အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲ ေဒၚနယ္ထရမ့္ မႏိုင္ လွ်င္ ျဖစ္ေပၚႏိုင္ေသာ ျမန္မာႏိုင္ငံ အတြက္ ဆိုးက်ိဳးမ်ား

အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲ ေဒၚနယ္ထရမ့္ မႏိုင္ လွ်င္ ျဖစ္ေပၚႏိုင္ေသာ ျမန္မာႏိုင္ငံ အတြက္ ဆိုးက်ိဳးမ်ား

ေအ မရိကန္ သမၼတ ေဒၚနယ္ထရမ့္ အေန နဲ႔ လာမယ့္ ေ႐ြးေကာက္ပြဲ အတြက္ အႀကိဳ စစ္တမ္း ေတြမွာ အေရးမလွ ျဖစ္ေနတာ ေတြ႕ရေတာ့လည္း စိတ္မေကာင္းျဖစ္ မိ တယ္ ။ ဒီလို စိတ္မသက္သာ ျဖစ္ရ တာက မစၥတာ ထရမ့္ အတြက္ မဟုတ္ ပါ ဘူး ။ ျမန္မာျပည္ အတြက္ ပါ။ မစၥတာ ထရမ့္ဟာ သူ႔ အေမရိကန္ သမၼတ သက္တမ္း အတြင္း မွာ ျမန္မာႏိုင္ငံ အေၾကာင္း ကို သိပ္ၿပီးေတာ့ အာ႐ုံ စူးစိုက္ စိတ္ဝင္တစား မရွိခဲ့။

ဒါေၾကာင့္ ျမန္မာႏိုင္ငံအတြက္ အလြန္အက်ဴး ဖိအား ေပးျခင္း မရွိ။ ဒါေၾကာင့္ ျမန္မာႏိုင္ငံ ဟာ အေမရိကန္ သမၼတ ေပးတဲ့ ျပႆနာေတြ အမ်ားႀကီး မခံစား ရဘူး။ ဒီအတြက္ တစ္ခုတည္းနဲ႔ ပဲ မစၥတာ ထရမ့္ ကို ေက်းဇူးအမ်ားႀကီးတင္ ခ်င္စရာ ျဖစ္ ပါတယ္ ။ ခု မစၥတာ ထရမ့္နဲ႔ ၿပိဳင္ဘက္ေတြ ျဖစ္တဲ့ ဂ်ိဳးဘိုင္ဒင္ဟာ အိုဘားမားရဲ႕ ဒုသမၼတ ပီသစြာ ျမန္မာ့ အေရး စိတ္ဝင္စားသူ ျဖစ္ ပါတယ္ ။

ဂ်ိဳးဘိုင္ဒင္ဟာ ၂၀၁၆ ခုႏွစ္ စက္တင္ဘာ ၁၄ ရက္ေန႔က ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ ဦးေဆာင္ တဲ့ ျမန္မာအဖြဲ႕ကို ဝါရွင္တန္ဒီစီ Naval Observatory မွာ နံနက္စာ နဲ႔ တည္ခင္း ဧည့္ခံခဲ့ဖူးသူ ျဖစ္ပါတယ္။ ဒါေပမယ့္ မစၥတာ ဂ်ိဳးဘိုင္ဒင္ဟာ သူတို႔ အစိုးရအဖြဲ႕ အနား ယူၿပီး ေနာက္ပိုင္း ၂၀၁၇ခုႏွစ္ ႏိုဝင္ဘာ ၂၅ရက္ေန႔က သူ႔ ရဲ႕ Facebook စာမ်က္ႏွာ ထက္မွာ ျမန္မာျပည္က ( သူ႔မူရင္း အတိုင္းသာ ) ႐ိုဟင္ဂ်ာ အမ်ိဳးသမီးေတြ နဲ႔ မိန္းကေလးေတြ ဟာ အစုလိုက္ အၿပဳံလိုက္ အၾကမ္းဖက္ မုဒိန္းက်င့္ ခံခဲ့ရ ေၾကာင္း စြပ္စြဲ ေရးသား ခဲ့တာ ေတြ႕ရ ပါတယ္။

ဒီလို သေဘာ ထားမ်ိဳး ရွိတဲ့ မစၥတာ ဂ်ိဳးဘိုင္ဒင္ သာ အေမရိကန္ သမၼတ ျဖစ္လာခဲ့ရင္ ျမန္မာႏိုင္ငံ အေပၚ မွာ ဘယ္ေလာက္ေတာင္ ဖိအားေတြ ျပႆနာေတြ ဖန္တီးကာ ဒုကၡေပးဦးမွာလဲ ဆိုတာ ေတြးေတာ မွန္းဆ လို႔ ရႏိုင္ပါတယ္။ ဒါေၾကာင့္ လက္ရွိ အေမရိကန္ သမၼတ မစၥတာထရမ့္ တစ္ေယာက္ အေရး မလွ ျဖစ္ေနတာက ျမန္မာျပည္အတြက္ တိုက္႐ိုက္ အက်ိဳး သက္ေရာက္မႈ မရွိေပမယ့္ အကယ္၍ သာ မစၥတာဂ်ိဳးဘိုင္ဒင္ သမၼတ ျဖစ္လာခဲ့ ရင္ကေတာ့ ျမန္မာႏိုင္ငံ အတြက္ ဆိုးက်ိဳး ရလဒ္မ်ား ခံစားရဖို႔ အလား အလာ ရွိတယ္ လို႔ ဆိုရမွာပါ။ ဒါေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အေနနဲ႔ လာမယ့္ ေ႐ြးေကာက္ပြဲ အတြက္ အႀကိဳ စစ္တမ္း ေတြမွာ အေရးမလွ ျဖစ္ေနတာ ေတြ႕ရေတာ့ စိတ္မသက္မသာ ျဖစ္မိတယ္ လို႔ ဆိုရတာ ျဖစ္ေၾကာင္း ပါဗ်ာ။

