ျမန္မာျပည္မွာ Q ဝင္ေနသူေတြ အတြက္ အေရးႀကီးတဲ့ စိတ္က်န္းမာေရး နဲ႔ လိုအပ္ခ်က္မ်ား

ျမန္မာျပည္မွာ Q ဝင္ေနသူေတြ အတြက္ အေရးႀကီးတဲ့ စိတ္က်န္းမာေရး နဲ႔ လိုအပ္ခ်က္မ်ား

ကြာရန္တင္းကို အိမ္မွာပဲ ထားေနၾကပါေစ။ ပုသိမ္မွာ တ႐ုတ္ျပည္က ျပန္ လာတဲ့ ေကာင္ေလး တေယာက္ ကို ကြာရန္တင္းထားရာမွာ ႀကိဳးဆြဲခ်ေသသြားတဲ့ သတင္းဖတ္ရေတာ့ ေတာ္ေတာ္ ႀကီးကို စိတ္ညစ္မိတယ္။

သူ႔ခင္မ်ာ ေပါ့စတစ္လည္း ျဖစ္တာမဟုတ္ ၊ ျပည္ေတာ္ျပန္ခေလး ၊ ႏိုင္ငံျခား အလုပ္သြားလုပ္ရာက ျပန္လာတာ။ ဖမ္းဆီး ပိတ္ပင္ ကြာရန္တင္းထားေတာ့ စိတ္ေတြ က်ပ္တည္းမႈျဖစ္ၿပီေပါ့။ ဒီ ကြာရန္တင္းကိစၥ စကတည္းက ေျပာခဲ့တာမ်ားၿပီ။ အာဏာေတြျပၿပီး ႐ြာျပင္မွာေနခိုင္း ၿမိဳ႕ျပင္မွာ ေနခိုင္း၊ ဘယ္ကေပးတဲ့အာဏာနဲ႔ လုပ္ပိုင္ခြင့္နဲ႔လုပ္ၾကတာလဲ။

ရန္ကုန္ေလဆိပ္ကေတာ့ အာဏာရွိတယ္ ဆိုပါေတာ့ ။ ဒါေတာင္ သူတို႔ထားတဲ့ ေနရာ ညစ္ပတ္တာ လူေတြ ေဟာနဲ႔ထားတာ ပုံေတြတင္လို႔ စိတ္ဆိုးၾကေသးတယ္။ စကၤာပူကေန ေဆး႐ုံက ျပန္လာတဲ့ အဖြားႀကီးတေယာက္ေတာင္ ေလဆိပ္ကေန လူနာတင္ကား ပူေလာင္က်ပ္ႀကီးနဲ႔ ေခၚသြားတာမ်ား မၾကာပါဘူး အသက္ထြက္ပါေလေရာ။ ကိုယ့္ ေျမမွာ ျမန္ျမန္ အသုဘခ်ရတာျဖစ္တာပဲအဖတ္တင္တယ္။

ကြာရန္တင္း ဆိုတာ လူေတြ ကို ေထာင္က်သလို ညဥ္းပန္းမႈ ျဖစ္ေစတယ္ဆိုတာ ကိုယ္ကိုယ္တိုင္ ေနဘူးမွ သိၾကမယ္။ ကိုယ္ကလည္း နားစြင့္ေနေတာ့ၾကားရတာ မသက္သာလိုက္တာ မတရားလိုက္ၾကတာ။ အင္းစိန္က ကြယ္သေဘာေဆး႐ုံက ဆရာမ ႏွစ္ဦးေပါ့စတစ္ဆိုတာနဲ႔ ပတ္သက္သူ၊ ေရာက္ခဲ့သူ ဆရာဝန္ ဆရာမ ေပါင္းစုံကို ကြာရန္တင္းထားၾကတာ ခံရတယ္။

