ထရန႔္ ရဲ႕ ေလေတြ ပိေနတဲ့ အေမရိကန္ နဲ႔ ျမန္မာျပည္ အတြက္ ပြဲမၿပီးေသးတဲ့ ကိုဗစ္

ထရန႔္ ရဲ႕ ေလေတြ ပိေနတဲ့ အေမရိကန္ နဲ႔ ျမန္မာျပည္ အတြက္ ပြဲမၿပီးေသးတဲ့ ကိုဗစ္

ယူအက္စ္မွာ ဆႏၵျပမႈေတြ စတင္ ျဖစ္ခဲ့ၿပီး တဲ့ေနာက္ ရက္သတၱပတ္ သုံးပတ္ အတြင္းမွာ ကိုဗစ္ ေက့စ္အသစ္ေပါင္း ၃ သိန္းေလာက္ ထပ္တိုးလာခဲ့တယ္။ အခုဆိုရင္ ယူအက္စ္မွာ ဒီစာကို ေရးေနခ်ိန္ အထိ စုစုေပါင္း ကိုဗစ္လူနာ ၂၂၇၃၅၅၈ ေယာက္ ရွိခဲ့ပါၿပီ။ ျပန္သက္သာလာသူက ၆၇၄၈၀၆ ေယာက္ပါ။

ေန႔စဥ္ အေသအေပ်ာက္စာရင္း ကေတာ့ ဟိုရက္က ၃၀၁ ေယာက္ထိ က်သြားၿပီမွ ေနာက္ေန႔ေတြ ၇၀၀ ဝန္းက်င္မွာ တဝဲလည္လည္နဲ႔ပါ။ ဟိုအရင္ တရက္ ၂၀၀၀ ဝန္းက်င္ ေတြနဲ႔ စာရင္ နည္းသြားတယ္ ဆိုေပမယ့္ ဘဝေပါင္း ၇၀၀ ေက်ာ္ ကိုဗစ္ေၾကာင့္ ေန႔စဥ္ ဆုံးပါးေနရတယ္ ဆိုတာႀကီးက ေျခာက္ျခား စရာ မဟုတ္လား။

ဒီအေၾကာင္းေတြ ေျပာရင္ မပါမျဖစ္ ထည့္ထည့္ ေျပာရမွာကလည္း မစၥတာ ထရန႔္အေၾကာင္းပါပဲ။ “တို႔ႏိုင္ငံက သူတကာႏိုင္ငံေတြထက္ ပိုစစ္ႏိုင္လို႔ အမ်ားဆုံး ေတြ႕ေနရတာေလ၊ မစစ္ဘဲ ထားလိုက္ရင္ ေက့စ္ေတြလည္း ေတြ႕မွာ မဟုတ္ေတာ့ဘူးေပါ့” လို႔ မွတ္ခ်က္စကား ေပးခဲ့သူဟာ ကမာၻ႔ ထိပ္တန္း ႏိုင္ငံ ရဲ႕ သမၼတ ဆိုတာႀကီးကေတာ့ အေတာ္ ရယ္စရာ ေကာင္းမေနဘူးလား။

Emergency Medical Technicians transport a patient into Bronx-Lebanon Hospital during the outbreak of the coronavirus disease (COVID-19) in the Bronx borough of New York City, New York, U.S., April 2, 2020. REUTERS/Brendan Mcdermid

လူ ၇ ေသာင္းခြဲကေန တသိန္းေလာက္ အထိေတာ့ ေသဆုံးမႈ ရွိႏိုင္တယ္လို႔ ေပါ့သြမ္းသြမ္း ေျပာခဲ့တဲ့ ခပ္မဲ့မဲ့ မ်က္ႏွာေပးကိုလည္း အခုထိကို မ်က္လုံးထဲက မထြက္ပါ။ အခုဆိုရင္ ယူအက္စ္မွာ ကိုဗစ္ေၾကာင့္ ေသဆုံးသြားရသူ စုစုေပါင္း ၁ သိန္း ၂ ေသာင္း ေက်ာ္သြားပါၿပီ။ ဒီေရာဂါကလည္း ဒီလို သမၼတမ်ိဳး ရွိေနခ်ိန္ မွာမွ ယူအက္စ္ကို ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာသကိုး။

