တ႐ုတ္ နဲ႔ ပဋိပကၡ ၊ ကိုဗစ္ ကိစၥေတြနဲ႔ ဗ်ာမ်ားေနခ်ိန္ ၊ အိႏၵိယ နယ္စပ္ ကို ပါကစၥတန္က အလစ္ဝင္တိုက္

တ႐ုတ္ နဲ႔ ပဋိပကၡ ၊ ကိုဗစ္ ကိစၥေတြနဲ႔ ဗ်ာမ်ားေနခ်ိန္ ၊ အိႏၵိယ နယ္စပ္ ကို ပါကစၥတန္က အလစ္ဝင္တိုက္

ပါကစၥတန္ နဲ႔ အိႏၵိယနပ္စပ္မွာ တိုက္ပြဲေတြျပန္ျဖစ္ေနတယ္လို႔ သတင္းေတြရ သိရပါတယ္။ အိႏၵိယတပ္ေတြကို ပါကစၥတန္က နယ္စပ္စည္းမ်ဥ္းေတြကို ခ်ိဴးေဖာက္ၿပီး အလစ္အငိုက္ ဝင္တိုက္ခဲ့တာလို႔ ဆိုပါတယ္။ အခင္းျဖစ္ရာေနရာကေတာ့ Nowshera-Rajouri ထိန္းခ်ဳပ္နယ္ေျမလို႔ သိရပါတယ္။

ဒီတိုက္ခိုက္မႈ ဟာ ဇြန္လ(၁၉)ရက္ ေဒသစံေတာ္ခ်ိန္ (၁၀၄၅)အခ်ိန္မွာ တိုက္ပြဲငယ္သေဘာမ်ိဳး ျဖစ္ခဲ့တာပါ။ ပါကစၥတန္တပ္ေတြက အိႏၵိယဘက္ျခမ္းကို ေမာ္တာေတြနဲ႔ ပစ္ခတ္ခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယဘက္ကလည္း အျမန္ျပန္လည္ တုန႔္ျပန္တိုက္ခိုက္ခဲ့လို႔ ပါကစၥတန္တပ္ ေတြ ေဝးရာကို ထြက္ေျပးသြားတယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး Devender Anand ကို သတင္းမီဒီယာေတြက ဆက္သြယ္ေမးျမန္းခဲ့ရာ ဗိုလ္းမႉးႀကီး Anand က ” ဒီေန႔ (ဇြန္လ(၁၉)ရက္)က ပါကစၥတန္ဘက္က ေခ်ာင္းေျမာင္းပစ္ခတ္တာမ်ိဳး ရွိခဲ့ပါတယ္ … လက္နတ္ငယ္ေတြ သုံးၿပီး ပစ္တယ္ .. ေနာက္ ေမာ္တာေတြနဲ႔ ပစ္တယ္ … Rajouri ၿမိဳ႕အနီးက

Nowshera အပိုင္း ထိန္းခ်ဳပ္နယ္ေျမမွာ ျဖစ္ ခဲ့တာပါ … “လို႔ ေျဖၾကားခဲ့ပါတယ္။ ပါကစၥတန္ဘက္ကေတာ့ တ႐ုတ္နဲ႔ ပဋိပကၡေတြ ေျဖရွင္းေနခ်ိန္ အခ်ိန္ကိုက္ ထၿပီးတိုက္ခိုက္တာမို႔ တ႐ုတ္ရဲ႕စနက္ ပါလိမ့္မယ္လို႔ နယူးေဒလီက ဝါရင့္ဂ်ာနယ္လစ္ Aditya Raj Kaul က သူ႔အျမင္ကို ေျပာပါတယ္။ ဒီမတိုင္ခင္ တ႐ုတ္ရဲ႕စနက္ လို႔ ယူဆရတဲ့ တိုက္ခိုက္မႈမ်ိဳး-

