ညဘက္ အိပ္ယာ ဝင္ကာနီး ေရွာင္ရွား သင့္တဲ့ အခ်က္ (၅) ခ်က္

ညဘက္ အိပ္ယာ ဝင္ကာနီး ေရွာင္ရွား သင့္တဲ့ အခ်က္ (၅) ခ်က္

တစ္ခါတစ္ေလ ႀကိဳးစားပန္းစား အေလးခ်ိန္ က်ေအာင္ မ်ိဳးစုံလုပ္ေနေပမယ့္ မထင္ထားတဲ့ သင့္အက်င့္ေလး ေတြေၾကာင့္ သင့္အားထုတ္မႈေတြကို အလကားသဲထဲ ေရသြန္သလို ျဖစ္သြား ေစပါတယ္။ သင္ ညစာစားတဲ့ပုံစံနဲ႔ အိပ္စက္အနားယူတဲ့ပုံစံေတြက သင့္ကိုယ္အေလးခ်ိန္အတက္ အက်အေပၚ အက်ိဳး သက္ေရာက္မႈေတြ အမ်ားႀကီး ရွိေနပါတယ္။

(၁) အိပ္ေရးမဝရင္

(၂) ညစာအမ်ားႀကီးစားၿပီး ခ်က္ခ်င္း အိပ္ယာ ဝင္ရင္

အိပ္ေနခ်ိန္မွာ ဦးေႏွာက္က လြဲလို႔ က်န္တဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြ အကုန္လုံးက အနားယူေနၾကတာပါ။ ဒါေၾကာင့္ တစ္ကိုယ္လုံး ေပ်ာ့ေျပာင္းေနၿပီး အစာအိမ္နဲ႔ ကလီစာေတြရဲ႕ အစာေျခဖ်က္ႏႈန္းကလည္း ျဖည္းျဖည္းေလးပဲ အလုပ္လုပ္ေနတာပါ။

ညစာေတြ အမ်ားႀကီး စားလိုက္တဲ့ အခါ အစာထဲက အဆီေတြက ေတာ္ေတာ္နဲ႔ ေျခလို႔ မပ်က္ဘဲ ဝမ္းဗိုက္နဲ႔ အသည္းမွာ သြားစုေနတတ္ပါတယ္။ တစ္ညလုံးမလႈပ္မယွက္အိပ္ေနမွာဆိုေတာ့ အဆီေတြကို ပိုၿပီးစုေနမိေစတာေပါ့။

(၃) ညစာကို ပူစပ္တဲ့အစားအစာ၊ အေစ့အဆံ ေတြ၊ ကာဗိုဟိုက္ဒရိတ္ (Carbohydrate) မ်ားတာေတြ စားတဲ့အခါ

ဒီအစာေတြက သင့္ကို အားအင္ေတြ ျပည့္ဝေန ေစတဲ့ အစာေတြပါ။ အိပ္ပါမယ္ဆို မွ လန္းဆန္းေနတဲ့ အခါ ဇီဝျဖစ္စဥ္ေတြ အကုန္ကေမာက္ကမေတြ ျဖစ္ကုန္ပါတယ္။

(၄) ညစာမစားတာ

ကိုယ္အေလးခ်ိန္ ေလ်ာ့မယ္ဆိုၿပီး ညစာ မစားတာက သိပ္ေတာ့ အက်ိဳးမထူးပါဘူး။ ေနာက္တစ္နပ္စားတဲ့အခါမွာ ဆာေလာင္မႈေၾကာင့္ ပိုေတာင္ စားျဖစ္ သြားပါေသးတယ္။

(၅) ဖုန္းသုံးတာနဲ႔ လက္ပေတာ့ဖြင့္ ႐ုပ္ရွင္ၾကည့္ အိပ္တာ

အျပာေရာင္ စက္ခရင္မ္ေတြက သင့္အာ႐ုံေၾကာေတြကို အားအင္ ေတာ္ေတာ္မ်ားမ်ား ကုန္ဆုံး ေစပါတယ္။ အိပ္စက္အနားယူမယ့္ အခ်ိန္မွာ လူက ပင္ပန္းေနၿပီးသား ျဖစ္ေနတာပါ။ ဒီအခ်ိန္မွာ ထပ္ၿပီး အာ႐ုံစိုက္ခိုင္းတဲ့အခါ သင့္ဦးေႏွာက္စြမ္းအင္ေတြကို ထိခိုက္ေစပါတယ္။ စာအုပ္ ဖတ္တာ၊ အသက္ရႈရင္း အိပ္တာ၊ ေယာဂက်င့္တာမ်ိဳးေတြ လုပ္တာက ပိုေကာင္းပါတယ္။

