မယ္ေအးေ သာင္း သို႔ အညာက ဘႀကီး ဘုန္းႀကီး ထံမွ ေပး စာ

သို႔ မိေပါက္စီ (ခ) မယ္ေအးေသာင္း

ဘုန္း ဘုန္းစာေရး လိုက္သယ္။ အေၾကာင္းထူးေတာ့ မရွိဘူး။ တေပါင္း – တန္ခူးမွာ ႐ြာဘုရားပြဲရွိသယ္။ ကားစီးလို႔ ေခါင္းမမူးတတ္ရင္ ညည္းအစ္ကို ေသာင္းဦးနဲ႔ လာခဲ့ပါဦး။ အဲ—ညည္းႀကိဳက္သဲ့ ေျပာင္းဖူး ေတာ့ ရွိဘူးေပါ့လကြယ္။ အဲ—အေၾကာင္းမထူးဘူးဆိုေပတဲ့ ဟိုတစ္ေန႔ကေတာ့ ညည္းေမာင္ အငယ္ေကာင္ ေသာင္းထူး ေခ်ာင္းနဖူးမွာ ေျမာင္းတူးရင္း သူမ်ားပ်ိဳးခင္းထဲ ေခ်ာ္က်လို႔ မေတာ္တဆ ေလ်ာ္လိုက္ရေသးသယ္ေဟ့။ ဒါက စကားစပ္လို႔ ၾကားျဖတ္ေျပာသာပါ။

ဒါ နဲ႔ ညည္းနာမည္က ေပါက္စီ ကေန “ေအးေသာင္း”လို႔ ေျပာင္းထားသယ္ဆို။ ငါ့႐ြာက ပ်ိဳပ်ိဳအိုအို ႏုႏု႐ြ႐ြနဲ႔ ပုပုကြကြ ႀကီးႀကီးငယ္ငယ္မက်န္၊ ေက်ာင္းကကပၸိယနဲ႔ သာမေဏရ သမဏံ၊ ရဟန္းရွင္လူ ငျဖဴငမဲ နဲ႔ အႏူအ႐ြဲတို႔ ႏႈတ္ထဲမွာ “ေအးေသာင္း ေအးေသာင္း”ရယ္လို႔ ေဘးေက်ာင္းက ပ႒ာန္း ႐ြတ္သလို အဟုတ္စြဲြေနလို႔ “ေအးေသာင္း”နာမည္ကိုသ႐ုပ္ခြဲ ဘယ္သူဘယ္ဝါမွန္းသိေအာင္ တုတ္ဆြဲ ဓားဆြဲ စဥ္းစားလိုက္ရသာ အံမယ္—လက္စသတ္ေတာ့ ႐ြာက မိေပါက္စီျဖစ္ေနပါ ေရာလား ေဟ။

အိမ္း—! ႐ြာက ညည္းအမ်ိဳး ညည္းအေဆြ၊ ငါ့ဒကာ ဒကာမေတြလည္း ညည္းအေၾကာင္း သတင္းေကာင္း ၾကားလို႔ ေနေကာင္းက်န္းမာနဲ စိတ္ခ်မ္းသာေတာ့ ရွိေနၾကပါရဲ႕။ သို႔ေပတဲ့ ေအးေသာင္းေရ– ညည္းဦးေလး ဖိုးေထာင္ကေတာ့ မိုးေခါင္လို႔ ပ်ိဳးမေထာင္ႏိုင္သာ ႏွစ္ႏွစ္ရွိၿပီဆိုၿပီး ကက်ိဳးကေၾကာင္နဲ႔ ဟိုအေကာင္ အုပ္ခ်ဳပ္ေရးမႉးစိုးေမာင္ကို ရန္သြားရွာ သယ္ေလ။ ေတာ္ေသးသာပါ့ကြယ္။ စိုးေမာင္က ဖိုးေထာင္ကို ကက်ိဳးကေၾကာင္လုပ္တဲ့အမႈနဲ႔ ပ်ိဳးေထာင္ခြင့္မေပးဘူး လုပ္ေနတာ။ အဲ့သာနဲ႔ ေနလုံးအထြက္ ေျခသလုံးဖက္ၿပီး တစ္အိမ္လုံးေတာင္းပန္လိုက္လို႔ ေက်ေအးသြားသကြယ့္။

