




crd : panpyoelat

unicode

ပရိသတ် သဘောကျနှစ်သက်မှုကို များစွာ ရရှိနေတဲ့ အေးမြဖြူ ရဲ့ ပထမဆုံး သီချင်း Teaser ဗီဒီယိုလေး

ပရိသတ်တွေရဲ့အချစ်တော် အေးမြဖြူ ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီး ပြီးကတည်းက ဖျော်ဖြေရေးပွဲတွေကို ဆက်တိုက်ဆိုသလိုဖျော်ဖြေနေခဲ့ရပြီး ကိုယ်ပိုင်သီချင်းလေးတွေထွက်ရှိလာဖို့ကိုလည်း ကြိုးစားနေခဲ့ပါတယ်။ အေးမြဖြူကတော့ မကြာမီအချိန်မှာ သူ့ရဲ့ ပထမဆုံး သီချင်းလေးထွက်ရှိလာတော့မယ့် အကြောင်းကို ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

သီချင်းလေးရဲ့ နာမည်ကတော့ “လွမ်းနေလို့” လို့ နာမည်ပေးထားပြီး အေးမြဖြူလေးရဲ့ ပထမဆုံး Single Song လေးလည်း ဖြစ်ပါတယ်။ သီချင်းလေးကတော့ လာမယ့် ဇွန်လ (၂၆)ရက်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပြီး မိုသိုလေးကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် ဒီသီတင်းကောင်းလေးနဲ့ အတူ သီချင်းလေး ရဲ့ (၃၂)စက္ကန့်စာ အမြည်း ဗီဒီယိုလေးကိုပါ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။

မိုးသိုလေးအတွက် ပထမဆုံး သီချင်းလေး ဖြစ်ပေမဲ့ (၃၂)စက္ကန့်စာ အမြည်းဗီဒီယိုလေးကို နားဆင်ပြီးတဲ့ ပရိသတ်တွေကတော့ သီချင်းလေး ကြိုက်နှစ်သက်လွန်းလို့ တရားဝင်ထွက်ရှိလာမယ့်နေ့ကို စောင့်မျှော်နေပြီဖြစ်တဲ့အကြောင်းကိုလည်း မှတ်ချက်ပေးပြောဆိုနေကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက မိုးသိုလေးရဲ့ ပရိသတ်တွေလည်း သီချင်းအမြည်းလေးကို နားဆင် လို့ရအောင် မျှဝေဖော်ပြပေး လိုက်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

two × 3 =