




credit-cele gabar

unicode

သူမ ရဲ့မွေးနေ့ မှာ ကျပ်သိန်း(၃၆၀) လှူဒါန်း ပြီး ပျော်ရွှင်စွာ ဖြတ်သန်းသွားမယ့် ဆိုတဲ့ စမိုင်းလ်

တစ်ချိန်တုန်းက ပရိသတ်တွေ အချစ်ပိုခဲ့ရတဲ့စမိုင်းလ် ကတော့ အခုအချိန်မှာဆိုရင်လည်း မိန်းကလေးတိုင်း အားကျနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ယောက်ပါ။ ခင်ပွန်းသည်ရဲ့ လိုလေးသေးမရှိဖြည့်ဆည်းပေးမှုကို ရရှိထားတဲ့အပြင် လိမ္မာရေးခြားရှိတဲ့သမီးလေးနှစ်ယောက်နဲ့ ဘဝကို အပူအပင်မရှိဖြတ်သန်းနေရသူတစ်ယောက်လို့ ဆိုရမှာပါ။

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း အားပေးနေတဲ့ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်ရအောင် သူ့ရဲ့ တနေ့တာအကြောင်းအရာလေးတွေ ကို လူမှုကွန်ရက် စာမျက်နှာမှာ မျှဝေပေးလျက်ရှိတဲ့ အပြင် ချစ်ခင်ရတဲ့ ပရိသတ်တွေနဲ့အတူ
စုပေါင်းအဓိဌာန်လေးတွေမကြာခဏ ပြုလုပ်လေ့ရှိသူတစ်ယောက်ပါ ပရိသတ်ကြီးရေ.. ဒီနေ့မှာတော့ သူ့ရဲ့(၃၆) နှစ်ပြည့်မွေးနေ့လေးကို ပရိသတ်ကြီးအတွက်ရော လိုအပ်နေတဲ့နေရာတွေအတွက်ပါ ကျပ်သိန်း(၃၆၀) လှူဒါန်းရင်း ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

မနေ့ကတော့ ရုပ်ရှင်အစည်းအရုံးမှာ အလွှာ အသီးသီးအတွက် ကျပ်သိန်း(၆၀) လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ Online Birthday Party ျကင်းပြရင်း ကျပ်သိန်း(၃၀၀) ကိုထပ်မံလှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့ပါတီလေးကိုတော့ ဒီနေ့ညနေ လေးနာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ပျော်ရွှင်ဖွယ်ဂိမ်း အစီအစဉ်လေးတွေနဲ့ ပရိသတ်တွေပါ ပါဝင်နိုင်အောင် ပြလုပ်ထားပါတယ်တဲ့ ပရိသတ်ကြီးရေ… Online Birthday Party လေး ကိုတော့ စမိုင်းလ် Smile page လေးကနေ ကျင်းပသွား မှာဖြစ်ပြီး ကြည့်ရှုနေတဲ့ ပရိသတ်ကြီးအတွက်ပါ မဲတွေဖောက်ပေးဦးမှာ ဆိုတော့ လက်မလွှတ်တန်းစောင့် ကြည့်ပြီး ဆုမဲတွေ ယူလိုက်ကြ ရအောင်နော်။

credit-cele gabar

Add a Comment

Your email address will not be published. Required fields are marked *

2 × 2 =