ခြဲ စိတ္ ဆရာဝန္မ အြန္လိုင္းဆယ္လီ ေလးေတာင္ သူ႔အိမ္မွာပဲ ေနရေပမဲ့ ေတာ္ေတာ္ ေပါက္ကြဲတယ္။ လစာထုတ္တာကို အရစ္ခံရလို႔တဲ့။ ဌာနဆိုင္ရာျခင္း အသိေပးမႈ မရွိတာသိရတယ္။ ဆရာဝန္ႀကီၤးေတြကို ဘုန္းႀကီးေက်ာင္းမွာ တခန္းတေယာက္ အေသပိတ္ထားတာ ေတာ္ေတာ္ စိတ္ ညစ္ၾကရတယ္ ေျပာတယ္။

အခ်ိဳ႕ဆို သတ္ေသခ်င္စိတ္ေပါက္တယ္ ေျပာတယ္။ ျဖစ္သင့္ပါသလား။ ႏိုင္ငံျခားမွာ က ကိုယ့္အိမ္မွာပဲ ေနခိုင္းတာ ။ ဘယ္သူကမွ မေခၚထားဘူး။ အေျခ အေန မဲ့ေတြ ပဲေခၚထားတယ္။ ကိုယ့္အိမ္မွာ မေနခ်င္သူေတြပဲေခၚထားတယ္။ ဒီမွာ ကအတင္းႀကီးရယ္။ အခြင့္ရတုန္း ေပ်ာ္ေပ်ာ္ ပါးပါး အာဏာျပေနၾကသလိုဘဲ။

အခု ပုသိမ္က ခေလး ႀကိဳးဆြဲခ် ေသတာ ဘယ္သူမွာတာဝန္ရွိသလည္း။ သူ႔ရည္းစားနဲ႔ဖုန္းေျပာ အဆင္မေျပတာ အေၾကာင္းျပလို႔မရဘူး။ သူ႔ကို ပိတ္ပင္ တိုက္ပိတ္ထားတာ အဓိက ပါ။ ေတာ္ပါၿပီ။ ကိုဗစ္လည္း ေျပးပါၿပီ။ မေျပးလည္းရင္ဆိုင္ပါမယ္။ ကြာရန္တင္းေတာ့ အလုပ္ မခံႏိုင္ၾကပါဘူး။ ဌာနဆိုင္ရာ တို႔ေရ။

ခင္ခင္ေက်ာ့
Sunday, June 21, 2020

unicode

မြန်မာပြည်မှာ Q ဝင်နေသူတွေ အတွက် အရေးကြီးတဲ့ စိတ်ကျန်းမာရေး နဲ့ လိုအပ်ချက်များ

ကွာရန်တင်းကို အိမ်မှာပဲ ထားနေကြပါစေ။ ပုသိမ်မှာ တရုတ်ပြည်က ပြန် လာတဲ့ ကောင်လေး တယောက် ကို ကွာရန်တင်းထားရာမှာ ကြိုးဆွဲချသေသွားတဲ့ သတင်းဖတ်ရတော့ တော်တော် ကြီးကို စိတ်ညစ်မိတယ်။

သူ့ခင်မျာ ပေါ့စတစ်လည်း ဖြစ်တာမဟုတ် ၊ ပြည်တော်ပြန်ခလေး ၊ နိုင်ငံခြား အလုပ်သွားလုပ်ရာက ပြန်လာတာ။ ဖမ်းဆီး ပိတ်ပင် ကွာရန်တင်းထားတော့ စိတ်တွေ ကျပ်တည်းမှုဖြစ်ပြီပေါ့။ ဒီ ကွာရန်တင်းကိစ္စ စကတည်းက ပြောခဲ့တာများပြီ။ အာဏာတွေပြပြီး ရွာပြင်မှာနေခိုင်း မြို့ပြင်မှာ နေခိုင်း၊ ဘယ်ကပေးတဲ့အာဏာနဲ့ လုပ်ပိုင်ခွင့်နဲ့လုပ်ကြတာလဲ။

