဆက်လက် နေထိုင် နေရ ပါတယ်။

မစ္စတာဇူသည် ၀လွန်းသဖြင့် လှုပ် ရှားသွား လာရာတွင် အခက်တွေ့နေရတယ်လို့ မိသားစု ဝင်များက ဆိုပါတယ်။ မစ္စတာဇူဟာ တစ်သက်လုံးပေါင်ချိန် များနေသူ ဖြစ်ပြီး ဝိတ်ကျရန် နည်းအမျိုးမျိုး ကြိုးစား ခဲ့ဖူးသော်လည်း အောင်မြင်ခြင်း မရှိခဲ့ပါဘူး။

အရပ် ၅ ပေ ၇ လက်မရှိ တဲ့ မစ္စတာဇူဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း မှာ ပေါင်ချိန် ၃၉၂ ပေါင်ရှိခဲ့ ပေမယ့်လည်း လော့ခ်ဒေါင်းကြောင့် ပေါင် ၆၀၀ ကျော်သွားခဲ့ ရတာပါ။ လက် ရှိမှာ လူနာရဲ့ အခြေအနေက တည်ငြိမ်နေပြီ ဖြစ်ကြောင်း၊ လူနာကို ဝိတ်ကျစေရန် အစာအိမ်ချုံ့သည့် ခွဲစိတ်မှု လုပ်ရတော့ မည်ဖြစ်ကြောင်း ဆရာဝန်များ ကဆိုပါတယ်။

(၅) လအတွင်း လူနာ ထိုသို့တစ်ဟုန်ထိုး ကိုယ်အလေးချိန် တက်သွားရခြင်းအ ကြောင်းရင်းအတိအကျကိုတော့ ဆေးရုံက ထုတ်ဖော်မပြော ခဲ့ပါဘူး။