ေအး—-အခုလိုေက်ေအးၿပီး ဘာမၾကာ၊ ဟိုမေအေပး အာ ပလာ၊ ေ႐ႊေဌးဆိုတဲ့ငၾကာက ေငြေလး႐ႊင္ေတာ့ ညည္းအေဒၚ ေမေအးတင္ကို ေထြးခင္ကတစ္ဆင့္ ရည္းစားစာ ေပးခိုင္းသတဲ့ေလ။ တကယ္ဆို ေ႐ႊေဌးနဲ႔ ေအးတင္က ေထြးခင္နဲ႔ သိသယ္ဆိုေပမယ့္ ငါးပိဝယ္တုန္းက ေျမာက္ပိုင္းမယ္ တစ္ခါ၊ ေကာက္လႈိင္း သယ္တုန္းက လွည္းေပၚမွာ တစ္ႀကိမ္၊ ပြဲေတာ္တုန္းက ပြဲခင္းထဲမွာ တစ္ခ်က္၊ဥပုသ္ေက်ာင္းတက္တုန္းက ဥပုသ္ဇရပ္မွာ တစ္ေၾကာင္းစ ႏွစ္ေၾကာင္းစ၊ ဒီေလာက္ပဲ စကားေျပာဖူးၾကတာကို ငေပါအ႐ူးထၿပီး ရည္းစားစာ ေပးရေလာက္ေအာင္ ေဇာင္းမထသင့္ဘူး မဟုတ္ လားကြယ့္။

ကဲ ကဲ! ညည္းလည္း ႐ြာကသတင္း အဆိုးအေကာင္း အက်ိဳး အေၾကာင္းေတြၾကားရလို႔ ဘုရားတ,မေနနဲ႔ဦး။ အဲ–ဘုရားမတ,နဲ႔ဆိုသာ စကားလွေအာင္ ေျပာရသာပါ့။ ညည္းလည္း ဘုရား တရားမေမ့နဲ႔ဦးကြယ့္။ အိပ္ရာဝင္ အိပ္ရာထ ေန႔စဥ္ ဘုရားရွိခိုး၊ ငါသင္ေပးထားသဲ့ မဂၤလသုတ္နဲ႔ ၾသကာသကန္ေတာ့ခ်ိဳးေတြ ညည္း မေမ့ေသးဘူး မဟုတ္လား မယ္ေပါက္စီ။

အိမ္း! “တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္” ဆိုသလို ႐ြာကေနေျပာင္းသြားတဲ့ညည္းကေတာ့ လူပါေျပာင္း႐ုံမက၊ နာမည္ကိုပါ အေတြးေကာင္းေကာင္းနဲ႔ “ေအးေသာင္း”လို႔ ေျပာင္းလိုက္ေတာ့ အေရးေကာင္းဖို႔ အေၾကာင္းဆိုက္တာပါ့ေလ။ အဲ—အေရးကေတာ့ ဘာေကာင္းသလဲ မေမးနဲ႔၊ အခုဆို ကဗ်ာအေရးေကာင္း အေတြးေကာင္းတဲ့ ကေလးတစ္ေသာင္းေလာက္ ညည္းအိမ္မွာ အေျပးေအာင္းေနၾကသယ္ဆို။ ေဆးေကာင္း ဝါးေကာင္းရွိရင္လည္း ႏြားေက်ာင္းေနသဲ့ ႐ြာက ညည္းသူငယ္ခ်င္း ဂ်မ္းစိန္တို႔ ေအးလွတို႔ဆီ ပို႔ေပးလိုက္ပါဦးဟဲ့။

