ကိုဗစ် ရဲ့ မာယာများမှုတွေကို ကြုံတွေ့ခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ချို့အား ဝမ်းနည်းခြင်း များစွာဖြင့် ဖွင့်ဟပြောပြလာတဲ့ ချယ်ရီသင်း

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှုတွေကြောင့် လက်ရှိသေဆုံးနေသူဦးရေ များစွာ ရှိနေပါတယ်။ အဓိက ပြသနာကတော့ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ပြီး အခုချိန်ထိတော့ ထိန်းချုပ်လို့ မရနိုင်သေးတဲ့ အခြေအနေဖြစ်နေဆဲ ဖြစ်ပါတယ်။ ချစ်ခင်ရသူများကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုဝင် များကလည်း သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို လူမှု ကွန်ယက်များတွင် ရေးသားဝေမျှပေးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း အဆိုတော် ချယ်ရီသင်းရဲ့ လူမှုကွန်ယက်တွင် ကိုဗစ်ရဲ့မာယာများမှု တွေကြောင့် အစ်ကိုဝမ်းကွဲ သေဆုံးသွားခဲ့ရပုံကို ဝမ်းနည်းခြင်းများစွာဖြင့် ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ ဇူလိုင်လ(၁၉) ရက်နဲ့ (၂၉) ရက်နေ့တွင် သူမချစ်ရတဲ့ ဆွေမျိုး (၂) ဦး ကိုဗစ် ရောဂါကြောင့် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဇူလိုင်လ (၃၀) ရက်နေ့မှာလည်း ကိုယ်တိုင် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့ရတဲ့အစ်ကို ဝမ်းကွဲတစ်ဦး ဆုံးပါးသွားတာကြောင့် ဝမ်းနည်းနေတာ ဖြစ်ပါတယ်။

မနေ့က ကွယ်လွန်သွားတဲ့ အစ်ကိုဝမ်းကွဲ ကို နေ့လည်ခင်းအထိ အကောင်းဆုံး ပြုစုပေးခဲ့ပြီး အောက်ဆီဂျင်တောင်(၇၀)နဲ့ (၈၀) ကြားရှိခဲ့ပေမယ့် အိမ်ခဏပြန်တဲ့ အချိန်ခဏလေးမှာ အခုလို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ချယ်ရီသင်းတစ်ယောက် နေ့မြင် ညပျောက် သေခြင်းတရားကို မျက်မြင်ခံစားလိုက်ရတဲ့ အတွက် ယူကြုံးမရ ဝမ်းနည်းငိုကြွေးနေတာ ဖြစ်ပါတယ်။ အသက်ရှင် နေတဲ့ အချိန်မှာ ပျော်အောင်နေဖို့နဲ့ အချိန်တွေ နာရီတွေက ဒဏ္ဍာရီဆန်ကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ဖွင့်ဟပြောပြထားတာ ဖြစ်ပါတယ်။ တစ်လထဲမှာ အမျိုးသုံးယောက် ဆုံးရှုံးလိုက်ရတဲ့ ချယ်ရီသင်းအတွက် ထပ်တူဝမ်းနည်းရကြောင်းနဲ့ ကွယ်လွန်သူများအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Cherry Thin’s Facebook Account

zawgyi

ျမန္မာႏိုင္ငံတြင္ ကိုဗစ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ လက္ရွိေသဆုံးေနသူဦးေရ မ်ားစြာ ရွိေနပါတယ္။ အဓိက ျပသနာကေတာ့ ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ျဖစ္ၿပီး အခုခ်ိန္ထိေတာ့ ထိန္းခ်ဳပ္လို႔ မရႏိုင္ေသးတဲ့ အေျခအေနျဖစ္ေနဆဲ ျဖစ္ပါတယ္။ ခ်စ္ခင္ရသူမ်ားကို ဆုံးရႈံးလိုက္ရတဲ့ မိသားစုဝင္ မ်ားကလည္း သူတို႔ရဲ႕ ဝမ္းနည္းပူေဆြးမႈေတြကို လူမႈ ကြန္ယက္မ်ားတြင္ ေရးသားေဝမွ်ေပးေနၾကတာကိုလည္း ျမင္ေတြ႕ရပါတယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း အဆိုေတာ္ ခ်ယ္ရီသင္းရဲ႕ လူမႈကြန္ယက္တြင္ ကိုဗစ္ရဲ႕မာယာမ်ားမႈ ေတြေၾကာင့္ အစ္ကိုဝမ္းကြဲ ေသဆုံးသြားခဲ့ရပုံကို ဝမ္းနည္းျခင္းမ်ားစြာျဖင့္ ဖြင့္ဟေျပာျပလာတာ ျဖစ္ပါတယ္။ ဇူလိုင္လ(၁၉) ရက္နဲ႔ (၂၉) ရက္ေန႔တြင္ သူမခ်စ္ရတဲ့ ေဆြမ်ိဳး (၂) ဦး ကိုဗစ္ ေရာဂါေၾကာင့္ ေရွ႕ဆင့္ေနာက္ဆင့္ ကြယ္လြန္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဇူလိုင္လ (၃၀) ရက္ေန႔မွာလည္း ကိုယ္တိုင္ အနီးကပ္ျပဳစုေစာင့္ေရွာက္ေပးခဲ့ရတဲ့အစ္ကို ဝမ္းကြဲတစ္ဦး ဆုံးပါးသြားတာေၾကာင့္ ဝမ္းနည္းေနတာ ျဖစ္ပါတယ္။

မေန႔က ကြယ္လြန္သြားတဲ့ အစ္ကိုဝမ္းကြဲ ကို ေန႔လည္ခင္းအထိ အေကာင္းဆုံး ျပဳစုေပးခဲ့ၿပီး ေအာက္ဆီဂ်င္ေတာင္(၇၀)နဲ႔ (၈၀) ၾကားရွိခဲ့ေပမယ့္ အိမ္ခဏျပန္တဲ့ အခ်ိန္ခဏေလးမွာ အခုလို ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ရီသင္းတစ္ေယာက္ ေန႔ျမင္ ညေပ်ာက္ ေသျခင္းတရားကို မ်က္ျမင္ခံစားလိုက္ရတဲ့ အတြက္ ယူႀကဳံးမရ ဝမ္းနည္းငိုေႂကြးေနတာ ျဖစ္ပါတယ္။ အသက္ရွင္ ေနတဲ့ အခ်ိန္မွာ ေပ်ာ္ေအာင္ေနဖို႔နဲ႔ အခ်ိန္ေတြ နာရီေတြက ဒ႑ာရီဆန္ေၾကာင္းကိုလည္း ဝမ္းနည္းစြာျဖင့္ ဖြင့္ဟေျပာျပထားတာ ျဖစ္ပါတယ္။ တစ္လထဲမွာ အမ်ိဳးသုံးေယာက္ ဆုံးရႈံးလိုက္ရတဲ့ ခ်ယ္ရီသင္းအတြက္ ထပ္တူဝမ္းနည္းရေၾကာင္းနဲ႔ ကြယ္လြန္သူမ်ားအားလုံး ေကာင္းရာမြန္ရာဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Cherry Thin’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

1 × two =