ေ႐ႊျပည္ႀကီးမွာေတာ့ ကိုဗစ္နဲ႔ ပတ္သက္ၿပီး အေမစုရဲ႕ စိတ္ပူပန္ စကားေတြကို ဒီရက္ပိုင္းေတြထဲ မၾကာခဏ ဖတ္ေနရပါတယ္။ အေမက သားသမီးေတြကို စိတ္ပူေနသလို သတိ လက္မလႊတ္လိုက္ၾကဖို႔ စကားေတြကို ကြၽန္ေတာ္တို႔ ျပည္သူေတြ ဘယ္ေလာက္ နားေထာင္ေနၾကရဲ႕လဲ။ ဟိုအရင္က တရက္ကို ေလးငါးေယာက္ေလာက္ စာရင္းတက္လာရင္ပဲ တုန္ေနေအာင္ ေၾကာက္ခဲ့ၾကသူေတြ တေန႔က လူ ၂၃ ေယာက္ေလာက္ တရက္တည္းနဲ႔ ေတြ႕ခဲ့ေတာ့ “ငါတို႔ေတြ ေပါ့ဆေနလို႔ မျဖစ္ေသးဘူး” လို႔ ေတြးမိၾကေသးလား။

အေမစုကိုေတာ့ ခ်စ္ပါရဲ႕။ သူ စိတ္ပူစြာနဲ႔ တဖြဖြ သတိေပးေနတဲ့ ဒုတိယလႈိင္း ရဲ႕ အႏၲရာယ္ ကိုေတာ့ သတိလက္လြတ္ ေနၾကဦးမယ္ ဆိုရင္ အဲဒါက တကယ္ ခ်စ္ရာ ဘယ္က်ပါ့မလဲ။ ေခါင္းေဆာင္ကို ခ်စ္တာ မခ်စ္တာ အပထားလိုက္ရင္ေတာင္ ကိုယ့္ကိုယ္ကိုေတာ့ ဂ႐ုစိုက္မွ မဟုတ္လား။

“စစ္ေနတာေတြ ရပ္လိုက္ရင္ ေက့စ္အသစ္ ဘယ္ရွိေတာ့မလဲ” လို႔ ေျပာေနတဲ့ ေခါင္းေဆာင္မ်ိဳး ထက္ ကြၽန္ေတာ္တို႔ ရထားတဲ့ ေခါင္းေဆာင္က အပုံႀကီးသာတယ္၊ မိခင္စိတ္ ရွိတယ္ဆိုတာကို မေမ့ရင္ သူ တဖြဖြ မွာေနတဲ့ စိတ္ပူစကားကို နားေထာင္ၾကပါ။ ဒီလိုေတြ ေျပာေတာ့ ကြၽန္ေတာ္လည္း ဆရာေတြ လုပ္ေနမိရာ က်မိ ေသးလား။ က်ခ်င္လည္း က်မွာေပါ့။ စိတ္ပူတာကိုး။

ကြၽန္ေတာ္တို႔ အတြက္ ဒီပြဲက မၿပီးေသးဘူး။ သတိ လက္လြတ္လိုက္လို႔ မျဖစ္ေသးဘူး။

ခ်စ္ျခင္းေမတၱာျဖင့္…
ကလိုေစးထူး
ဇြန္လ ၂၀ ရက္၊ ၂၀၂၀ ခုႏွစ္
ေဒသစံေတာ္ခ်ိန္၊ မနက္ ၁၀ နာရီ ၄၆ မိနစ္။

unicode

ထရန့် ရဲ့ လေတွေ ပိနေတဲ့ အမေရိကန် နဲ့ မြန်မာပြည် အတွက် ပွဲမပြီးသေးတဲ့ ကိုဗစ်

ယူအက်စ်မှာ ဆန္ဒပြမှုတွေ စတင် ဖြစ်ခဲ့ပြီး တဲ့နောက် ရက်သတ္တပတ် သုံးပတ် အတွင်းမှာ ကိုဗစ် ကေ့စ်အသစ်ပေါင်း ၃ သိန်းလောက် ထပ်တိုးလာခဲ့တယ်။ အခုဆိုရင် ယူအက်စ်မှာ ဒီစာကို ရေးနေချိန် အထိ စုစုပေါင်း ကိုဗစ်လူနာ ၂၂၇၃၅၅၈ ယောက် ရှိခဲ့ပါပြီ။ ပြန်သက်သာလာသူက ၆၇၄၈၀၆ ယောက်ပါ။

နေ့စဉ် အသေအပျောက်စာရင်း ကတော့ ဟိုရက်က ၃၀၁ ယောက်ထိ ကျသွားပြီမှ နောက်နေ့တွေ ၇၀၀ ဝန်းကျင်မှာ တဝဲလည်လည်နဲ့ပါ။ ဟိုအရင် တရက် ၂၀၀၀ ဝန်းကျင် တွေနဲ့ စာရင် နည်းသွားတယ် ဆိုပေမယ့် ဘဝပေါင်း ၇၀၀ ကျော် ကိုဗစ်ကြောင့် နေ့စဉ် ဆုံးပါးနေရတယ် ဆိုတာကြီးက ခြောက်ခြား စရာ မဟုတ်လား။

