ထိုင္းတြင္ ျမန္မာမိန္းကေလးအား ၿခိမ္းေျခာက္ေငြ ေတာင္း၍ သားမယား ျပဳက်င့္သည့္ ျမန္မာပြဲစား တစ္ဦးအား ဖမ္းမိ

ထိုင္းတြင္ ျမန္မာမိန္းကေလးအား ၿခိမ္းေျခာက္ေငြ ေတာင္း၍ သားမယား ျပဳက်င့္သည့္ ျမန္မာပြဲစား တစ္ဦးအား ဖမ္းမိ

ထိုင္းႏိုင္ငံတြင္ ျမန္မာမိန္းကေလး တစ္ဦးအား အလုပ္ရွာေပးမည္ဟု လိမ္လည္ေခၚေဆာင္၍ သားမယားျပဳက်င့္သည့္ ျမန္မာပြဲစားတစ္ဦးအား ထိုင္းရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း AAC မဟာမိတ္အဖြဲ႕မွ တာဝန္ခံ ကိုရဲမင္းက စံေတာ္ခ်ိန္သို႔ ေျပာသည္။ “သားမယားျပဳက်င့္႐ုံတင္မကဘူး။ မိန္းကေလး ရဲ႕ မိဘေတြကိုပါ ဒုကၡေပးတာေပါ့။ ဘန္ေကာက္ၿမိဳ႕နားက နခြန္းပဒုံမွာျဖစ္တာပါ။ ေလာေလာဆယ္ ထိုင္းဘက္ကေတာ့ အလိုမတူပဲ သားမယားျပဳက်င့္မႈ၊ ၿခိမ္းေျခာက္ေငြညႇစ္မႈ၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ ဒီလိုပုဒ္မ သုံးမ်ိဳးနဲ႔ အမႈဖြင့္ထားပါတယ္။

အနည္းဆုံး ေထာင္အႏွစ္(၂၀)ေလာက္က်ႏိုင္တဲ့ ပုဒ္မ ေတြပါ။ ထိုင္းဘက္ကေတာ့ အမ်ိဳးသမီးကို က်န္းမာေရးနဲ႔ပတ္သက္တဲ့ ေဆးစစ္တာေတြ ေဆာင္႐ြက္မွာပါ။ အလုပ္သမားသံအရာရွိေတြကိုလည္း AAC အဖြဲ႕က သတင္းေပးပို႔ထားပါတယ္”ဟု ကိုရဲမင္းက ေျပာသည္။ အဆိုပါျဖစ္စဥ္မွ က်ဴးလြန္သည့္ အမ်ိဳးသားသည္ လူမႈကြန္ရက္မွ တဆင့္ ျမန္မာအမ်ိဳးသမီးအား အလုပ္ရွာေပးမည္ဟု စည္း႐ုံးကာ ၎ေနထိုင္ရာ အိမ္ခန္း၌ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း၊ ဆက္လက္၍ အမ်ိဳးသမီး၏

မိဘမ်ားထံသို႔ ဖုန္းျဖင့္ဆက္သြယ္ကာ သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ ၍ ေငြေၾကးေတာင္းခံခဲ့ေၾကာင္း၊ ေငြေၾကးရရွိၿပီးေနာက္ အမ်ိဳးသမီးအား ႐ိုက္ႏွက္ကာ အိမ္ခန္းမွ ႏွင္ထုတ္ခဲ့ေၾကာင္း AAC အဖြဲ႕မွ သိရသည္။ အဆိုပါအမ်ိဳးသားအား ဇြန္ ၂၀ ရက္ ညေန ၆ နာရီခြဲခန႔္တြင္ ၎ေနထိုင္ရာ အိမ္ခန္း သို႔ ထိုင္းရဲတပ္ဖြဲ႕က စီးနင္းဝင္ေရာက္၍ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

“ဒီလိုျဖစ္တာေတြက ထိုင္းဘက္မွာ တကယ္မ်ားပါတယ္။ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရသေလာက္ဆိုရင္ ထိုင္းမွာ တစ္လကို ေလးေနရာေလာက္မွာ ျဖစ္ေနတာပါ။ ျမန္မာမိန္းကေလးေတြကို ပြဲစားက အလုပ္ရွာေပးမယ္ဆိုၿပီး လိမ္ေခၚတာေပါ့။ ၿပီးေတာ့ တည္းခိုခန္းမွာ မုဒိန္းက်င့္လိုက္တာတို႔ ဒီျဖစ္စဥ္ေတြ အေတာ္မ်ားမ်ား ျဖစ္ေနတာပါ။ အလုပ္သမားေရး လုပ္ခဲ့တဲ့ ၇ ႏွစ္၊ ၈ ႏွစ္တာ ကာလအတြင္းမွာဆိုရင္ နစ္နာခဲ့တဲ့ မိန္းကေလးေပါင္း ရာေက်ာ္အထိ ေတြ႕ခဲ့ဖူးပါတယ္”ဟု ကိုရဲမင္းက ေျပာသည္။

ထိုင္းေရာက္ ျမန္မာမိန္းကေလးမ်ားအေနျဖင့္ ျမန္မာသံ႐ုံႏွင့္ သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕မ်ား၏ သတင္းထုတ္ျပန္ခ်က္အေပၚ သတိျပဳၾကရန္ႏွင့္ အြန္လိုင္းေပၚမွ ပြဲစားမ်ား၏ အယုံသြင္းမႈကို မယုံၾကည္ၾကရန္လိုေၾကာင္း ကိုရဲမင္းက သတိေပးေျပာၾကားသည္။ ထိုင္းႏိုင္ငံတြင္ ကိုဗစ္-၁၉ ကာလအတြင္း စက္႐ုံ၊ အလုပ္႐ုံမ်ား ပိတ္သိမ္းမႈေၾကာင့္ အလုပ္လက္မဲ့ျဖစ္သည့္ ျမန္မာအလုပ္သမားမ်ားစြာရွိေနၿပီး ေနရပ္မျပန္လိုသည့္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ ထိုင္းႏိုင္ငံအတြင္း၌ပင္ ဆက္လက္ေနထိုင္၍ အလုပ္အကိုင္ရွာေဖြေနရေၾကာင္း ထိုင္းေရာက္ျမန္မာအလုပ္သမားေရး ေဆာင္႐ြက္သူမ်ားထံမွ သိရသည္။

