ကို႐ိုနာ ဗိုင္းရပ္စ္ နဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံ နဲ႔ ဆက္ဆံေရးျဖတ္ေတာက္ႏိုင္တဲ့ အထိပင္ ျဖစ္ႏိုင္တယ္လို႔ အေမရိကန္ သမၼတ ေဒၚနယ္ထရန႔္က ေျပာဆို
|ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာေတြ အမ်ားႀကီးပဲ၊ ကြၽန္ေတာ္ တို႔ ဆက္ဆံေရး အားလုံးကို ျဖတ္ေတာက္ပစ္ႏိုင္တယ္ထရန႔္က အခုအခ်ိန္မွာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ စကားမေျပာလိုေၾကာင္းနဲ႔ ဆက္ဆံေရးပင္ ျဖတ္ေတာက္ပစ္ႏိုင္ေၾကာင္း ေျပာခဲ့တာျဖစ္ပါတယ္။ သမၼတထရန႔္က ယခု ကဲ့သို႔ ၿခိမ္းေျခာက္ေျပာဆိုမႈဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား ဆက္ဆံေရးတင္းမာမႈ ပိုမိုဆိုး႐ြားလာတဲ့ လကၡဏာတစ္ရပ္လို႔ ဆိုႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ လုပ္ႏိုင္တာေတြ အမ်ားႀကီးပဲ၊ ကြၽန္ေတာ္တို႔ ဆက္ဆံေရးအားလုံးကို ျဖတ္ေတာက္ပစ္ႏိုင္တယ္၊ တစ္ကယ္လို႔ အခု အဲဒီလို လုပ္လိုက္မယ္ဆိုရင္ ဘာျဖစ္လာမလဲ? ေဒၚလာ ၅၀၀ ဘီလီလံ သက္သာသြားမယ္” လို႔ ေမ ၁၄ ရက္ေန႔က Fox Business ႐ုပ္ျမင္သံၾကား သတင္းဌာနရဲ႕ Mornings With Maria အင္တာဗ်ဴး အစီအစဥ္မွာ ထရန႔္က ေျပာခဲ့ပါတယ္။
ထရန႔္ ရည္ၫႊန္းခဲ့တဲ့ ေဒၚလာ ၅၀၀ ဘီလီယံဟာ မည္သည့္အတြက္ျဖစ္ေၾကာင္း အတိအက် မသိရေပမဲ့ တ႐ုတ္ကေန အေမရိကန္ကို ႏွစ္စဥ္ တင္သြင္းေနတဲ့ သြင္းကုန္တန္ဖိုးပမာဏ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ Fox Buniness နဲ႔ အင္တာဗ်ဴးမွာပင္ တ႐ုတ္က ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈ ကို ထိန္းခ်ဳပ္ရန္ ပ်က္ကြက္ခဲ့ၿပီး COVID-19 ကပ္ေရာဂါျဖစ္ခဲ့ျခင္းအေပၚ အလြန္စိတ္ပ်က္ေၾကာင္းလည္း ထရန႔္က ေျပာခဲ့ပါတယ္။COVID-19 ကူးစက္ျဖစ္ပြားလာမႈေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား ကုန္သြယ္ေရး သေဘာတူညီခ်က္လည္း ေရွ႕မဆက္ႏိုင္ ျဖစ္ခဲ့ပါတယ္။ ထရန႔္ရဲ႕ ယခုေျပာဆိုမႈအေပၚ တ႐ုတ္ႏိုင္ငံမွာ ဩဇာႀကီးမားတဲ့ Global Times သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ Hu Xijin က ေဝဖန္ခဲ့ေၾကာင္း Reuters သတင္းက ေျပာပါတယ္။
ဒီသမၼတက ဟိုတစ္ခါ ကလည္း COVID-19 လူနာေတြကို ပိုးမႊားသတ္ေဆးထိုးဖို႔ အႀကံေပးခဲ့ေသးတယ္ေလ၊ အခု တ႐ုတ္နဲ႔ ဆက္ဆံေရးအားလုံး ျဖတ္ေတာက္ပစ္ႏိုင္တယ္လို႔ သူေျပာတဲ့အေပၚ အံ့ဩစရာ မရွိပါဘူးဒီသမၼတက ဟိုတစ္ခါကလည္း COVID-19 လူနာေတြကို ပိုးမႊားသတ္ေဆးထိုးဖို႔ အႀကံေပး ခဲ့ေသးတယ္ေလ၊ အဲဒါကို မွတ္မိတယ္ မဟုတ္လား၊ ဒါဆိုရင္ အခု တ႐ုတ္နဲ႔ ဆက္ဆံေရးအားလုံး ျဖတ္ေတာက္ပစ္ႏိုင္တယ္လို႔ သူေျပာတဲ့အေပၚ အံ့ဩစရာ မရွိပါဘူး” လို႔ Hu Xijin က Twitter မွာ ေရးသားထားခဲ့ပါတယ္။