ဂ်မ္းစိန္က သူ႔ကိုယ္သူ အရမ္းပိန္လို႔ ဆိုၿပီး သန္းရွိန္တို႔အိမ္တီဗြီထဲက ညည္းပုံအတိုင္း၊ သူ႔တင္ပဆုံကို လိမ္ကာတြန႔္ကာနဲ႔ မနက္မနက္ဆို လယ္ကြင္းထဲမွာ ေအ႐ိုးဗစ္ဒြန႔္တာတဲ့ေလ။ သူဒြန႔္လို႔ ဝလာ မလာေတာ့ မသိဘူး။ သူ႔အစ္ကို ငျမသာက ေတာ့ သူ႔ႏွမခမ်ာ လူ႔ဘဝမွာ သက္တမ္းမေစ့ခင္ ညည္းပုံကိုေတြ႕လို႔ ႐ူးရေလျခင္း လို႔ စြပ္စြဲေနေလရဲ႕။ ေဟာ—ေနာက္တစ္ေယာက္က ေအးလွ။ လူၾကည့္ေတာ့ ေအးကေအးသာနဲ႔၊ အံမယ္— ကေလးမရဲ႕ အေတြးကေတာ့ ေဖ့စ္ဘုတ္မွာ အ႐ုပ္တင္႐ုံနဲ႔ ညည္းလို႐ုပ္ရွင္ဆယ္လီ ျဖစ္ခ်င္သာသဲ့ မယ္ေပါက္စီေရ႕။ အဲ့သည္ေတာ့ ဘာလုပ္သယ္ မွတ္တုန္း။ ႏြားေက်ာင္း သြားလည္း ေယာဂီဝတ္စုံနဲ႔ ခ်လပ္ ခ်လပ္။ ကြၽဲေမာင္းသြားလည္း မဂၤလာေဆာင္ဝတ္စုံနဲ႔ ခ်လပ္ ခ်လပ္။ ေဟာ–ငါ့ေက်ာင္းလာေတာ့လည္း ေဘာင္းဘီတိုနဲ႔ ခ်လပ္ ခ်လပ္။ အိမ္း—ဟိုနား ခ်လပ္ ခ်လပ္၊ သည္နား ခ်လပ္ခ်လပ္နဲ႔ တစ္ခ်လပ္ထဲ ခ်လပ္ေနၾကသာ ညည္းသူငယ္ခ်င္းေတြ နဲ႔ ငါနဲ႔ေတာ့ ဒိုးခပါပဲ မိေပါက္စီရယ္။

ကဲ ! မိေပါက္စီ! ဘုန္းဘုန္းေျပာသာေတြလည္း မ်ားသြားၿပီ။ ညည္းလည္း စာဖတ္ရ သာေမာေရာ့မယ္။ ကိုယ့္႐ြာက ႐ြာသူတစ္ေယာက္ ရန္ကုန္ေရာက္ၿပီး နာမည္ႀကီးထြန္းေပါက္ေနသယ္ၾကားလို႔ ဝမ္းသာတကြနဲ႔ လြမ္းစာသ–အဲ—ဟုတ္ေပါင္–က်န္းမာရေစေၾကာင္း ဆုေတာင္းေမတၱာစာ ပို႔လိုက္သာပါ။ ဘႀကီးဘုန္းႀကီးအေနနဲ႔ ေနာက္ဆုံးမွာခ်င္သာ ကေတာ့ ညည္းဘယ္ေလာက္ေအာင္ျမင္ေအာင္ျမင္ ႐ြာက ေဂါပကေမာင္႐ႊင္လို ဘုရား, တရား မေမ့နဲ႔ကြယ့္။ ညည္း ဘယ္ေလာက္ႀကီးပြားႀကီးပြား ႐ြာက သူႀကီးသားလိုလည္း မာနႀကီးမသြားေလနဲ႔။ ညည္းဘယ္ေလာက္တိုးတက္တိုးတက္ ႐ြာကထန္းတက္သမား ဖိုးခ်က္လိုလည္း အမ်ိဳးအတြက္ၾကည့္တတ္ရသယ္ကြယ့္ မယ္ေပါက္စီရဲ႕။

အိမ္း အိမ္း —- ဒါပါပဲကြယ္။ ဘႀကီးရဲ႕တူမ မိေပါက္စီ ( ခ ) မေအးေသာင္း က်န္းမာခ်မ္းသာပါစီ။ သေဗၺေပါက္စီ အေဝရာ ေဟာႏၲဳ ။ သုခီ အတၱာနံ ပရိဟရႏၲဳ ။ မွတ္ခ်က္။ ။ ညည္းအေမက ညည္းႀကိဳက္သဲ့ ဘာလေခ်ာင္နဲ႔ ေျပာင္းဖူးေတြ ထည့္ေပး လိုက္သယ္။ သည္လ မိုးနည္းလို႔ ခ်ဥ္ေပါင္႐ြက္ေျခာက္နဲ႔ ပုဇြန္ေၾကာ္ မထည့္ေပး လိုက္ႏိုင္ဘူး။ ေငြလိုရင္ မွာလိုက္ပါသဲ့။