ကက္ရွ္မီးယားနယ္စပ္မွာ ပါကစၥတန္က ျပဳလုပ္ခဲ့ၿပီး၊ သိပ္မၾကာမီမွာ တ႐ုတ္ ရဲ႕လက္ခ်က္နဲ႔ အိႏၵိယတပ္မေတာ္သား (၂၀)ေက်ာ္ က်ဆုံးခဲ့ရပါတယ္။ ဒီတိုက္ခိုက္မႈမွာ တ႐ုတ္က အိႏၵိယတပ္ေတြ နယ္ေက်ာ္လာလို႔ျဖစ္ေၾကာင္း စြပ္စြဲခဲ့ေပမယ့္၊ အိႏၵိယကလည္း အျပန္အလွန္ စြပ္စြဲခဲ့ပါတယ္။

ေလးစားမႈျဖင့္ ခရစ္ဒက္ -လင္းသုတ

unicode

တရုတ် နဲ့ ပဋိပက္ခ ၊ ကိုဗစ် ကိစ္စတွေနဲ့ ဗျာများနေချိန် ၊ အိန္ဒိယ နယ်စပ် ကို ပါကစ္စတန်က အလစ်ဝင်တိုက်

ပါကစ္စတန် နဲ့ အိန္ဒိယနပ်စပ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ သတင်းတွေရ သိရပါတယ်။ အိန္ဒိယတပ်တွေကို ပါကစ္စတန်က နယ်စပ်စည်းမျဉ်းတွေကို ချိူးဖောက်ပြီး အလစ်အငိုက် ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ အခင်းဖြစ်ရာနေရာကတော့ Nowshera-Rajouri ထိန်းချုပ်နယ်မြေလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှု ဟာ ဇွန်လ(၁၉)ရက် ဒေသစံတော်ချိန် (၁၀၄၅)အချိန်မှာ တိုက်ပွဲငယ်သဘောမျိုး ဖြစ်ခဲ့တာပါ။ ပါကစ္စတန်တပ်တွေက အိန္ဒိယဘက်ခြမ်းကို မော်တာတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ အိန္ဒိယဘက်ကလည်း အမြန်ပြန်လည် တုန့်ပြန်တိုက်ခိုက်ခဲ့လို့ ပါကစ္စတန်တပ် တွေ ဝေးရာကို ထွက်ပြေးသွားတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Devender Anand ကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်းခဲ့ရာ ဗိုလ်းမှူးကြီး Anand က ” ဒီနေ့ (ဇွန်လ(၁၉)ရက်)က ပါကစ္စတန်ဘက်က ချောင်းမြောင်းပစ်ခတ်တာမျိုး ရှိခဲ့ပါတယ် … လက်နတ်ငယ်တွေ သုံးပြီး ပစ်တယ် .. နောက် မော်တာတွေနဲ့ ပစ်တယ် … Rajouri မြို့အနီးက

Nowshera အပိုင်း ထိန်းချုပ်နယ်မြေမှာ ဖြစ် ခဲ့တာပါ … “လို့ ဖြေကြားခဲ့ပါတယ်။ ပါကစ္စတန်ဘက်ကတော့ တရုတ်နဲ့ ပဋိပက္ခတွေ ဖြေရှင်းနေချိန် အချိန်ကိုက် ထပြီးတိုက်ခိုက်တာမို့ တရုတ်ရဲ့စနက် ပါလိမ့်မယ်လို့ နယူးဒေလီက ဝါရင့်ဂျာနယ်လစ် Aditya Raj Kaul က သူ့အမြင်ကို ပြောပါတယ်။ ဒီမတိုင်ခင် တရုတ်ရဲ့စနက် လို့ ယူဆရတဲ့ တိုက်ခိုက်မှုမျိုး-

ကက်ရှ်မီးယားနယ်စပ်မှာ ပါကစ္စတန်က ပြုလုပ်ခဲ့ပြီး၊ သိပ်မကြာမီမှာ တရုတ် ရဲ့လက်ချက်နဲ့ အိန္ဒိယတပ်မတော်သား (၂၀)ကျော် ကျဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုမှာ တရုတ်က အိန္ဒိယတပ်တွေ နယ်ကျော်လာလို့ဖြစ်ကြောင်း စွပ်စွဲခဲ့ပေမယ့်၊ အိန္ဒိယကလည်း အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် -လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *

fourteen − two =