သတင္း – မင္းဟိန္း/စံေတာ္ခ်ိန္
ဓာတ္ပုံ – ကိုရဲမင္း(AAC)

unicode

ထိုင်းတွင် မြန်မာမိန်းကလေးအား ခြိမ်းခြောက်ငွေ တောင်း၍ သားမယား ပြုကျင့်သည့် မြန်မာပွဲစား တစ်ဦးအား ဖမ်းမိ

ထိုင်းနိုင်ငံတွင် မြန်မာမိန်းကလေး တစ်ဦးအား အလုပ်ရှာပေးမည်ဟု လိမ်လည်ခေါ်ဆောင်၍ သားမယားပြုကျင့်သည့် မြန်မာပွဲစားတစ်ဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ တာဝန်ခံ ကိုရဲမင်းက စံတော်ချိန်သို့ ပြောသည်။ “သားမယားပြုကျင့်ရုံတင်မကဘူး။ မိန်းကလေး ရဲ့ မိဘတွေကိုပါ ဒုက္ခပေးတာပေါ့။ ဘန်ကောက်မြို့နားက နခွန်းပဒုံမှာဖြစ်တာပါ။ လောလောဆယ် ထိုင်းဘက်ကတော့ အလိုမတူပဲ သားမယားပြုကျင့်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ဖမ်းဆီးချုပ်နှောင်ထားမှု ဒီလိုပုဒ်မ သုံးမျိုးနဲ့ အမှုဖွင့်ထားပါတယ်။

အနည်းဆုံး ထောင်အနှစ်(၂၀)လောက်ကျနိုင်တဲ့ ပုဒ်မ တွေပါ။ ထိုင်းဘက်ကတော့ အမျိုးသမီးကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးစစ်တာတွေ ဆောင်ရွက်မှာပါ။ အလုပ်သမားသံအရာရှိတွေကိုလည်း AAC အဖွဲ့က သတင်းပေးပို့ထားပါတယ်”ဟု ကိုရဲမင်းက ပြောသည်။ အဆိုပါဖြစ်စဉ်မှ ကျူးလွန်သည့် အမျိုးသားသည် လူမှုကွန်ရက်မှ တဆင့် မြန်မာအမျိုးသမီးအား အလုပ်ရှာပေးမည်ဟု စည်းရုံးကာ ၎င်းနေထိုင်ရာ အိမ်ခန်း၌ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ဆက်လက်၍ အမျိုးသမီး၏

မိဘများထံသို့ ဖုန်းဖြင့်ဆက်သွယ်ကာ သတ်ပစ်မည်ဟု ခြိမ်းခြောက် ၍ ငွေကြေးတောင်းခံခဲ့ကြောင်း၊ ငွေကြေးရရှိပြီးနောက် အမျိုးသမီးအား ရိုက်နှက်ကာ အိမ်ခန်းမှ နှင်ထုတ်ခဲ့ကြောင်း AAC အဖွဲ့မှ သိရသည်။ အဆိုပါအမျိုးသားအား ဇွန် ၂၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၎င်းနေထိုင်ရာ အိမ်ခန်း သို့ ထိုင်းရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဒီလိုဖြစ်တာတွေက ထိုင်းဘက်မှာ တကယ်များပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရသလောက်ဆိုရင် ထိုင်းမှာ တစ်လကို လေးနေရာလောက်မှာ ဖြစ်နေတာပါ။ မြန်မာမိန်းကလေးတွေကို ပွဲစားက အလုပ်ရှာပေးမယ်ဆိုပြီး လိမ်ခေါ်တာပေါ့။ ပြီးတော့ တည်းခိုခန်းမှာ မုဒိန်းကျင့်လိုက်တာတို့ ဒီဖြစ်စဉ်တွေ အတော်များများ ဖြစ်နေတာပါ။ အလုပ်သမားရေး လုပ်ခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်တာ ကာလအတွင်းမှာဆိုရင် နစ်နာခဲ့တဲ့ မိန်းကလေးပေါင်း ရာကျော်အထိ တွေ့ခဲ့ဖူးပါတယ်”ဟု ကိုရဲမင်းက ပြောသည်။

ထိုင်းရောက် မြန်မာမိန်းကလေးများအနေဖြင့် မြန်မာသံရုံနှင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အပေါ် သတိပြုကြရန်နှင့် အွန်လိုင်းပေါ်မှ ပွဲစားများ၏ အယုံသွင်းမှုကို မယုံကြည်ကြရန်လိုကြောင်း ကိုရဲမင်းက သတိပေးပြောကြားသည်။ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သည့် မြန်မာအလုပ်သမားများစွာရှိနေပြီး နေရပ်မပြန်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း၌ပင် ဆက်လက်နေထိုင်၍ အလုပ်အကိုင်ရှာဖွေနေရကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။

သတင်း – မင်းဟိန်း/စံတော်ချိန်
ဓာတ်ပုံ – ကိုရဲမင်း(AAC)

Add a Comment

Your email address will not be published. Required fields are marked *

five + 6 =