(၁၁) ႏွစ္အ႐ြယ္ မိန္းကေလးကို (၆၃) ႏွစ္ အ႐ြယ္ ေဗဒင္ဆရာ သက္ၾကားအိုက ျပဳက်င့္

(၁၁) ႏွစ္အ႐ြယ္ မိန္းကေလးကို (၆၃) ႏွစ္ အ႐ြယ္ ေဗဒင္ဆရာ သက္ၾကားအိုက ျပဳက်င့္

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕၊ ျမရတနာ ရပ္ကြက္မွာ ဇြန္လ ၂၀ ရက္က အသက္ ၁၁ ႏွစ္အ႐ြယ္မိန္းကေလးကို အသက္ ၆၃ ႏွစ္အ႐ြယ္ အမ်ိဳးသားက သားမယားအျဖစ္ျပဳက်င့္မႈ ျဖစ္ပြားခဲ့ပါတယ္။

ေျမာင္းျမၿမိဳ႕၊ ျမရတနာ ရပ္ကြက္မွာေနထိုင္တဲ့ သမီးျဖစ္သူ မ….ကို မိခင္ျဖစ္သူက ဇြန္လ ၂၀ ရက္ မနက္က ေနအိမ္ကေန အိမ္ ၅ လုံးေက်ာ္မွာရွိတဲ့ အဖြားအိမ္ကို ဟင္းသြားပို႔ခိုင္းခဲ့ရာ အခ်ိန္ အေတာ္ၾကာတဲ့ အထိ ျပန္မလာတဲ့အတြက္ မ…နဲ႔ညီအမဝမ္းကြဲေတာ္စပ္သူက မ… ကိုဦးမ်ိဳးၫြန႔္ေနအိမ္ေပၚ မွာေတြ႕ခဲ့တယ္ လို႔ေျပာတဲ့အတြက္ မိခင္ျဖစ္သူက ဦးမ်ိဳးၫြန႔္ေနအိမ္ကို လိုက္သြားခဲ့ပါတယ္။

တရားလိုမွသမီး မ……ထံသို႔ ခ်က္ခ်င္း လိုက္သြားရာ ဦးမ်ိဳးၫြန႔္အိမ္မွာ အိမ္ေရွ႕တံခါးပိတ္ထားသျဖင့္ တရားလိုမွ ဦးမ်ိဳးၫြန႔္၏ ေနအိမ္ေခါင္းရင္းဘက္ ဓနိကာအေပါက္မွ ေခ်ာင္းၾကည့္ရာ ဦးမ်ိဳးၫြန႔္မွာ အိပ္ခန္းအတြင္းမွ ေနအိမ္အေရွ႕ဘက္သို႔ ထြက္လာၿပီ းဧည့္ခန္းရွိ ကုလားထိုင္တြင္ ထိုင္ကာ ကြမ္းစားေနသည္ကိုေတြ႕ျမင္ရၿပီး ေနအိမ္အေရွ႕တံခါးကိုဖြင့္လိုက္သျဖင့္ တရားလိုမွာတံခါးေပါက္ေရွ႕သို႔သြားၿပီး သမီးမ……ဟု ေအာ္ေခၚရာသမီး မ……မွ ာဦးမ်ိဳးၫႊန႔္ေနအိမ္ အိပ္ခန္းအတြင္းမွ ထြက္လာသျဖင့္

ေနအိမ္သို႔ျပန္ေခၚခဲ့ၿပီး ေနအိမ္တြင္ မ….ႏွင့္ အတူ ေမးျမန္းရာ၊ ယခင္ရက္မ်ားတြင္ ေဈးဝယ္သြားစဥ္ သမီးမ…….ကို ၎က အႀကိမ္ႀကိမ္ေဈးမွာဘူး၍ ေဈးဝယ္ေပးျခင္းျဖင့္ ခင္မင္ရင္းႏွီးေနသူ ဦးမ်ိဳးၫြန႔္ မွ လွမ္းေခၚသျဖင့္သြားစဥ္ ဦးမ်ိဳးၫြန႔္မွာ ၎ကို မုန႔္ဖိုး(၅၀၀)ေပး၍ နင့္အေမကို ျပန္မေျပာ နဲ႔ဟု ေျပာဆိုၿပီး မ…..ကို အိပ္ခန္းထဲသို႔ေခၚၿပီး ၎၏ေဘာင္းဘီခြၽတ္၍ မ….. ၏ အဂၤါကို မဖြယ္မရာျပဳလုပ္ခဲ့ေသာေၾကာင့္

တရားလိုတို႔မွ သမီး မ… ၏ အဂၤါကို ၾကည့္ရႈရာ မိန္းမ…အျပင္ပိုင္း နီရဲ ေနနၿပီး ရင္သားမ်ားလည္း နီရဲေနသည္ကို ေတြ႕ျမင္ခဲ့ရတဲ့ အတြက္ မိခင္ျဖစ္သူက တရားလိုျပဳလုပ္ၿပီး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကတဆင့္ ေျမာင္းျမၿမိဳ႕မရဲစခန္းကိုတိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။