A9 Business

unicode

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် မနိုင် လျှင် ဖြစ်ပေါ်နိုင်သော မြန်မာနိုင်ငံ အတွက် ဆိုးကျိုးများ

အေ မရိကန် သမ္မတ ဒေါ်နယ်ထရမ့် အနေ နဲ့ လာမယ့် ရွေးကောက်ပွဲ အတွက် အကြို စစ်တမ်း တွေမှာ အရေးမလှ ဖြစ်နေတာ တွေ့ရတော့လည်း စိတ်မကောင်းဖြစ် မိ တယ် ။ ဒီလို စိတ်မသက်သာ ဖြစ်ရ တာက မစ္စတာ ထရမ့် အတွက် မဟုတ် ပါ ဘူး ။ မြန်မာပြည် အတွက် ပါ။ မစ္စတာ ထရမ့်ဟာ သူ့ အမေရိကန် သမ္မတ သက်တမ်း အတွင်း မှာ မြန်မာနိုင်ငံ အကြောင်း ကို သိပ်ပြီးတော့ အာရုံ စူးစိုက် စိတ်ဝင်တစား မရှိခဲ့။

ဒါကြောင့် မြန်မာနိုင်ငံအတွက် အလွန်အကျူး ဖိအား ပေးခြင်း မရှိ။ ဒါကြောင့် မြန်မာနိုင်ငံ ဟာ အမေရိကန် သမ္မတ ပေးတဲ့ ပြဿနာတွေ အများကြီး မခံစား ရဘူး။ ဒီအတွက် တစ်ခုတည်းနဲ့ ပဲ မစ္စတာ ထရမ့် ကို ကျေးဇူးအများကြီးတင် ချင်စရာ ဖြစ် ပါတယ် ။ ခု မစ္စတာ ထရမ့်နဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ အိုဘားမားရဲ့ ဒုသမ္မတ ပီသစွာ မြန်မာ့ အရေး စိတ်ဝင်စားသူ ဖြစ် ပါတယ် ။

ဂျိုးဘိုင်ဒင်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် တဲ့ မြန်မာအဖွဲ့ကို ဝါရှင်တန်ဒီစီ Naval Observatory မှာ နံနက်စာ နဲ့ တည်ခင်း ဧည့်ခံခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ ဂျိုးဘိုင်ဒင်ဟာ သူတို့ အစိုးရအဖွဲ့ အနား ယူပြီး နောက်ပိုင်း ၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၅ရက်နေ့က သူ့ ရဲ့ Facebook စာမျက်နှာ ထက်မှာ မြန်မာပြည်က ( သူ့မူရင်း အတိုင်းသာ ) ရိုဟင်ဂျာ အမျိုးသမီးတွေ နဲ့ မိန်းကလေးတွေ ဟာ အစုလိုက် အပြုံလိုက် အကြမ်းဖက် မုဒိန်းကျင့် ခံခဲ့ရ ကြောင်း စွပ်စွဲ ရေးသား ခဲ့တာ တွေ့ရ ပါတယ်။

ဒီလို သဘော ထားမျိုး ရှိတဲ့ မစ္စတာ ဂျိုးဘိုင်ဒင် သာ အမေရိကန် သမ္မတ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံ အပေါ် မှာ ဘယ်လောက်တောင် ဖိအားတွေ ပြဿနာတွေ ဖန်တီးကာ ဒုက္ခပေးဦးမှာလဲ ဆိုတာ တွေးတော မှန်းဆ လို့ ရနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ အမေရိကန် သမ္မတ မစ္စတာထရမ့် တစ်ယောက် အရေး မလှ ဖြစ်နေတာက မြန်မာပြည်အတွက် တိုက်ရိုက် အကျိုး သက်ရောက်မှု မရှိပေမယ့် အကယ်၍ သာ မစ္စတာဂျိုးဘိုင်ဒင် သမ္မတ ဖြစ်လာခဲ့ ရင်ကတော့ မြန်မာနိုင်ငံ အတွက် ဆိုးကျိုး ရလဒ်များ ခံစားရဖို့ အလား အလာ ရှိတယ် လို့ ဆိုရမှာပါ။ ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ လာမယ့် ရွေးကောက်ပွဲ အတွက် အကြို စစ်တမ်း တွေမှာ အရေးမလှ ဖြစ်နေတာ တွေ့ရတော့ စိတ်မသက်မသာ ဖြစ်မိတယ် လို့ ဆိုရတာ ဖြစ်ကြောင်း ပါဗျာ။

A9 Business

Add a Comment

Your email address will not be published. Required fields are marked *

twelve + 18 =