ထရန႔္နဲ႔ ၎ရဲ႕ ရီပတ္ဘလစ္ကင္ ေထာက္ခံသူေတြက တ႐ုတ္ အစိုးရဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျပင္းထန္မႈနဲ႔ အတိုင္းအတာကို ကမာၻကို သတိေပးရန္ ပ်က္ကြက္ခဲ့ေၾကာင္း စြပ္စြဲထားၾကပါတယ္။ ထို႔အတူ COVID-19 ကပ္ေရာဂါျဖစ္ေစတဲ့ ဗိုင္းရပ္စ္ဟာ တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕ရွိ ဓာတ္ခြဲခန္းကေန ထြက္လာခဲ့ေၾကာင္း အယူအဆကိုလည္း ထရန႔္က ေျပာဆိုထားခဲ့ပါတယ္။
အေမရိကန္ဟာ ကမာၻတစ္ဝွမ္း ႏိုင္ငံေတြအနက္ COVID-19 ကူးစက္မႈ နဲ႔ ေသဆုံးမႈ အမ်ားဆုံးျဖစ္ပြားတဲ့ ႏိုင္ငံျဖစ္ေနပါတယ္။ ယေန႔ (ေမ ၁၅ ရက္) မနက္ပိုင္းအထိ အေမရိကန္မွာ COVID-19 ကူးစက္ခံရသူ ၁.၄ သန္းေက်ာ္၊ ေသဆုံးသူ ၈၅,၀၀၀ ေက်ာ္နဲ႔ ျပန္လည္သက္သာသူ ၃၀၀,၀၀၀ ေက်ာ္ရွိခဲ့ပါတယ္။ယေန႔ စာရင္းေတြအရ ကမာၻတစ္ဝွမ္းမွာ COVID-19 ေၾကာင့္ ေသဆုံးသူအေရအတြက္ ၃၀၀,၀၀၀ ေက်ာ္လြန္လာခဲ့ေၾကာင္းနဲ႔ ကူးစက္ခံရသူဟာလည္း ေန႔စဥ္ တိုးလာေနဆဲျဖစ္ၿပီး ၄.၄ သန္းေက်ာ္ရွိလာခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး ျပန္လည္ သက္သာလာသူ ၁.၆ သန္းေက်ာ္ရွိခဲ့ေၾကာင္း သိရပါတယ္။
crd : panpyoelat
unicode
ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးပဲ၊ ကျွန်တော် တို့ ဆက်ဆံရေး အားလုံးကို ဖြတ်တောက်ပစ်နိုင်တယ်ထရန့်က အခုအချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ စကားမပြောလိုကြောင်းနဲ့ ဆက်ဆံရေးပင် ဖြတ်တောက်ပစ်နိုင်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ သမ္မတထရန့်က ယခု ကဲ့သို့ ခြိမ်းခြောက်ပြောဆိုမှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ကြား ဆက်ဆံရေးတင်းမာမှု ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ လုပ်နိုင်တာတွေ အများကြီးပဲ၊ ကျွန်တော်တို့ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်နိုင်တယ်၊ တစ်ကယ်လို့ အခု အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ? ဒေါ်လာ ၅၀၀ ဘီလီလံ သက်သာသွားမယ်” လို့ မေ ၁၄ ရက်နေ့က Fox Business ရုပ်မြင်သံကြား သတင်းဌာနရဲ့ Mornings With Maria အင်တာဗျူး အစီအစဉ်မှာ ထရန့်က ပြောခဲ့ပါတယ်။
