
















crd : ALZ

unicode

လူကြည့်များနေတဲ့ အောက်လမ်း ပညာဖြင့် ပြုစားခံ ရသော မိန်းကလေး အား ကုသပေးနေတဲ့ (၁၀)တန်း ကျောင်းသားလေး (ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင်ဖော်ပြပေးထားပါသည်….

မန္တလေးက ကျွန်တော်ရဲ့ မြေးတပည့် (၁၀)တန်းကျောင်း သားလေး ကုသထားတဲ့

ဆရာတိုက်အောက်လမ်းစွဲကု ပွဲလေးပါ အသက်သာငယ်တာ ကြိုးစားတဲ့ကလေး

ကျွန်တော်၏မြေးဆရာ အကာ ၏ တစ်ပည့် ဆရာ အောင်ကောင်းစံရဲ့ ကုပွဲလေး

ပညာသင်လေးမလို့ လိုအပ်တာများ ရှိပါသေးသည်..ဖြည့်စွက့် ကြည့်ပေးပါ….

#ခရက်ဒစ် မူရင်းပို့ပိုင်ရှင်

အထက်လမ်းပညာ ၊ အောက်လမ်းပညာ ၊ ခုလပ်ပညာ ဆိုသည်မှာ…

ဘုရားအစရှိသော သူတော်ကောင်း များ သာသနာစောင့်နတ်/ပုဂ္ဂိုလ်များရဲ့

အဆုံးမကို နာခံ၍ အစောင့်ရှောက်ကိုခံ ယူ၍ မြင့်မြတ်သော အသုံးအဆောင်များနဲ့ စီမံသည်များကို

အထက်လမ်းပညာ ဟု ခေါ်ပါသည်။

သရဲတစေ စုန်းကဝေ ဖုတ် ပြိတ္တာ နာနာဘာဝများရဲ့ အကူညီကိုတောင်းခံယူကာ

ယုတ်ညံ့နိမ့်ကျသော အသုံးအဆောင် ပစ္စည်းများနှင့် စီမံပေးသည်များကို အောက်လမ်းပညာဟု ခေါ်ပါသည်။

ခုလပ်ပညာမှာကား နတ်စိမ်းများ ရုက္ခစိုးများ မယ်တော်များရဲ့ အကာကွယ်/အကူအညီနှင့် အစောင့်ရှောက်ခံယူကာ

တခါတရံ ဂါထာဖြင့်သော်လည်းကောင်း ချုပ်၍ အထက်တမျိုးအောက်တမျိုး လိုအပ်ရင် လိုအပ်သလို

အသုံးဆောင်ပစ္စည်းများ အသုံးကာဖြင့် စီမံပြုလုပ်ပေးသည် များကို ခုလပ်ပညာဟု ခေါ်ပါသည်။

crd : ALZ

Add a Comment

Your email address will not be published. Required fields are marked *

two × two =