ဆိုင္ကယ္၊ ကားေတြ မွာ ထည့္ေန တဲ့ Octane ဆီ 92 , 95 ဆိုတာ ဘာေတြလဲ?

ဆိုင္ကယ္၊ ကားေတြ မွာ ထည့္ေန တဲ့ Octane ဆီ 92 , 95 ဆိုတာ ဘာေတြလဲ?

92 , 95 ဆိုတာ ဘာေတြလဲ ? ပရီမီယမ္ ဓာတ္ဆီ ၊ ပရီမီယမ္ ဒီဇယ္ဆီ ဆိုတာဘာလဲ ?ဓာတ္ဆီဆိုင္ေတြ ေတာ္ေတာ္ မ်ားမ်ားမွာ ေရာင္းေနတဲ့ ေအာက္တိန္းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာေလး နည္းနည္းရွင္းျပခ်င္လို႔ပါ ။Octane ဆိုတာ ေတာ္ေတာ္မ်ားမ်ား ေခၚေဝၚေျပာဆိုေနၾကတဲ့ ေအာက္တိန္း ဆိုတာ ေရနံနဲ.သဘာဝ ဓာတ္ေငြ.က ေန လာတဲ့ (Hydrocarbon) ဓာတ္ေပါင္းစုေတြထဲက နာမည္တခုပါ ။

အခု ကားေတြမွာထည္.တဲ့ ဓာတ္ဆီေတြ ကို ဘာေၾကာင့္ ေအာက္တိန္းဆီလို. ေခၚၾကတာလဲ ဆိုရင္ ဓာတ္ဆီ ( Gasoline) ရဲ႕အေကာင္းဆုံးေသာ အရည္အေသြးျပည္.မွီ / မမွီကို အဲ့ဒီဓာတ္ဆီထဲမွာ ေအာက္တိန္း အေရအတြက္ ဘယ္ေလာက္ ပါဝင္သလဲဆိုတာနဲ႔ တိုင္းတာယူလို႔ပါပဲ ။Octane Rating Method လို႔ လဲေခၚသလို ၊ ” Research Octane Number (RON) ” လို.လည္း ေခၚၾကပါတယ္ ။ ကားေတာ္ေတာ္မ်ားမ်ားမွာလည္း 92 RON , 95 RONဆိုၿပီး ကပ္ထားတာလည္း ျမင္ေတြ႕ႏိုင္ပါတယ္။Octane Number က ကားအင္ဂ်င္ရဲ. စြမ္းအားနဲ႔ ဘယ္လိုဆက္ႏြယ္ေနသလဲ ဓာတ္ဆီရဲ႕ ေအာက္တိန္း အရည္အေသြး အနိမ့္အျမင့္ေတြဟာ ဓာတ္ဆီအင္ဂ်င္တခုရဲ. Compression Ration (ဖိသိပ္မႈအခ်ိဳး ) နဲ႔တိုက္႐ိုက္ ဆက္သြယ္ေနပါတယ္ ။

ဖိသိပ္မႈ အားေကာင္းတဲ့အင္ဂ်င္တခုထဲကို ေအာက္တိန္း နံပါတ္ နိမ့္တဲ့ (တနည္း) ဆီအရည္အေသြးနိမ့္တဲ့ ဓာတ္ဆီထည့္ လိုက္မိတယ္ဆိုရင္ (Engine Knocking and Pre-Ignition) ဆိုတဲ့ အင္ဂ်င္မီးေခါက္တဲ့ျပသနာေတြႀကဳံေတြ႕လာရပါတယ္။ဘာေၾကာင့္ ဆီအရည္အေသြးနိမ့္ရင္ အင္ဂ်င္မီး ေခါက္ရသလဲ ဆိုေတာ့ ဓာတ္ဆီ အင္ဂ်င္ေတြမွာလည္း ေလနဲ႔ဆီကို ေရာေႏွာၿပီး Piston ကေနဖိသိပ္ၿပီးမွ ပလပ္ကေန မီးပြား ခတ္ၿပီးမီးေလာင္ရပါတယ္ ။အဲ့လိုေနရာမွာ ေအာက္တိန္း အရည္အေသြးနိမ့္တဲ့ ဆီကိုအသုံးျပဳ မိလိုက္တယ္ဆို ပလပ္က မီးပြားမခတ္ခင္ Piston ကေနဖိသိပ္လိုက္တယ္ ဆိုရင္ပဲ အရည္အေသြးနိမ့္တဲ့ ဓာတ္ဆီဟာ ( Self-Ignition ) အလိုအေလ်ာက္သူ႔ ဘာသာမီးထ ေလာင္ကြၽမ္းပါတယ္ ။