ရန်ကုန်လေဆိပ်ကတော့ အာဏာရှိတယ် ဆိုပါတော့ ။ ဒါတောင် သူတို့ထားတဲ့ နေရာ ညစ်ပတ်တာ လူတွေ ဟောနဲ့ထားတာ ပုံတွေတင်လို့ စိတ်ဆိုးကြသေးတယ်။ စင်္ကာပူကနေ ဆေးရုံက ပြန်လာတဲ့ အဖွားကြီးတယောက်တောင် လေဆိပ်ကနေ လူနာတင်ကား ပူလောင်ကျပ်ကြီးနဲ့ ခေါ်သွားတာများ မကြာပါဘူး အသက်ထွက်ပါလေရော။ ကိုယ့် မြေမှာ မြန်မြန် အသုဘချရတာဖြစ်တာပဲအဖတ်တင်တယ်။

ကွာရန်တင်း ဆိုတာ လူတွေ ကို ထောင်ကျသလို ညဉ်းပန်းမှု ဖြစ်စေတယ်ဆိုတာ ကိုယ်ကိုယ်တိုင် နေဘူးမှ သိကြမယ်။ ကိုယ်ကလည်း နားစွင့်နေတော့ကြားရတာ မသက်သာလိုက်တာ မတရားလိုက်ကြတာ။ အင်းစိန်က ကွယ်သဘောဆေးရုံက ဆရာမ နှစ်ဦးပေါ့စတစ်ဆိုတာနဲ့ ပတ်သက်သူ၊ ရောက်ခဲ့သူ ဆရာဝန် ဆရာမ ပေါင်းစုံကို ကွာရန်တင်းထားကြတာ ခံရတယ်။

ခွဲ စိတ် ဆရာဝန်မ အွန်လိုင်းဆယ်လီ လေးတောင် သူ့အိမ်မှာပဲ နေရပေမဲ့ တော်တော် ပေါက်ကွဲတယ်။ လစာထုတ်တာကို အရစ်ခံရလို့တဲ့။ ဌာနဆိုင်ရာခြင်း အသိပေးမှု မရှိတာသိရတယ်။ ဆရာဝန်ကြီင်္းတွေကို ဘုန်းကြီးကျောင်းမှာ တခန်းတယောက် အသေပိတ်ထားတာ တော်တော် စိတ် ညစ်ကြရတယ် ပြောတယ်။

အချို့ဆို သတ်သေချင်စိတ်ပေါက်တယ် ပြောတယ်။ ဖြစ်သင့်ပါသလား။ နိုင်ငံခြားမှာ က ကိုယ့်အိမ်မှာပဲ နေခိုင်းတာ ။ ဘယ်သူကမှ မခေါ်ထားဘူး။ အခြေ အနေ မဲ့တွေ ပဲခေါ်ထားတယ်။ ကိုယ့်အိမ်မှာ မနေချင်သူတွေပဲခေါ်ထားတယ်။ ဒီမှာ ကအတင်းကြီးရယ်။ အခွင့်ရတုန်း ပျော်ပျော် ပါးပါး အာဏာပြနေကြသလိုဘဲ။

အခု ပုသိမ်က ခလေး ကြိုးဆွဲချ သေတာ ဘယ်သူမှာတာဝန်ရှိသလည်း။ သူ့ရည်းစားနဲ့ဖုန်းပြော အဆင်မပြေတာ အကြောင်းပြလို့မရဘူး။ သူ့ကို ပိတ်ပင် တိုက်ပိတ်ထားတာ အဓိက ပါ။ တော်ပါပြီ။ ကိုဗစ်လည်း ပြေးပါပြီ။ မပြေးလည်းရင်ဆိုင်ပါမယ်။ ကွာရန်တင်းတော့ အလုပ် မခံနိုင်ကြပါဘူး။ ဌာနဆိုင်ရာ တို့ရေ။

ခင်ခင်ကျော့
Sunday, June 21, 2020

Add a Comment

Your email address will not be published. Required fields are marked *

nine + ten =