(၂၄) နာရီ အတြင္း မုန္တိုင္းငယ္ အျဖစ္သို႕ ေရာက္ရိွၿပီး ျမန္မာျပည္ သို႕ ဦးတည္မည့္ အေျခအေန

ေနာက္ (၂၄) နာရီအတြင္း မုန္တိုင္းငယ္ အျဖစ္သို႕ ေရာက္ရိွၿပီး ျမန္မာျပည္ သို႕ ဦးတည္မည့္ အေျခအေန မိုးဇလ ထုတ္ျပန္…

ဘဂၤလား ပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္း တြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနၿပီး ပိုမိုအားေကာင္းလာကာ ေနာက္(၂၄)နာရီအတြင္း ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတြင္ မုန္တိုင္းငယ္ (Depression) အဆင့္သို႔ေရာက္ရွိႏိုင္ေၾကာင္း၊ ျမန္မာႏိုင္ငံသို႔ ဦးတည္ေ႐ြ႕လ်ား မည့္ အေျခအေန မွာရာခိုင္ႏႈန္းအားျဖင့္ ၁၅ ႏွင့္ ၂၀ ရာခိုင္ႏႈန္းၾကားတြင္ရွိေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာ ဒုတိယၫႊန္ၾကားေရးမႉးဦးလွထြန္းက ယေန႔ ေျပာၾကားသည္။

ဦးလွထြန္းက “မုန္တိုင္းက ကြၽန္ေတာ့္တို႔ဆီ ျဖတ္ဖို႔ ရာခိုင္ႏႈန္း နည္းေပမယ့္ ရာခိုင္ႏႈန္းက အနည္းငယ္ရွိေနတယ္။ ေမ ၁၅ ရက္ မွာ မုန္တိုင္းငယ္ျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ မုန္တိုင္းကအားေကာင္းလာမယ္ ဆိုရင္ ေမ ၁၅ ရက္၊ ၁၆ ရက္ မွာ အားေကာင္းၿပီး အေပ တက္လာရင္ ျမန္မာ့ ကမ္း႐ိုးတန္း၊ ကမ္းနီး၊ ကမ္းေဝး ပင္လယ္ေတြ မွာ လႈိင္းေတြ ထန္လာႏိုင္တယ္။ ေမ ၁၆ ရက္ က စၿပီး သတိျပဳဖို႔ လိုပါမယ္။ မုန္တိုင္း သတင္းကို အၿမဲနားေထာင္ ဖို႔ လိုပါတယ္’’ ဟုေျပာသည္။

မုန္တိုင္းငယ္ ျဖစ္သည့္ အခ်ိန္မွ စ၍ မိုးဇလ အေနျဖင့္ မုန္တိုင္း သတင္းမ်ားအား အဆက္မျပတ္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာ့ကမ္း႐ိုးတန္းဘက္ မုန္တိုင္းျဖတ္သန္း ရန္ ရွိပါက လိေမၼာ္ေရာင္အဆင့္ ဟူ၍ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။

အဆိုပါ ေလဖိအားနည္း ရပ္ဝန္းသည္ မုန္တိုင္းငယ္အဆင့္သို႔ ေရာက္ ရွိၿပီးေနာက္၊ ကနဦးတြင္ အေနာက္ ေျမာက္ဘက္ သို႔ ေ႐ြ႕လ်ားၿပီး၊ ေမ ၁၇ ရက္ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ၊ ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းသို႔ ေ႐ြ႕လ်ားႏိုင္သည္ဟု မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန မွ ခန႔္မွန္းခ်က္ ထုတ္ျပန္ ထားသည္။

ယေန႔ညေနအထိခန္႔မွန္း ခ်က္ကေတာ့ ေနျပည္ေတာ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တိမ္အသင့္ အတင့္ ျဖစ္ထြန္းမည္။ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္ မွာ လႈိင္းအသင့္ အတင့္ရွိမည္။ လႈိင္း အျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္ အတြက္ခန္႔မွန္းခ်က္ကေတာ့ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသ ႀကီး၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါ သည္။

ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ ႏွင့္အနီးတစ္ဝိုက္အတြက္ ယေန႔ညေန အထိ ခန္႔မွန္းခ်က္ကေတာ့ တိမ္ အသင့္အတင့္ ျဖစ္ထြန္းမည္။

crd : whitesone

unicode

နောက် (၂၄) နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိပြီး မြန်မာပြည် သို့ ဦးတည်မည့် အခြေအနေ မိုးဇလ ထုတ်ပြန်…

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဆင့်သို့ရောက်ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျား မည့် အခြေအနေ မှာရာခိုင်နှုန်းအားဖြင့် ၁၅ နှင့် ၂၀ ရာခိုင်နှုန်းကြားတွင်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ယနေ့ ပြောကြားသည်။

ဦးလှထွန်းက “မုန်တိုင်းက ကျွန်တော့်တို့ဆီ ဖြတ်ဖို့ ရာခိုင်နှုန်း နည်းပေမယ့် ရာခိုင်နှုန်းက အနည်းငယ်ရှိနေတယ်။ မေ ၁၅ ရက် မှာ မုန်တိုင်းငယ်ဖြစ်နိုင်တယ်။ ဒါကြောင့် မုန်တိုင်းကအားကောင်းလာမယ် ဆိုရင် မေ ၁၅ ရက်၊ ၁၆ ရက် မှာ အားကောင်းပြီး အပေ တက်လာရင် မြန်မာ့ ကမ်းရိုးတန်း၊ ကမ်းနီး၊ ကမ်းဝေး ပင်လယ်တွေ မှာ လှိုင်းတွေ ထန်လာနိုင်တယ်။ မေ ၁၆ ရက် က စပြီး သတိပြုဖို့ လိုပါမယ်။ မုန်တိုင်း သတင်းကို အမြဲနားထောင် ဖို့ လိုပါတယ်’’ ဟုပြောသည်။

မုန်တိုင်းငယ် ဖြစ်သည့် အချိန်မှ စ၍ မိုးဇလ အနေဖြင့် မုန်တိုင်း သတင်းများအား အဆက်မပြတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်းဘက် မုန်တိုင်းဖြတ်သန်း ရန် ရှိပါက လိမ္မော်ရောင်အဆင့် ဟူ၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက် ရှိပြီးနောက်၊ ကနဦးတွင် အနောက် မြောက်ဘက် သို့ ရွေ့လျားပြီး၊ မေ ၁၇ ရက်နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျားနိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ခန့်မှန်းချက် ထုတ်ပြန် ထားသည်။

ယနေ့ညနေအထိခန့်မှန်း ချက်ကတော့ နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင် မှာ လှိုင်းအသင့် အတင့်ရှိမည်။ လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက် အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါ သည်။

နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေ အထိ ခန့်မှန်းချက်ကတော့ တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

15 − six =