နေ့စဉ် မိုးလေဝ သသတင်း
မိုးဇလ
unicode
ယနေ့ မိုးလေဝသ သတင်း ဇွန်လ ( ၂၁ ) ရက်နေ့ မိုးဇလ ထုတ်ပြန်ချက်
နေ့စဉ် မိုးလေဝ သသတင်း
ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် အများအားဖြင့် မုတ်သုံလေ အားအသင့် အတင့် ရှိနေပါသည်။
မနက်ဖြန် နံနက် အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ တွင် နေရာ ကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့ တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ် တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ် ပါသည် ။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ( ၄ )ပေ မှ (၇)ပေခန့် ရှိနိုင် ပါသည်။
နောက်(၂) ရက် အတွက်ခ န့်မှန်းချက်။ မုတ်သုံလေ အားအနည်းငယ် မှ အားအသင့်အတင့်ရှိမည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက် အတွက်မနက်ဖြန်နံနက် အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ် ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်။ ရွာရန် ရာနှုန်းပြည့် ဖြစ် ပါသည် ။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ် ပါ သည်။
မိုးဇလ
Add a Comment
Your email address will not be published. Required fields are marked *
6 + 6 =