အျငင္းပြား နယ္စပ္ ေတာင္ၾကားကို တ႐ုတ္က ဘူဒိုဇာေတြနဲ႔ ထိုးၿပီး ၿဖိဳေနလို႔ အိႏၵိယ နဲ႔ တင္းမာမႈထပ္ျဖစ္

အျငင္းပြား နယ္စပ္ ေတာင္ၾကားကို တ႐ုတ္က ဘူဒိုဇာေတြနဲ႔ ထိုးၿပီး ၿဖိဳေနလို႔ အိႏၵိယ နဲ႔ တင္းမာမႈထပ္ျဖစ္

တ႐ုတ္နဲ႔နယ္စပ္ျပႆနာေတြ မေအးေသးတဲ့ အိႏၵိယ အဖို႔ ဇြန္လ(၂၀)ရက္ေန႔မွာ တင္းမာမႈေတြ ထပ္ျဖစ္ခဲ့ျပန္ပါတယ္။ တ႐ုတ္ ဘက္က ဂယ္ဝန္ေတာင္ေၾကာရဲ႕ နယ္စပ္တစ္ေနရာမွာ ဘူဒိုဇာေတြနဲ႔ထိုးၿပီး ေတာင္ၿဖိဳတာေတြ၊ ေနရာခ်ဲ႕ထြင္တာေတြ လုပ္ေနလို႔ အိႏၵိယဘက္က တိုက္ခိုက္ေရး ဖိုက္တာေတြဟာ နယ္စပ္ မွာ ပ်ံဝဲၿပီး ေစာင့္ၾကည့္ခဲ့ရပါတယ္။အခု တ႐ုတ္ ဘက္ျခမ္းက ေတာင္ၿဖိဳျခင္းလုပ္ငန္းေတြ ျပဳလုပ္တဲ့ ေနရာဟာ ခိုက္ရန္ျဖစ္ပြားခဲ့တဲ့ ေနရာနဲ႔လည္း တစ္မိုင္ေလာက္သာ လွမ္းပါတယ္။ တ႐ုတ္ဘက္ျခမ္းက ဘူဒိုဇာအနည္းဆုံး (၆)စီးေလာက္နဲ႔ လုပ္ငန္းခြင္ ဝင္ေရာက္ေနတာပါ။ ဒီလို လုပ္ျခင္းဟာ တစ္ဖက္ႏိုင္ငံ ကို အေႏွာက္အယွက္ ျပဳခ်င္တဲ့သေဘာသက္သက္လို႔ ယူဆ ရပါတယ္။

တ႐ုတ္နဲ႔ အိႏၵိယဟာ မၾကာေသးခင္ကမွ တပ္သား(၅၀၀)ေလာက္ ပါဝင္ ပတ္သက္တဲ့ အခ်င္းခ်င္း ႐ိုက္ႏွက္တိုက္ခိုက္မႈေတြကို အခ်ိန္(၈)နာရီေက်ာ္ၾကာ ျပဳလုပ္ခဲ့ၾကၿပီး။ နယ္စပ္စစ္မီးဟာ ခ်က္ခ်င္းဆိုသလို ထေတာက္ႏိုင္တဲ့ အေနအထား ျဖစ္သြားပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လ(၁၉)ရက္မွာပဲ ပါကစၥတန္က ကက္ရွ္မီးယားကအိႏၵိယနယ္ျခားေစာင့္ စစ္သားေတြကို ေခ်ာင္းေျမာင္းတိုက္ခိုက္တာမ်ိဳး အခ်ိန္ကိုက္ ျပဳလုပ္ခဲ့ျပန္ပါတယ္။

