ကိုဗစ္-၁၉ ႏွိပ္စက္ ျခင္းေၾကာင့္ ကမာၻပ်က္မတတ္ အလူးအလဲ ခံေနရသည့္ ဘရာဇီးလ္ႏိုင္ငံ

ကိုဗစ္-၁၉ ႏွိပ္စက္ ျခင္းေၾကာင့္ ကမာၻပ်က္မတတ္ အလူးအလဲ ခံေနရသည့္ ဘရာဇီးလ္ႏိုင္ငံ

ဘရာဇီးႏိုင္ငံမွာ ဇြန္လ ၂၀ ရက္ တရက္တည္း မွာ ကိုဗစ္-၁၉ လူနာ ၁၀၂၂ ဦးေသဆုံးခဲ့ အတြက္ စုစုေပါင္း ေသဆုံးသူ ၅ ေသာင္းနီးပါး ရွိလာၿပီလို႔ ဘရာဇီးက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ ပါတယ္။ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာစုစုေပါင္း ၁၀၆၇၅၇၉ ဦး ရွိၿပီး ေသဆုံးသူက ၄၉၉၇၆ ဦးပါ။

ဒါဟာ အေမရိကန္ၿပီးရင္ ကမာၻ႔ဒုတိယေျမာက္ ကူးစက္ခံနဲ႔ ေသဆုံးသူ အမ်ားဆုံးအဆင့္လည္း ျဖစ္ေနပါတယ္။ ဘရာဇီးမွာ ပထမဆုံး ကိုဗစ္-၁၉ လူနာကို ေဖေဖာ္ဝါရီလ ၂၆ မွာေတြ႕ခဲ့ၿပီးေနာက္ အခု ဇြန္လ ၁၉ မွာေတာ့ အတည္ျပဳလူနာ ၁ သန္းေက်ာ္ခဲ့ပါၿပီ။ ကြၽမ္းက်င္သူေတြကေတာ့ ျပည္သူေတြၾကား အက်ယ္အျပန႔္ ေဆးစစ္တာ မလုပ္ႏိုင္တဲ့ အတြက္ အမွန္တကယ္အေရအတြက္က ဒီထက္ ပိုျမင့္မားမယ္လို႔ ေျပာ ပါတယ္။

ဘရာဇီးဟာ ကိုဗစ္-၁၉ ကပ္ေဘး ျပင္းျပင္း ထန္ထန္ ခံရတဲ့ လက္တင္အေမရိက ရဲ႕ တခုတည္းေသာ ႏိုင္ငံေတာ့ မဟုတ္ပါဘူး။ ႐ိုက္တာသတင္းဌာနရဲ႕စာရင္းအရ ဒီေဒသမွာ ဇြန္လ ၂၀ ရက္ကပဲ အတည္ျပဳလူနာဦးေရ ၂ သန္းေက်ာ္သြားခဲ့ၿပီလို႔ သိရပါတယ္။

DVB

unicode

ကိုဗစ်-၁၉ နှိပ်စက် ခြင်းကြောင့် ကမ္ဘာပျက်မတတ် အလူးအလဲ ခံနေရသည့် ဘရာဇီးလ်နိုင်ငံ

ဘရာဇီးနိုင်ငံမှာ ဇွန်လ ၂၀ ရက် တရက်တည်း မှာ ကိုဗစ်-၁၉ လူနာ ၁၀၂၂ ဦးသေဆုံးခဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၅ သောင်းနီးပါး ရှိလာပြီလို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။ ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာစုစုပေါင်း ၁၀၆၇၅၇၉ ဦး ရှိပြီး သေဆုံးသူက ၄၉၉၇၆ ဦးပါ။

ဒါဟာ အမေရိကန်ပြီးရင် ကမ္ဘာ့ဒုတိယမြောက် ကူးစက်ခံနဲ့ သေဆုံးသူ အများဆုံးအဆင့်လည်း ဖြစ်နေပါတယ်။ ဘရာဇီးမှာ ပထမဆုံး ကိုဗစ်-၁၉ လူနာကို ဖေဖော်ဝါရီလ ၂၆ မှာတွေ့ခဲ့ပြီးနောက် အခု ဇွန်လ ၁၉ မှာတော့ အတည်ပြုလူနာ ၁ သန်းကျော်ခဲ့ပါပြီ။ ကျွမ်းကျင်သူတွေကတော့ ပြည်သူတွေကြား အကျယ်အပြန့် ဆေးစစ်တာ မလုပ်နိုင်တဲ့ အတွက် အမှန်တကယ်အရေအတွက်က ဒီထက် ပိုမြင့်မားမယ်လို့ ပြော ပါတယ်။

ဘရာဇီးဟာ ကိုဗစ်-၁၉ ကပ်ဘေး ပြင်းပြင်း ထန်ထန် ခံရတဲ့ လက်တင်အမေရိက ရဲ့ တခုတည်းသော နိုင်ငံတော့ မဟုတ်ပါဘူး။ ရိုက်တာသတင်းဌာနရဲ့စာရင်းအရ ဒီဒေသမှာ ဇွန်လ ၂၀ ရက်ကပဲ အတည်ပြုလူနာဦးရေ ၂ သန်းကျော်သွားခဲ့ပြီလို့ သိရပါတယ်။

DVB

Add a Comment

Your email address will not be published. Required fields are marked *

13 − four =