အဲ့အတြက္ Engine Timing ေတြေအာက္ကုန္ၿပီး အင္ဂ်င္မီး ေခါက္သံ ေတြၾကားရပါတယ္ ။ ကာလၾကာရွည္လာရင္ အင္ဂ်င္ကို အတိုင္းအတာတခု အထိ ထိခိုက္ေစႏိုင္ပါတယ္ ။Octane Number ျမင့္ေလေလ Piston ကေနဖိသိပ္တဲ့ Compression Ration (ဖိသိပ္မႈအခ်ိဳး ) ကို ပိုခံႏိုင္ေလေလ ျဖစ္ၿပီး ညင္သာေခ်ာေမြတဲ့ အင္ဂ်င္ မီးေလာင္ေပါက္ကြဲမႈကို ျဖစ္ေစပါတယ္ ။Research Octane Number (RON) ေတြကို တိုင္းတာတဲ့ေနရာမွာ 90 ကေန 92 RON ပတ္ဝန္းက်င္ ကို Regular ပုံမွန္ ဓာတ္ဆီလို႔ေခၚၿပီး ။95 RON ကေနစလို. 96 ၊ 97 ကေန 100 RON ေတြကိုေတာ့ (Premium) ပရီမီယံ ဓာတ္ဆီလို. သတ္မွတ္ ထားပါတယ္ ။

က်ေနာ္တို႔ ျမန္မာႏိုင္ငံ မွာေတာ့ ေအာက္တိန္းအရည္အေသြး 95 RON ေတြကိုအမ်ားဆုံး ေရာင္းခ်ေနၿပီး အျခားဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြမွာေတာ့ 95 အထက္ ေအာက္တိန္းနံပါတ္ျမင့္တဲ့ ဆီအမ်ိဳးအစားေတြကို အသုံးျပဳၾကပါတယ္ ။မွတ္ခ်က္ အေနနဲ႔ကေတာ့ အင္ဂ်င္ရဲ. ဖိသိပ္မႈအရည္အေသြး တနည္း အင္ဂ်င္ပါဝါ ျမင့္တဲ့ကားေတြမွာ ပရီမီယံအဆင့္ ေအာက္တိန္းနံပါတ္အျမင့္ ဓာတ္ဆီေတြကို အသုံးျပဳသင့္ၿပီး ၊ အင္ဂ်င္ပါဝါက်ေနတဲ့ ကားေတြမွာေတာ့ ေအာက္တိန္း နံပါတ္အျမင့္ ပရီမီယံဂရိတ္ဓာတ္ဆီကို အသုံးျပဳရင္ေတာင္ အက်ိဳးေက်းဇူး အနည္းငယ္ပဲ ရရွိမွာျဖစ္ပါတယ္ ။ ဒါက Octane ဆီေခၚ ပရီမီယံ ဓာတ္ဆီအေၾကာင္းပါ။

ပရီမီယံ ဒီဇယ္ဆိုတာဓာတ္ဆီအရည္အေသြးကို ေအာက္တိန္းနံပါတ္နဲ႔ တိုင္းတာလို႔ ( Octane ) ဆီဆိုၿပီး ျမန္မာႏိုင္ငံက လူေတြေတာ္ေတာ္ မ်ားမ်ားသိၾကပါတယ္ ။အဲ့ဒီလိုပဲ ဒီဇယ္ရဲ႕အဆင့္ အရည္အေသြး ကိုတိုင္းတာတဲ့ ယူနစ္တခုရွိပါတယ္ ။ အဲ့ဒါကိုေတာ့ ဆီတိန္းနံပါတ္ ( Cetane Number ) လို႔ ေခၚပါတယ္ ။က်ေနာ္ျမင္ဖူးသေလာက္ ဆီဆိုင္ ေတာ္ေတာ္မ်ားမ်ားမွာ ဆီတိန္းနံပါတ္ဆိုၿပီး ေဖာ္ျပ ထားတာမေတြ.ရပါဘူး ။ ဒီဇယ္ကိုေတာ့ အေျခခံအားျဖင့္ ဓာတ္ဆီလိုပဲ ဆီတိန္း နံပါတ္ဘယ္ေလာက္ပါဝင္သလဲ ဆိုတာနဲ႔တိုင္းတာၿပီးဆီထဲမွာ အျခား Energy ဘယ္ေလာက္ပါသလဲ ေစးပ်စ္ႏႈန္းဘယ္ေလာက္ရွိသလဲ ၊ ေခ်ာဆီအဆင့္ဘယ္ေလာက္ရွိသလဲ ၊ ဆာလဖာ ပါဝင္မႈႏႈန္းအနည္းအမ်ား ဘယ္ေလာက္ရွိသလဲဆိုတာေတြပါ တိုင္းတာၿပီး ပုံမွန္ ဒီဇယ္ ၊ ပရီမီယံဒီဇယ္ဆိုတဲ့ စံႏႈန္းေတြသတ္မွတ္ပါတယ္ ။