အခုအေရးမွာ ေတာင္-ေျမာက္ကိုရီးယားႏွစ္ႏိုင္ငံရဲ႕ ဆက္ဆံေရး ႐ုတ္တရက္တင္းမာမႈကလည္း အခ်ိန္ကိုက္ျဖစ္ေနတာေၾကာင့္ စစ္ေရးကြၽမ္းက်င္သူေတြက တ႐ုတ္ရဲ႕စနက္ေတြလို႔ ယူဆေနၾကတာပါ။ မၾကာေသးခင္ကလည္း ဗီယက္နမ္နဲ႔ ေရပိုင္နက္အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ဗီယက္နမ္ ငါးဖမ္းစက္ေလွကို ပစ္ခတ္ႏွစ္ျမဳပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီလို အေရးေတြ ရင္ဆိုင္ေနရခ်ိန္မွာ တ႐ုတ္ရဲ႕ မိတ္ဘက္ႏိုင္ငံျဖစ္တဲ့ အီရန္က မၾကာမီမွာ နယူကလီးယား ပိုင္ဆိုင္ေတာ့မွာလို႔ နယူကလီးယားေစာင့္ၾကည့္သူေတြအဖြဲ႕က ဆိုပါတယ္။ တခ်ိဳ႕သတင္းေတြမွာေတာ့ အီရန္က တရားဝင္ေၾကညာျခင္းမရွိေသးေပမယ့္ နယူကလီးယား ပိုင္ဆိုင္သြားၿပီလို႔ေတာင္ ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အေမရိကန္-ယူေက ျပည္တြင္းအေရး မၿငိမ္မသတ္ ျဖစ္ေနခ်ိန္မွာ တ႐ုတ္ရဲ႕ ပါဝါလက္တံျဖန႔္မႈဟာ ေၾကာက္ဖို႔ ေကာင္းလာခဲ့တယ္ ဆိုရမွာပါ။

တ႐ုတ္ႏိုင္ငံနဲ႔ အိႏၵိယတို႔ဟာ နယ္စပ္ျပႆနာအေရး မွာ ညႇိႏႈိင္းေနဆဲ အေျခအေနမွာ ဂယ္ဝန္ေတာင္ေၾကာမွာ ဘူဒိုဇာေတြနဲ႔ ေတာဖ်က္ေတာင္ၿဖိဳတာေတြ ထပ္မံျပဳလုပ္လိုက္တာ ျဖစ္ခ်င္းေၾကာင့္ အိႏၵိယဘက္ကလည္း အလြန္စိတ္ဆိုးေနၿပီး၊ နယ္စပ္ကို ဖိုက္တာဂ်က္ေတြ ဆက္ၿပီးပို႔ထားတယ္လို႔ သိရပါတယ္။ အခုလုပ္ငန္း ေဆာင္႐ြက္ေနတဲ့ ေနရာဟာ ႏွစ္ႏိုင္ငံ သူပိုင္ကိုယ္ပိုင္ အျငင္းပြားေနတဲ့-Line of Actual Control (LAC) ေနရာျဖစ္ခ်င္းေၾကာင့္ အနီးမွာ စစ္စခန္းေတြ ကိုယ္စီတည္ေဆာက္ထားၾကပါတယ္။

အိႏၵိယေလတပ္မွ တပ္မႉးႀကီး ျဖစ္တဲ့ Rakesh Kumar Singh Bhadauria က မိမိ တို႔ တိုက္ခိုက္ေရး ေလယာဥ္ေတြ ကင္းလွည့္ေနၿပီဆိုတာ မွန္ေၾကာင္း၊ တကယ္လို႔ တစ္ဖက္က လြန္လြန္ က်ဴးက်ဴးျဖစ္လာရင္ေတာ့ စစ္ကလြဲၿပီး ဘာမွ မရွိေတာ့ဘူးလို႔ ဆိုပါတယ္။

Credit Celecrazynews

unicode

အငြင်းပွား နယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှုထပ်ဖြစ်

တရုတ်နဲ့နယ်စပ်ပြဿနာတွေ မအေးသေးတဲ့ အိန္ဒိယ အဖို့ ဇွန်လ(၂၀)ရက်နေ့မှာ တင်းမာမှုတွေ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။ တရုတ် ဘက်က ဂယ်ဝန်တောင်ကြောရဲ့ နယ်စပ်တစ်နေရာမှာ ဘူဒိုဇာတွေနဲ့ထိုးပြီး တောင်ဖြိုတာတွေ၊ နေရာချဲ့ထွင်တာတွေ လုပ်နေလို့ အိန္ဒိယဘက်က တိုက်ခိုက်ရေး ဖိုက်တာတွေဟာ နယ်စပ် မှာ ပျံဝဲပြီး စောင့်ကြည့်ခဲ့ရပါတယ်။အခု တရုတ် ဘက်ခြမ်းက တောင်ဖြိုခြင်းလုပ်ငန်းတွေ ပြုလုပ်တဲ့ နေရာဟာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နေရာနဲ့လည်း တစ်မိုင်လောက်သာ လှမ်းပါတယ်။ တရုတ်ဘက်ခြမ်းက ဘူဒိုဇာအနည်းဆုံး (၆)စီးလောက်နဲ့ လုပ်ငန်းခွင် ဝင်ရောက်နေတာပါ။ ဒီလို လုပ်ခြင်းဟာ တစ်ဖက်နိုင်ငံ ကို အနှောက်အယှက် ပြုချင်တဲ့သဘောသက်သက်လို့ ယူဆ ရပါတယ်။