ထရန့် ရည်ညွှန်းခဲ့တဲ့ ဒေါ်လာ ၅၀၀ ဘီလီယံဟာ မည်သည့်အတွက်ဖြစ်ကြောင်း အတိအကျ မသိရပေမဲ့ တရုတ်ကနေ အမေရိကန်ကို နှစ်စဉ် တင်သွင်းနေတဲ့ သွင်းကုန်တန်ဖိုးပမာဏ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Fox Buniness နဲ့ အင်တာဗျူးမှာပင် တရုတ်က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကို ထိန်းချုပ်ရန် ပျက်ကွက်ခဲ့ပြီး COVID-19 ကပ်ရောဂါဖြစ်ခဲ့ခြင်းအပေါ် အလွန်စိတ်ပျက်ကြောင်းလည်း ထရန့်က ပြောခဲ့ပါတယ်။COVID-19 ကူးစက်ဖြစ်ပွားလာမှုကြောင့် အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေး သဘောတူညီချက်လည်း ရှေ့မဆက်နိုင် ဖြစ်ခဲ့ပါတယ်။ ထရန့်ရဲ့ ယခုပြောဆိုမှုအပေါ် တရုတ်နိုင်ငံမှာ ဩဇာကြီးမားတဲ့ Global Times သတင်းဌာနရဲ့ အယ်ဒီတာချုပ် Hu Xijin က ဝေဖန်ခဲ့ကြောင်း Reuters သတင်းက ပြောပါတယ်။
ဒီသမ္မတက ဟိုတစ်ခါ ကလည်း COVID-19 လူနာတွေကို ပိုးမွှားသတ်ဆေးထိုးဖို့ အကြံပေးခဲ့သေးတယ်လေ၊ အခု တရုတ်နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်ပစ်နိုင်တယ်လို့ သူပြောတဲ့အပေါ် အံ့ဩစရာ မရှိပါဘူးဒီသမ္မတက ဟိုတစ်ခါကလည်း COVID-19 လူနာတွေကို ပိုးမွှားသတ်ဆေးထိုးဖို့ အကြံပေး ခဲ့သေးတယ်လေ၊ အဲဒါကို မှတ်မိတယ် မဟုတ်လား၊ ဒါဆိုရင် အခု တရုတ်နဲ့ ဆက်ဆံရေးအားလုံး ဖြတ်တောက်ပစ်နိုင်တယ်လို့ သူပြောတဲ့အပေါ် အံ့ဩစရာ မရှိပါဘူး” လို့ Hu Xijin က Twitter မှာ ရေးသားထားခဲ့ပါတယ်။
ထရန့်နဲ့ ၎င်းရဲ့ ရီပတ်ဘလစ်ကင် ထောက်ခံသူတွေက တရုတ် အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ပြင်းထန်မှုနဲ့ အတိုင်းအတာကို ကမ္ဘာကို သတိပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ထို့အတူ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းကနေ ထွက်လာခဲ့ကြောင်း အယူအဆကိုလည်း ထရန့်က ပြောဆိုထားခဲ့ပါတယ်။
အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်း နိုင်ငံတွေအနက် COVID-19 ကူးစက်မှု နဲ့ သေဆုံးမှု အများဆုံးဖြစ်ပွားတဲ့ နိုင်ငံဖြစ်နေပါတယ်။ ယနေ့ (မေ ၁၅ ရက်) မနက်ပိုင်းအထိ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၁.၄ သန်းကျော်၊ သေဆုံးသူ ၈၅,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၃၀၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ယနေ့ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၃၀၀,၀၀၀ ကျော်လွန်လာခဲ့ကြောင်းနဲ့ ကူးစက်ခံရသူဟာလည်း နေ့စဉ် တိုးလာနေဆဲဖြစ်ပြီး ၄.၄ သန်းကျော်ရှိလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည် သက်သာလာသူ ၁.၆ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။
crd : panpyoelat