





crd : panpyoelat

unicode

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ၏ လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းအတွက် သင်တန်းသားများခေါ်ယူ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်မည့် လရောင်တော စိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းအတွက် သင်တန်းသားများခေါ်ယူထားကြောင်း သိရသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအနေဖြင့် ယင်းသင်တန်းကျောင်းကို အနာဂတ်တွင် အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေးပညာရှင်လူငယ်များ တိုးတက်များပြားလာစေရန် ရည်ရွယ်၍ သင်တန်းလျောက်လွာများ ခေါ်ယူခြင်းဖြစ် ကြောင်း သိရသည်။သင်တန်းကာလအတွင်း သြဂဲနစ်ကို အခြေခံ၍ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေး၊ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးတို့ကို ပြည်တွင်းနှင့် ပြည်ပအတွေ့ကြုံများစွာရှိသည့် သင်တန်းဆရာ၊ ဆရာမများမှ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း လျှောက်ထားရန်အတွက် အခြေခံ ပညာ အဌမတန်း အောင်မြင်ပြီးသူ၊ အသက်(၁၈)မှ(၃၀)နှစ်အ တွင်း၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းစည်းကမ်းများကို လိုက်နာနိုင်သူ ၊ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူများဖြစ်ရမည်ဖြစ်ပြီး သင်တန်း ကာလမှာ (၁)နှစ်ဖြစ်သည်။

သင်တန်းဝင်ခွင့်ဖြေဆိုရန် အရည်အချင်းပြည့်မီသူများအား Horticulture Training Academy လူမှုကွန်ရက်စာ မျက်နှာနှင့် လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်းတို့မှ သြဂုတ်လ ၇ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး ဝင်ခွင့်လူတွေ့စာမေးပွဲဖြေဆိုရမည့်နေ့ကို သီးခြားထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ သင် တန်းကြေးမှာ အခမဲ့ဖြစ်ပြီး ရပ်ဝေးမှ သင်တန်းတက်ရောက်မည့်သူများကို အဆောင်စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လျောက်လွှာများကို ဇူလိုင်လ(၁)ရက်နေ့တွင် စတင်ထုတ် ပေးမည် ဖြစ်ပြီး ဖြစ်ပြီး လျှောက်လွှာနောက်ဆုံးပိတ်ရက်ကို ဇူလိုင်လ ၃၁ရက်နေ့အဖြစ် သတ် မှတ်ထားသည်။လျှောက်လွှာများကို လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းနှင့် Horticulture Training Academy လူမှုကွန်ရက်စာမျက်နှာတို့တွင် ထုတ်ယူနိုင်ပြီး အသေး စိတ်အချက်အလက်များ ကို ဖုန်း ၇၈၇၉၅၆၄၄၇၊ ၀၉၇၉၇၈၅၃၃၇၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သိရသည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

5 + nineteen =