







unicode

မိခင်တာဝန် ကျေပွန်အောင် အားစိုက်နေရလို့ အမေစု အားမကိုးရတဲ့ သမီး ဖြစ်ခဲ့ရတယ် လို့ ရင်ဖွင့် လိုက်တဲ့ ချစ်သုဝေ

ပရိသတ်ကြီးရေ ချစ်သုဝေ ကတော့ ဂီဘဘက် မှာ လည်းထူးချွန်သလို သရုပ်ဆောင်ဘက်ကိုလည်း ပိုင်နိုင်တဲ့ အနုပညာရှင်တစ်လက်ပါ။ နိုင်ငံကျော်အဆိုတော်လင်းလင်းနဲ့ လက်ထပ်ပြီးနောက် အမြွှာသမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြန်ပါသေးတယ်။

သမီးလေးနှစ်ယောက်ကတော့ ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ မေမြန်မာခေတ်နဲ့မေမြန်မာသစ်ပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကိုမွေးဖွားပြီးနောက်အနုပညာအလုပ်တွေခြေလှမ်းကြဲသွားတဲ့မေမေချစ်သုဝေကတော့ အခုနောက်ပိုင်းမှာ မိသားစုLiveလေးတွေအမြဲလွှင့်ပေးလျက်ရှိနေတာပါ။

ဒီနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၅)နှစ်ပြည့်မွေးနေ့အတွက်သမီးလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းလေးတောင်းပေးခဲ့ပြီးနော်သူမရဲ့လူမှုကွန်ရက်စာမျက်နှာ Mydayမှာ” အားကိုမရတဲ့သမီးတော့ဖြစ်ခဲ့တာပါပဲ။

ကလေးနှစ်ယောက်နဲ့ဘဝကိုပိုအလေးပေးမိလေတော့ ပုံလေးတွေကြည့်တိုင်းရင်ထဲနွေးရတုန်းပါအမေစု ” ဆိုတဲ့စာလေးနဲ့ အမှတ်တရအမေစုနဲ့အတူရိုက်ကူးထားတဲ့ပုံလေးကို တင်လာခဲ့တာပါ။ ပရိသတ်ကြီးလည်း ချစ်သုဝေ လိုမျိုးအမေစုနဲ့ တရင်းတနှီး တွေ့ခွင့်ရချင်တဲ့သူတွေရှိရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

လတ်တလော မှာတော့ သူမရဲ့ ဖခင်ဖြစ်သူမှ ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်ချီကား တစ်ချပ်ဆွဲခဲ့ပီး အဲဒီပန်ချီကားကိုလိုင်းပေါ်တင်ခဲ့ရာမှာ ဝေဖန်မှုတွေ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပီး ပို့ကို ပြန်ဖျက်သွားခဲ့ပါတယ်။

Source: Chit Thu Wai’sMy day

Add a Comment

Your email address will not be published. Required fields are marked *

16 − eight =