Credit : BrightSide

unicode

ညဘက် အိပ်ယာ ဝင်ကာနီး ရှောင်ရှား သင့်တဲ့ အချက် (၅) ချက်

တစ်ခါတစ်လေ ကြိုးစားပန်းစား အလေးချိန် ကျအောင် မျိုးစုံလုပ်နေပေမယ့် မထင်ထားတဲ့ သင့်အကျင့်လေး တွေကြောင့် သင့်အားထုတ်မှုတွေကို အလကားသဲထဲ ရေသွန်သလို ဖြစ်သွား စေပါတယ်။ သင် ညစာစားတဲ့ပုံစံနဲ့ အိပ်စက်အနားယူတဲ့ပုံစံတွေက သင့်ကိုယ်အလေးချိန်အတက် အကျအပေါ် အကျိုး သက်ရောက်မှုတွေ အများကြီး ရှိနေပါတယ်။

(၁) အိပ်ရေးမဝရင်

(၂) ညစာအများကြီးစားပြီး ချက်ချင်း အိပ်ယာ ဝင်ရင်

အိပ်နေချိန်မှာ ဦးနှောက်က လွဲလို့ ကျန်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အကုန်လုံးက အနားယူနေကြတာပါ။ ဒါကြောင့် တစ်ကိုယ်လုံး ပျော့ပြောင်းနေပြီး အစာအိမ်နဲ့ ကလီစာတွေရဲ့ အစာခြေဖျက်နှုန်းကလည်း ဖြည်းဖြည်းလေးပဲ အလုပ်လုပ်နေတာပါ။

ညစာတွေ အများကြီး စားလိုက်တဲ့ အခါ အစာထဲက အဆီတွေက တော်တော်နဲ့ ခြေလို့ မပျက်ဘဲ ဝမ်းဗိုက်နဲ့ အသည်းမှာ သွားစုနေတတ်ပါတယ်။ တစ်ညလုံးမလှုပ်မယှက်အိပ်နေမှာဆိုတော့ အဆီတွေကို ပိုပြီးစုနေမိစေတာပေါ့။

(၃) ညစာကို ပူစပ်တဲ့အစားအစာ၊ အစေ့အဆံ တွေ၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate) များတာတွေ စားတဲ့အခါ

ဒီအစာတွေက သင့်ကို အားအင်တွေ ပြည့်ဝနေ စေတဲ့ အစာတွေပါ။ အိပ်ပါမယ်ဆို မှ လန်းဆန်းနေတဲ့ အခါ ဇီဝဖြစ်စဉ်တွေ အကုန်ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။

(၄) ညစာမစားတာ

ကိုယ်အလေးချိန် လျော့မယ်ဆိုပြီး ညစာ မစားတာက သိပ်တော့ အကျိုးမထူးပါဘူး။ နောက်တစ်နပ်စားတဲ့အခါမှာ ဆာလောင်မှုကြောင့် ပိုတောင် စားဖြစ် သွားပါသေးတယ်။

(၅) ဖုန်းသုံးတာနဲ့ လက်ပတော့ဖွင့် ရုပ်ရှင်ကြည့် အိပ်တာ

အပြာရောင် စက်ခရင်မ်တွေက သင့်အာရုံကြောတွေကို အားအင် တော်တော်များများ ကုန်ဆုံး စေပါတယ်။ အိပ်စက်အနားယူမယ့် အချိန်မှာ လူက ပင်ပန်းနေပြီးသား ဖြစ်နေတာပါ။ ဒီအချိန်မှာ ထပ်ပြီး အာရုံစိုက်ခိုင်းတဲ့အခါ သင့်ဦးနှောက်စွမ်းအင်တွေကို ထိခိုက်စေပါတယ်။ စာအုပ် ဖတ်တာ၊ အသက်ရှုရင်း အိပ်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်တာက ပိုကောင်းပါတယ်။

Credit : BrightSide

Add a Comment

Your email address will not be published. Required fields are marked *

11 − 8 =