ပုံ အညာကဘႀကီးဘုန္းႀကီး ဘႀကီးေကာ (it’s just popping Joke)

Wai Yan Soe Myint

unicode

မယ်အေးေ သာင်း သို့ အညာက ဘကြီး ဘုန်းကြီး ထံမှ ပေး စာ

သို့ မိပေါက်စီ (ခ) မယ်အေးသောင်း

ဘုန်း ဘုန်းစာရေး လိုက်သယ်။ အကြောင်းထူးတော့ မရှိဘူး။ တပေါင်း – တန်ခူးမှာ ရွာဘုရားပွဲရှိသယ်။ ကားစီးလို့ ခေါင်းမမူးတတ်ရင် ညည်းအစ်ကို သောင်းဦးနဲ့ လာခဲ့ပါဦး။ အဲ—ညည်းကြိုက်သဲ့ ပြောင်းဖူး တော့ ရှိဘူးပေါ့လကွယ်။ အဲ—အကြောင်းမထူးဘူးဆိုပေတဲ့ ဟိုတစ်နေ့ကတော့ ညည်းမောင် အငယ်ကောင် သောင်းထူး ချောင်းနဖူးမှာ မြောင်းတူးရင်း သူများပျိုးခင်းထဲ ချော်ကျလို့ မတော်တဆ လျော်လိုက်ရသေးသယ်ဟေ့။ ဒါက စကားစပ်လို့ ကြားဖြတ်ပြောသာပါ။

ဒါ နဲ့ ညည်းနာမည်က ပေါက်စီ ကနေ “အေးသောင်း”လို့ ပြောင်းထားသယ်ဆို။ ငါ့ရွာက ပျိုပျိုအိုအို နုနုရွရွနဲ့ ပုပုကွကွ ကြီးကြီးငယ်ငယ်မကျန်၊ ကျောင်းကကပ္ပိယနဲ့ သာမဏေရ သမဏံ၊ ရဟန်းရှင်လူ ငဖြူငမဲ နဲ့ အနူအရွဲတို့ နှုတ်ထဲမှာ “အေးသောင်း အေးသောင်း”ရယ်လို့ ဘေးကျောင်းက ပဋ္ဌာန်း ရွတ်သလို အဟုတ်စွဲွနေလို့ “အေးသောင်း”နာမည်ကိုသရုပ်ခွဲ ဘယ်သူဘယ်ဝါမှန်းသိအောင် တုတ်ဆွဲ ဓားဆွဲ စဉ်းစားလိုက်ရသာ အံမယ်—လက်စသတ်တော့ ရွာက မိပေါက်စီဖြစ်နေပါ ရောလား ဟေ။

အိမ်း—! ရွာက ညည်းအမျိုး ညည်းအဆွေ၊ ငါ့ဒကာ ဒကာမတွေလည်း ညည်းအကြောင်း သတင်းကောင်း ကြားလို့ နေကောင်းကျန်းမာနဲ စိတ်ချမ်းသာတော့ ရှိနေကြပါရဲ့။ သို့ပေတဲ့ အေးသောင်းရေ– ညည်းဦးလေး ဖိုးထောင်ကတော့ မိုးခေါင်လို့ ပျိုးမထောင်နိုင်သာ နှစ်နှစ်ရှိပြီဆိုပြီး ကကျိုးကကြောင်နဲ့ ဟိုအကောင် အုပ်ချုပ်ရေးမှူးစိုးမောင်ကို ရန်သွားရှာ သယ်လေ။ တော်သေးသာပါ့ကွယ်။ စိုးမောင်က ဖိုးထောင်ကို ကကျိုးကကြောင်လုပ်တဲ့အမှုနဲ့ ပျိုးထောင်ခွင့်မပေးဘူး လုပ်နေတာ။ အဲ့သာနဲ့ နေလုံးအထွက် ခြေသလုံးဖက်ပြီး တစ်အိမ်လုံးတောင်းပန်လိုက်လို့ ကျေအေးသွားသကွယ့်။