”အခု ျပစ္မႈ က်ဴးလြန္သူကို ဖမ္းဆီးထားပါၿပီ၊ အေရးယူထားပါတယ္၊ လိုအပ္တဲ့ စစ္ေဆးမႈ မ်ားလည္း လုပ္ေနပါတယ္”လို႔ေျမာင္းျမၿမိဳ႕မရဲစခန္းမွ တာဝန္က်တာဝန္မႉးတစ္ဦးကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ေျမာင္းျမၿမိဳ႕မရဲစခန္းကတာဝန္က်တာဝန္မႉးဒုရဲအုပ္ေမာင္ေမာင္ေ႐ႊက စစ္ေဆးတာေတြ ျပဳလုပ္ၿပီး ျပစ္မႈက်ဴးလြန္သူ ေဗဒင္ဆရာ ဦးမ်ိဳးၫြန႔္ ၆၃ ႏွစ္ ကို (ပ) ၄၉၈/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ နဲ႔အမႈဖြင့္အေရးယူေဆာင္႐ြက္ထားတယ္လို႔ သိရပါတယ္။

unicode

(၁၁) နှစ်အရွယ် မိန်းကလေးကို (၆၃) နှစ် အရွယ် ဗေဒင်ဆရာ သက်ကြားအိုက ပြုကျင့်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြရတနာ ရပ်ကွက်မှာ ဇွန်လ ၂၀ ရက်က အသက် ၁၁ နှစ်အရွယ်မိန်းကလေးကို အသက် ၆၃ နှစ်အရွယ် အမျိုးသားက သားမယားအဖြစ်ပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

မြောင်းမြမြို့၊ မြရတနာ ရပ်ကွက်မှာနေထိုင်တဲ့ သမီးဖြစ်သူ မ….ကို မိခင်ဖြစ်သူက ဇွန်လ ၂၀ ရက် မနက်က နေအိမ်ကနေ အိမ် ၅ လုံးကျော်မှာရှိတဲ့ အဖွားအိမ်ကို ဟင်းသွားပို့ခိုင်းခဲ့ရာ အချိန် အတော်ကြာတဲ့ အထိ ပြန်မလာတဲ့အတွက် မ…နဲ့ညီအမဝမ်းကွဲတော်စပ်သူက မ… ကိုဦးမျိုးညွန့်နေအိမ်ပေါ် မှာတွေ့ခဲ့တယ် လို့ပြောတဲ့အတွက် မိခင်ဖြစ်သူက ဦးမျိုးညွန့်နေအိမ်ကို လိုက်သွားခဲ့ပါတယ်။

တရားလိုမှသမီး မ……ထံသို့ ချက်ချင်း လိုက်သွားရာ ဦးမျိုးညွန့်အိမ်မှာ အိမ်ရှေ့တံခါးပိတ်ထားသဖြင့် တရားလိုမှ ဦးမျိုးညွန့်၏ နေအိမ်ခေါင်းရင်းဘက် ဓနိကာအပေါက်မှ ချောင်းကြည့်ရာ ဦးမျိုးညွန့်မှာ အိပ်ခန်းအတွင်းမှ နေအိမ်အရှေ့ဘက်သို့ ထွက်လာပြီ းဧည့်ခန်းရှိ ကုလားထိုင်တွင် ထိုင်ကာ ကွမ်းစားနေသည်ကိုတွေ့မြင်ရပြီး နေအိမ်အရှေ့တံခါးကိုဖွင့်လိုက်သဖြင့် တရားလိုမှာတံခါးပေါက်ရှေ့သို့သွားပြီး သမီးမ……ဟု အော်ခေါ်ရာသမီး မ……မှ ာဦးမျိုးညွှန့်နေအိမ် အိပ်ခန်းအတွင်းမှ ထွက်လာသဖြင့်

နေအိမ်သို့ပြန်ခေါ်ခဲ့ပြီး နေအိမ်တွင် မ….နှင့် အတူ မေးမြန်းရာ၊ ယခင်ရက်များတွင် ဈေးဝယ်သွားစဉ် သမီးမ…….ကို ၎င်းက အကြိမ်ကြိမ်ဈေးမှာဘူး၍ ဈေးဝယ်ပေးခြင်းဖြင့် ခင်မင်ရင်းနှီးနေသူ ဦးမျိုးညွန့် မှ လှမ်းခေါ်သဖြင့်သွားစဉ် ဦးမျိုးညွန့်မှာ ၎င်းကို မုန့်ဖိုး(၅၀၀)ပေး၍ နင့်အမေကို ပြန်မပြော နဲ့ဟု ပြောဆိုပြီး မ…..ကို အိပ်ခန်းထဲသို့ခေါ်ပြီး ၎င်း၏ဘောင်းဘီချွတ်၍ မ….. ၏ အင်္ဂါကို မဖွယ်မရာပြုလုပ်ခဲ့သောကြောင့်

တရားလိုတို့မှ သမီး မ… ၏ အင်္ဂါကို ကြည့်ရှုရာ မိန်းမ…အပြင်ပိုင်း နီရဲ နေနပြီး ရင်သားများလည်း နီရဲနေသည်ကို တွေ့မြင်ခဲ့ရတဲ့ အတွက် မိခင်ဖြစ်သူက တရားလိုပြုလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် မြောင်းမြမြို့မရဲစခန်းကိုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

”အခု ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးထားပါပြီ၊ အရေးယူထားပါတယ်၊ လိုအပ်တဲ့ စစ်ဆေးမှု များလည်း လုပ်နေပါတယ်”လို့မြောင်းမြမြို့မရဲစခန်းမှ တာဝန်ကျတာဝန်မှူးတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြောင်းမြမြို့မရဲစခန်းကတာဝန်ကျတာဝန်မှူးဒုရဲအုပ်မောင်မောင်ရွှေက စစ်ဆေးတာတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူ ဗေဒင်ဆရာ ဦးမျိုးညွန့် ၆၃ နှစ် ကို (ပ) ၄၉၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

19 − fifteen =