အင္ဂ်င္အေပၚ ပရီမီယံဒီဇယ္ရဲ. သက္ေရာက္မႈကေတာ့ အေပၚက ဓာတ္ဆီအင္ဂ်င္မွာ ေအာက္တိန္းအရည္အေသြး အနိမ့္အျမင့္ေပၚမူတည္ၿပီး သက္ေရာက္ သလိုပါပဲ ။ပုံမွန္အရည္အေသြး ဒီဇယ္ေတြမွာ ဆီတိန္း (Cetane Number ) 40 -45 ေလာက္ရွိၿပီး ၊ 53-55 ကေနၿပီး ဆီတိန္းနံပါတ္အျမင့္ ဆီေတြကိုေတာ့ (Premium Diesel ) ပရီမီယံ ဂရိတ္ဒီဇယ္ဆိုၿပီး စံႏႈန္း သတ္မွတ္ထားပါတယ္ ။ဒါကေတာ့ ပရီမီယံ ဒီဇယ္အေၾကာင္းပါ ။အခ်ဳပ္ေျပာရရင္ ဓာတ္ဆီအရည္အေသြး အနိမ့္အျမင့္ကို (Octane Number ) နဲ.တိုင္းတာၿပီး ၊ ဒီဇယ္ အရည္အေသြး အနိမ့္အျမင့္ကို( Cetane Number ) နဲ. တိုင္းပါတယ္ခမ်ာ ။

Crd Original Writer

unicode

ဆိုင်ကယ်၊ ကားတွေ မှာ ထည့်နေ တဲ့ Octane ဆီ 92 , 95 ဆိုတာ ဘာတွေလဲ?

92 , 95 ဆိုတာ ဘာတွေလဲ ? ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီ ဆိုတာဘာလဲ ?ဓာတ်ဆီဆိုင်တွေ တော်တော် များများမှာ ရောင်းနေတဲ့ အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေး နည်းနည်းရှင်းပြချင်လို့ပါ ။Octane ဆိုတာ တော်တော်များများ ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်း ဆိုတာ ရေနံနဲ.သဘာဝ ဓာတ်ငွေ.က နေ လာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။

အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေ ကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲ ဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ့အကောင်းဆုံးသော အရည်အသွေးပြည်.မှီ / မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်း အရေအတွက် ဘယ်လောက် ပါဝင်သလဲဆိုတာနဲ့ တိုင်းတာယူလို့ပါပဲ ။Octane Rating Method လို့ လဲခေါ်သလို ၊ ” Research Octane Number (RON) ” လို.လည်း ခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RONဆိုပြီး ကပ်ထားတာလည်း မြင်တွေ့နိုင်ပါတယ်။Octane Number က ကားအင်ဂျင်ရဲ. စွမ်းအားနဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဓာတ်ဆီရဲ့ အောက်တိန်း အရည်အသွေး အနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ration (ဖိသိပ်မှုအချိုး ) နဲ့တိုက်ရိုက် ဆက်သွယ်နေပါတယ် ။