အေး—-အခုလိုကျေအေးပြီး ဘာမကြာ၊ ဟိုမအေပေး အာ ပလာ၊ ရွှေဌေးဆိုတဲ့ငကြာက ငွေလေးရွှင်တော့ ညည်းအဒေါ် မေအေးတင်ကို ထွေးခင်ကတစ်ဆင့် ရည်းစားစာ ပေးခိုင်းသတဲ့လေ။ တကယ်ဆို ရွှေဌေးနဲ့ အေးတင်က ထွေးခင်နဲ့ သိသယ်ဆိုပေမယ့် ငါးပိဝယ်တုန်းက မြောက်ပိုင်းမယ် တစ်ခါ၊ ကောက်လှိုင်း သယ်တုန်းက လှည်းပေါ်မှာ တစ်ကြိမ်၊ ပွဲတော်တုန်းက ပွဲခင်းထဲမှာ တစ်ချက်၊ဥပုသ်ကျောင်းတက်တုန်းက ဥပုသ်ဇရပ်မှာ တစ်ကြောင်းစ နှစ်ကြောင်းစ၊ ဒီလောက်ပဲ စကားပြောဖူးကြတာကို ငပေါအရူးထပြီး ရည်းစားစာ ပေးရလောက်အောင် ဇောင်းမထသင့်ဘူး မဟုတ် လားကွယ့်။

ကဲ ကဲ! ညည်းလည်း ရွာကသတင်း အဆိုးအကောင်း အကျိုး အကြောင်းတွေကြားရလို့ ဘုရားတ,မနေနဲ့ဦး။ အဲ–ဘုရားမတ,နဲ့ဆိုသာ စကားလှအောင် ပြောရသာပါ့။ ညည်းလည်း ဘုရား တရားမမေ့နဲ့ဦးကွယ့်။ အိပ်ရာဝင် အိပ်ရာထ နေ့စဉ် ဘုရားရှိခိုး၊ ငါသင်ပေးထားသဲ့ မင်္ဂလသုတ်နဲ့ သြကာသကန်တော့ချိုးတွေ ညည်း မမေ့သေးဘူး မဟုတ်လား မယ်ပေါက်စီ။

အိမ်း! “တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုသလို ရွာကနေပြောင်းသွားတဲ့ညည်းကတော့ လူပါပြောင်းရုံမက၊ နာမည်ကိုပါ အတွေးကောင်းကောင်းနဲ့ “အေးသောင်း”လို့ ပြောင်းလိုက်တော့ အရေးကောင်းဖို့ အကြောင်းဆိုက်တာပါ့လေ။ အဲ—အရေးကတော့ ဘာကောင်းသလဲ မမေးနဲ့၊ အခုဆို ကဗျာအရေးကောင်း အတွေးကောင်းတဲ့ ကလေးတစ်သောင်းလောက် ညည်းအိမ်မှာ အပြေးအောင်းနေကြသယ်ဆို။ ဆေးကောင်း ဝါးကောင်းရှိရင်လည်း နွားကျောင်းနေသဲ့ ရွာက ညည်းသူငယ်ချင်း ဂျမ်းစိန်တို့ အေးလှတို့ဆီ ပို့ပေးလိုက်ပါဦးဟဲ့။