တရုတ်နဲ့ အိန္ဒိယဟာ မကြာသေးခင်ကမှ တပ်သား(၅၀၀)လောက် ပါဝင် ပတ်သက်တဲ့ အချင်းချင်း ရိုက်နှက်တိုက်ခိုက်မှုတွေကို အချိန်(၈)နာရီကျော်ကြာ ပြုလုပ်ခဲ့ကြပြီး။ နယ်စပ်စစ်မီးဟာ ချက်ချင်းဆိုသလို ထတောက်နိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက်မှာပဲ ပါကစ္စတန်က ကက်ရှ်မီးယားကအိန္ဒိယနယ်ခြားစောင့် စစ်သားတွေကို ချောင်းမြောင်းတိုက်ခိုက်တာမျိုး အချိန်ကိုက် ပြုလုပ်ခဲ့ပြန်ပါတယ်။

အခုအရေးမှာ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်ဆံရေး ရုတ်တရက်တင်းမာမှုကလည်း အချိန်ကိုက်ဖြစ်နေတာကြောင့် စစ်ရေးကျွမ်းကျင်သူတွေက တရုတ်ရဲ့စနက်တွေလို့ ယူဆနေကြတာပါ။ မကြာသေးခင်ကလည်း ဗီယက်နမ်နဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ဗီယက်နမ် ငါးဖမ်းစက်လှေကို ပစ်ခတ်နှစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလို အရေးတွေ ရင်ဆိုင်နေရချိန်မှာ တရုတ်ရဲ့ မိတ်ဘက်နိုင်ငံဖြစ်တဲ့ အီရန်က မကြာမီမှာ နယူကလီးယား ပိုင်ဆိုင်တော့မှာလို့ နယူကလီးယားစောင့်ကြည့်သူတွေအဖွဲ့က ဆိုပါတယ်။ တချို့သတင်းတွေမှာတော့ အီရန်က တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် နယူကလီးယား ပိုင်ဆိုင်သွားပြီလို့တောင် ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်-ယူကေ ပြည်တွင်းအရေး မငြိမ်မသတ် ဖြစ်နေချိန်မှာ တရုတ်ရဲ့ ပါဝါလက်တံဖြန့်မှုဟာ ကြောက်ဖို့ ကောင်းလာခဲ့တယ် ဆိုရမှာပါ။

တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့ဟာ နယ်စပ်ပြဿနာအရေး မှာ ညှိနှိုင်းနေဆဲ အခြေအနေမှာ ဂယ်ဝန်တောင်ကြောမှာ ဘူဒိုဇာတွေနဲ့ တောဖျက်တောင်ဖြိုတာတွေ ထပ်မံပြုလုပ်လိုက်တာ ဖြစ်ချင်းကြောင့် အိန္ဒိယဘက်ကလည်း အလွန်စိတ်ဆိုးနေပြီး၊ နယ်စပ်ကို ဖိုက်တာဂျက်တွေ ဆက်ပြီးပို့ထားတယ်လို့ သိရပါတယ်။ အခုလုပ်ငန်း ဆောင်ရွက်နေတဲ့ နေရာဟာ နှစ်နိုင်ငံ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့-Line of Actual Control (LAC) နေရာဖြစ်ချင်းကြောင့် အနီးမှာ စစ်စခန်းတွေ ကိုယ်စီတည်ဆောက်ထားကြပါတယ်။

အိန္ဒိယလေတပ်မှ တပ်မှူးကြီး ဖြစ်တဲ့ Rakesh Kumar Singh Bhadauria က မိမိ တို့ တိုက်ခိုက်ရေး လေယာဉ်တွေ ကင်းလှည့်နေပြီဆိုတာ မှန်ကြောင်း၊ တကယ်လို့ တစ်ဖက်က လွန်လွန် ကျူးကျူးဖြစ်လာရင်တော့ စစ်ကလွဲပြီး ဘာမှ မရှိတော့ဘူးလို့ ဆိုပါတယ်။

Credit Celecrazynews

Add a Comment

Your email address will not be published. Required fields are marked *

three × 2 =