“ငြိမ်းလှကို မမုန်းပဲ ချစ်ကြတော့လဲ ပီတိဖြစ်ရပါတယ် ❣️” ဆိုပြီး ပရိတ်သတ်တွေကို ပြောလာတဲ့မင်းသမီးလေး “ဖြိုးအိန္ဒြာမင်း”

သရုပ်ဆောင် ဖြိုးအိန္ဒြာမင်းကတော့ မော်ဒယ်လ်တစ်ယောက် အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဖြိုးအိန္ဒြာမင်းကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ငြိမ်းလှဆိုတဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကိုရရှိခဲ့သူ တစ်ယောက်ဆိုလည်း မမှားပါဘူး။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

“ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားခဲ့ပြီဆို ပေမယ့် ပရိသတ်တွေကတော့ သရုပ်ဆောင်တစ်ယောက်ချင်းစီကို မှတ်မိနေပြီး အားပေးနေကြဆဲဖြစ်ပါတယ်။ဒီတစ်ခါမှာလည်း ဖြိုးအိန္ဒြာမင်းက အပြင်ကိုသွားခိုက် သူမကိုမှတ်မိပြီး အားပေးကြတဲ့ ပရိသတ်တွေနဲ့ အမှတ်တရပုံလေးကို တင်ကာ “ငြိမ်းလှကိုမမုန်းပဲ ချစ်ကြတော့လဲပီတိဖြစ်ရပါတယ် ❣️” ဆိုပြီး ပြောလာပါတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

ဖြိုးအိန္ဒြာမင်းကတော့ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာ ဗီလိန် ကာရိုက်တာ နေရာကနေ သရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် ပရိသတ်တွေရဲ့အားပေးမှုကို ဒီနေ့ဒီအချိန်ထိရရှိနေဆဲဖြစ်ပါတယ်။ ဖြိုးအိန္ဒြာမင်း တစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ အောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Phyo Eaindra Min’s fb