ဂျမ်းစိန်က သူ့ကိုယ်သူ အရမ်းပိန်လို့ ဆိုပြီး သန်းရှိန်တို့အိမ်တီဗွီထဲက ညည်းပုံအတိုင်း၊ သူ့တင်ပဆုံကို လိမ်ကာတွန့်ကာနဲ့ မနက်မနက်ဆို လယ်ကွင်းထဲမှာ အေရိုးဗစ်ဒွန့်တာတဲ့လေ။ သူဒွန့်လို့ ဝလာ မလာတော့ မသိဘူး။ သူ့အစ်ကို ငမြသာက တော့ သူ့နှမခမျာ လူ့ဘဝမှာ သက်တမ်းမစေ့ခင် ညည်းပုံကိုတွေ့လို့ ရူးရလေခြင်း လို့ စွပ်စွဲနေလေရဲ့။ ဟော—နောက်တစ်ယောက်က အေးလှ။ လူကြည့်တော့ အေးကအေးသာနဲ့၊ အံမယ်— ကလေးမရဲ့ အတွေးကတော့ ဖေ့စ်ဘုတ်မှာ အရုပ်တင်ရုံနဲ့ ညည်းလိုရုပ်ရှင်ဆယ်လီ ဖြစ်ချင်သာသဲ့ မယ်ပေါက်စီရေ့။ အဲ့သည်တော့ ဘာလုပ်သယ် မှတ်တုန်း။ နွားကျောင်း သွားလည်း ယောဂီဝတ်စုံနဲ့ ချလပ် ချလပ်။ ကျွဲမောင်းသွားလည်း မင်္ဂလာဆောင်ဝတ်စုံနဲ့ ချလပ် ချလပ်။ ဟော–ငါ့ကျောင်းလာတော့လည်း ဘောင်းဘီတိုနဲ့ ချလပ် ချလပ်။ အိမ်း—ဟိုနား ချလပ် ချလပ်၊ သည်နား ချလပ်ချလပ်နဲ့ တစ်ချလပ်ထဲ ချလပ်နေကြသာ ညည်းသူငယ်ချင်းတွေ နဲ့ ငါနဲ့တော့ ဒိုးခပါပဲ မိပေါက်စီရယ်။

ကဲ ! မိပေါက်စီ! ဘုန်းဘုန်းပြောသာတွေလည်း များသွားပြီ။ ညည်းလည်း စာဖတ်ရ သာမောရော့မယ်။ ကိုယ့်ရွာက ရွာသူတစ်ယောက် ရန်ကုန်ရောက်ပြီး နာမည်ကြီးထွန်းပေါက်နေသယ်ကြားလို့ ဝမ်းသာတကွနဲ့ လွမ်းစာသ–အဲ—ဟုတ်ပေါင်–ကျန်းမာရစေကြောင်း ဆုတောင်းမေတ္တာစာ ပို့လိုက်သာပါ။ ဘကြီးဘုန်းကြီးအနေနဲ့ နောက်ဆုံးမှာချင်သာ ကတော့ ညည်းဘယ်လောက်အောင်မြင်အောင်မြင် ရွာက ဂေါပကမောင်ရွှင်လို ဘုရား, တရား မမေ့နဲ့ကွယ့်။ ညည်း ဘယ်လောက်ကြီးပွားကြီးပွား ရွာက သူကြီးသားလိုလည်း မာနကြီးမသွားလေနဲ့။ ညည်းဘယ်လောက်တိုးတက်တိုးတက် ရွာကထန်းတက်သမား ဖိုးချက်လိုလည်း အမျိုးအတွက်ကြည့်တတ်ရသယ်ကွယ့် မယ်ပေါက်စီရဲ့။

အိမ်း အိမ်း —- ဒါပါပဲကွယ်။ ဘကြီးရဲ့တူမ မိပေါက်စီ ( ခ ) မအေးသောင်း ကျန်းမာချမ်းသာပါစီ။ သဗ္ဗေပေါက်စီ အဝေရာ ဟောန္တု ။ သုခီ အတ္တာနံ ပရိဟရန္တု ။ မှတ်ချက်။ ။ ညည်းအမေက ညည်းကြိုက်သဲ့ ဘာလချောင်နဲ့ ပြောင်းဖူးတွေ ထည့်ပေး လိုက်သယ်။ သည်လ မိုးနည်းလို့ ချဉ်ပေါင်ရွက်ခြောက်နဲ့ ပုဇွန်ကြော် မထည့်ပေး လိုက်နိုင်ဘူး။ ငွေလိုရင် မှာလိုက်ပါသဲ့။

ပုံ အညာကဘကြီးဘုန်းကြီး ဘကြီးကော (it’s just popping Joke)

Wai Yan Soe Myint

Add a Comment

Your email address will not be published. Required fields are marked *

four + fourteen =