








unicode

ဂျပန်လုပ်ငန်းရှင်တွေ ပြောတဲ့ မြန်မာလုပ်ငန်းရှင်တွေ ရဲ့ ရှင်သန်နိုင်စွမ်း နှင့် အားသာချက် ( မြန်မာတွေသာ ဂျပန်မှာ သွားလုပ်ရင် ဂျပန်တွေအကုန် ဂန့်ပြီ )

#ကျွန်တော်မိတ်ဆွေ ဂျပန်ကြီးက ပြောတယ်, မင်းတို့မြန်မာပြည်က လုပ်ငန်းရှင် တွေ တကယ် တော်တယ်,တကယ် အလုပ်လုပ်ချင် စိတ်ရှိကြတယ်လို့ ချီးကျူး စကားပြောလာပါတယ်. ကျွန်တော်ကလည်း သူကိုပြန်မေး တာပေါ့ ဘာကြောင့်လည်း လို့ သူကပြန်ပြော ပါတယ်.အခုလို ကိုလိုနာ ဗိုင်းရစ်ကြောင့် နိင်ငံပေါင်းများစွာမှာ စတော့တွေကျ,အလုပ်အကိုင်တွေ ရပ်လို့ သက်ဆိုင်ရာအစိုးရ အသီးသီးက သူတို့နိင်ငံက လုပ်ငန်းရှင်တွေ ဆက်လက် အလုပ်လုပ်နိင်အောင် ဖက်ပေါင်းစုံကနေ ပန့်ပိုး ကူညီမူတွေ များစွာလုပ်ပေး နေရပါတယ်.

မင်းတို့မြန်မာအစိုးရက ဘဏ်ချေးငွေ အတိုးနှုန်းကို ၁၃% ကနေ ၁၂.၅%ပဲလျော့ ပေးတာတောင် မင်းတို့မြန်မာပြည်က ကုန်သည်ကြီးများအသင်းက ဗဟိုဘဏ်ကို အထူးကျေးဇူးတင် ကြောင်းပြောနိင်တယ်. ငါတို့ ဂျပန်နိင်ငံမှာ အခုဆို ဘဏ္တိုးမေကာက္ခံဖို့ လုပ်ငန်းရှင်တွေရပ်တည်နိင်ဖို့ အလုပ်သမားများ အတွက် လစာထောက်ပန့်ဖို့ အစစအရာရာ နိင်ငံတော်က တာဝန်ယူပြီ လုပ်ဆောင်နေရတယ်.

မင်းတို့မြန်မာပြည်က လုပ်ငန်းရှင်က ဘဏ်ကိုပေးရတဲ့ အတိုးတဝက် လောက်ရရင်ပဲကို ငါကွဆိုပြီ ဖြစ်နေကြပြီ. ဒါကြောင့်ဂျပန်ကလူတွေ, လုပ်ငန်းရှင်တွေကို အမြဲပြောတယ် မြန်မာပြည်က လုပ်ငန်းရှင်တွေသာ ဂျပန်ကို ရောက်လာရင် မင်းတို့တွေ နေရာရှိတော့မှာ မဟုက်ဘူးလို့ သူအမြဲပြောကြောင်း, ဂျပန်ပြည်မှာ ဘဏ်တိုးလေး တစ်နှစ်ကို ၂% လောက်ယူတာတောင် အရှုံးပေါ်နေတဲ့ ကုမ္မဏီတွေ အများကြီးရှိကြောင်း,

မြန်မာပြည်က လုပ်ငန်းရှင် တွေလို တစ်နှစ်ကို ၁၃-၁၄% ပေး ရရင် ဂျပန်မှာ အလုပ်လုပ်မဲ့ကုမ္မဏီတွေ တောင်ရှိတော့မယ် မထင်ကြောင်း ပြောပြပါတယ်. နောက်ပြီ ဂျပန်ပြည်မှာလို တည်ငြိမ်ခိုင်မာတဲ့ လုပ်ထုံး လုပ်နည်း ဥပဒေတွေနဲ့ အလုပ်တစ်ခုတည်းကို အာရုံစိုက်လုပ်ရတာတောင် ခက်ခဲနေတဲ့ လုပ်ငန်းရှင်တွေ များစွာ ရှိကြောင်း, မင်းတို့မြန်မာပြည်လို တာဝန်ရှိသူတွေရဲ့ စိတ်ကူးတည့်ရာ ညွန်ကြားချက်ပေါ်လစီတွေနဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် ထုက်ပြန်နေ တဲ့ လုပ်ထုံးလုပ်နည်း ကြားမှာ အလုပ်လုပ်ရမယ်ဆို ဂျပန်လုပ်ငန်းရှင်တွေ ကိုယ်ဟာကိုယ်သတ်သေကြလို့ လုပ်ငန်းရှင် တွေတောင် ရှိတော့မှာ မဟုက်ကြောင်းပြောပြပါတယ်.

ဒါကြောင့် သူအနေနဲ့ မြန်မာပြည်က လုပ်ငန်းရှင်တွေကို အထူး ချီးကျူး ကြောင်းပြောပြပါတယ်. ဒါနဲ့ ကျွန်တော်က ပြန်မေးပါတယ်. မြန်မာပြည်က လုပ်ငန်းရှင် တွေက ဒီလောက်တော် သည့်တိုင် ဘာကြောင့်မဖွံဖြိုးမတိုးတက် တာလည်း မေးတော့ သူကပြန်ပြောတာက နိင်ငံတစ်ခုဖွံဖြိုးတိုးတက်ဖို့ဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ် ခံပြည်သူ နှစ်ရပ်လုံးတော်ဖို့လိုကြောင်း အုပ်ချုပ်ခံလုပ်ငန်းရှင် ပြည်သူတွေကတော်ရုံနဲ့မရကြောင်း ပြောပြပါတယ်. ဒါဆိုရင်🤪🤪🤪

လေးစားစွာဖြင့် ခရစ်ဒက် ……….. Banya Zaw Copy

လေးစားစွာဖြင့် ခရစ်ဒက် ………..U Ye Naing post မှ

Add a Comment

Your email address will not be published. Required fields are marked *

1 × 3 =