ဒီအကြောင်းတွေ ပြောရင် မပါမဖြစ် ထည့်ထည့် ပြောရမှာကလည်း မစ္စတာ ထရန့်အကြောင်းပါပဲ။ “တို့နိုင်ငံက သူတကာနိုင်ငံတွေထက် ပိုစစ်နိုင်လို့ အများဆုံး တွေ့နေရတာလေ၊ မစစ်ဘဲ ထားလိုက်ရင် ကေ့စ်တွေလည်း တွေ့မှာ မဟုတ်တော့ဘူးပေါ့” လို့ မှတ်ချက်စကား ပေးခဲ့သူဟာ ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ရဲ့ သမ္မတ ဆိုတာကြီးကတော့ အတော် ရယ်စရာ ကောင်းမနေဘူးလား။

လူ ၇ သောင်းခွဲကနေ တသိန်းလောက် အထိတော့ သေဆုံးမှု ရှိနိုင်တယ်လို့ ပေါ့သွမ်းသွမ်း ပြောခဲ့တဲ့ ခပ်မဲ့မဲ့ မျက်နှာပေးကိုလည်း အခုထိကို မျက်လုံးထဲက မထွက်ပါ။ အခုဆိုရင် ယူအက်စ်မှာ ကိုဗစ်ကြောင့် သေဆုံးသွားရသူ စုစုပေါင်း ၁ သိန်း ၂ သောင်း ကျော်သွားပါပြီ။ ဒီရောဂါကလည်း ဒီလို သမ္မတမျိုး ရှိနေချိန် မှာမှ ယူအက်စ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသကိုး။

ရွှေပြည်ကြီးမှာတော့ ကိုဗစ်နဲ့ ပတ်သက်ပြီး အမေစုရဲ့ စိတ်ပူပန် စကားတွေကို ဒီရက်ပိုင်းတွေထဲ မကြာခဏ ဖတ်နေရပါတယ်။ အမေက သားသမီးတွေကို စိတ်ပူနေသလို သတိ လက်မလွှတ်လိုက်ကြဖို့ စကားတွေကို ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက် နားထောင်နေကြရဲ့လဲ။ ဟိုအရင်က တရက်ကို လေးငါးယောက်လောက် စာရင်းတက်လာရင်ပဲ တုန်နေအောင် ကြောက်ခဲ့ကြသူတွေ တနေ့က လူ ၂၃ ယောက်လောက် တရက်တည်းနဲ့ တွေ့ခဲ့တော့ “ငါတို့တွေ ပေါ့ဆနေလို့ မဖြစ်သေးဘူး” လို့ တွေးမိကြသေးလား။

အမေစုကိုတော့ ချစ်ပါရဲ့။ သူ စိတ်ပူစွာနဲ့ တဖွဖွ သတိပေးနေတဲ့ ဒုတိယလှိုင်း ရဲ့ အန္တရာယ် ကိုတော့ သတိလက်လွတ် နေကြဦးမယ် ဆိုရင် အဲဒါက တကယ် ချစ်ရာ ဘယ်ကျပါ့မလဲ။ ခေါင်းဆောင်ကို ချစ်တာ မချစ်တာ အပထားလိုက်ရင်တောင် ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်မှ မဟုတ်လား။

“စစ်နေတာတွေ ရပ်လိုက်ရင် ကေ့စ်အသစ် ဘယ်ရှိတော့မလဲ” လို့ ပြောနေတဲ့ ခေါင်းဆောင်မျိုး ထက် ကျွန်တော်တို့ ရထားတဲ့ ခေါင်းဆောင်က အပုံကြီးသာတယ်၊ မိခင်စိတ် ရှိတယ်ဆိုတာကို မမေ့ရင် သူ တဖွဖွ မှာနေတဲ့ စိတ်ပူစကားကို နားထောင်ကြပါ။ ဒီလိုတွေ ပြောတော့ ကျွန်တော်လည်း ဆရာတွေ လုပ်နေမိရာ ကျမိ သေးလား။ ကျချင်လည်း ကျမှာပေါ့။ စိတ်ပူတာကိုး။

ကျွန်တော်တို့ အတွက် ဒီပွဲက မပြီးသေးဘူး။ သတိ လက်လွတ်လိုက်လို့ မဖြစ်သေးဘူး။

ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
ဇွန်လ ၂၀ ရက်၊ ၂၀၂၀ ခုနှစ်
ဒေသစံတော်ချိန်၊ မနက် ၁၀ နာရီ ၄၆ မိနစ်။

Add a Comment

Your email address will not be published. Required fields are marked *

5 × one =