ဖိသိပ်မှု အားကောင်းတဲ့အင်ဂျင်တခုထဲကို အောက်တိန်း နံပါတ် နိမ့်တဲ့ (တနည်း) ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည့် လိုက်မိတယ်ဆိုရင် (Engine Knocking and Pre-Ignition) ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ပြသနာတွေကြုံတွေ့လာရပါတယ်။ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီး ခေါက်ရသလဲ ဆိုတော့ ဓာတ်ဆီ အင်ဂျင်တွေမှာလည်း လေနဲ့ဆီကို ရောနှောပြီး Piston ကနေဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွား ခတ်ပြီးမီးလောင်ရပါတယ် ။အဲ့လိုနေရာမှာ အောက်တိန်း အရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု မိလိုက်တယ်ဆို ပလပ်က မီးပွားမခတ်ခင် Piston ကနေဖိသိပ်လိုက်တယ် ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့ ဓာတ်ဆီဟာ ( Self-Ignition ) အလိုအလျောက်သူ့ ဘာသာမီးထ လောင်ကျွမ်းပါတယ် ။

အဲ့အတွက် Engine Timing တွေအောက်ကုန်ပြီး အင်ဂျင်မီး ခေါက်သံ တွေကြားရပါတယ် ။ ကာလကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာတခု အထိ ထိခိုက်စေနိုင်ပါတယ် ။Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ration (ဖိသိပ်မှုအချိုး ) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေတဲ့ အင်ဂျင် မီးလောင်ပေါက်ကွဲမှုကို ဖြစ်စေပါတယ် ။Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်ဝန်းကျင် ကို Regular ပုံမှန် ဓာတ်ဆီလို့ခေါ်ပြီး ။95 RON ကနေစလို. 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို. သတ်မှတ် ထားပါတယ် ။

ကျနော်တို့ မြန်မာနိုင်ငံ မှာတော့ အောက်တိန်းအရည်အသွေး 95 RON တွေကိုအများဆုံး ရောင်းချနေပြီး အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ် ။မှတ်ချက် အနေနဲ့ကတော့ အင်ဂျင်ရဲ. ဖိသိပ်မှုအရည်အသွေး တနည်း အင်ဂျင်ပါဝါ မြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကို အသုံးပြုသင့်ပြီး ၊ အင်ဂျင်ပါဝါကျနေတဲ့ ကားတွေမှာတော့ အောက်တိန်း နံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကို အသုံးပြုရင်တောင် အကျိုးကျေးဇူး အနည်းငယ်ပဲ ရရှိမှာဖြစ်ပါတယ် ။ ဒါက Octane ဆီခေါ် ပရီမီယံ ဓာတ်ဆီအကြောင်းပါ။

ပရီမီယံ ဒီဇယ်ဆိုတာဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ့ တိုင်းတာလို့ ( Octane ) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော် များများသိကြပါတယ် ။အဲ့ဒီလိုပဲ ဒီဇယ်ရဲ့အဆင့် အရည်အသွေး ကိုတိုင်းတာတဲ့ ယူနစ်တခုရှိပါတယ် ။ အဲ့ဒါကိုတော့ ဆီတိန်းနံပါတ် ( Cetane Number ) လို့ ခေါ်ပါတယ် ။ကျနော်မြင်ဖူးသလောက် ဆီဆိုင် တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး ဖော်ပြ ထားတာမတွေ.ရပါဘူး ။ ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်း နံပါတ်ဘယ်လောက်ပါဝင်သလဲ ဆိုတာနဲ့တိုင်းတာပြီးဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ ၊ ချောဆီအဆင့်ဘယ်လောက်ရှိသလဲ ၊ ဆာလဖာ ပါဝင်မှုနှုန်းအနည်းအများ ဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ ပရီမီယံဒီဇယ်ဆိုတဲ့ စံနှုန်းတွေသတ်မှတ်ပါတယ် ။

အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ. သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်းအရည်အသွေး အနိမ့်အမြင့်ပေါ်မူတည်ပြီး သက်ရောက် သလိုပါပဲ ။ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number ) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး စံနှုန်း သတ်မှတ်ထားပါတယ် ။ဒါကတော့ ပရီမီယံ ဒီဇယ်အကြောင်းပါ ။အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေး အနိမ့်အမြင့်ကို (Octane Number ) နဲ.တိုင်းတာပြီး ၊ ဒီဇယ် အရည်အသွေး အနိမ့်အမြင့်ကို( Cetane Number ) နဲ. တိုင်းပါတယ်ခမျာ ။

Crd Original Writer

Add a Comment

Your email address will not be published. Required fields are marked *

4 − 1 =