သင့်အပေါ် ရက်စက် ယုတ်မာခဲ့တဲ့ လူတစ်ယောက် ကို ခွင့်လွှတ်ဖို့ ဆိုတာ လွယ်ကူရဲ့လား? (မဖြေခင် ဒါလေး ကို ဖတ်ကြည့်ပါဦး)

သင့်အပေါ် ရက်စက် ယုတ်မာခဲ့တဲ့ လူတစ်ယောက် ကို ခွင့်လွှတ်ဖို့ ဆိုတာ လွယ်ကူရဲ့လား? (မဖြေခင် ဒါလေး ကို ဖတ်ကြည့်ပါဦး)

သင် ဟာ အမှန်တကယ် စိတ်သဘောထားကြီးသူ တစ်ယောက်လား……ဒီမေးခွန်းလေး အရင်ဖြေကြည့်ပါ…..ခွင့် လွှတ်နိုင် ရဲ့လား… ကိုယ့်အပေါ် မကောင်းခဲ့တဲ့ လူ တစ်ယောက် ကို ခွင့်လွှတ် ဖို့ ဆိုတာ လွယ်ကူ ရဲ့လား။ ဒီမေးခွန်း ကို မဖြေခင် ဒါလေး ကို အရင် ဖတ်ကြည့်ပါဦး။ တခါတုန်းက မဂ္ဂဇင်း တစ်စောင် မှာ Michael Christopher ရေးထားတဲ့ ‘Black Angel’ ဆိုတဲ့ ပြဇာတ်တိုလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။

ပြဇာတ် ကတော့ Herman Engel ဆိုတဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် အကြောင်းပါ။ သူဟာ စစ်တပ် ကို ပုန်ကန်တဲ့ ရွာ တစ်ရွာက ရွာသူရွာ သားတွေ အများကြီးကို သတ်ဖို့ သူ့စစ်သားေ တွကို အမိန့်ပေးခဲ့တယ်။ နောက်တော့ သူဟာ အဲဒီပြစ် မှုနဲ့ ထောင် အနှစ် ၃၀ ကျသွားတယ်။ ထောင်က လွတ်လာတော့ သူသတ်ခဲ့တဲ့ ရွာ သူရွာ သားတွေ ဟာ သူ့ကို အခဲမကျေဘဲ သတ်ချင်နြေ ကတယ် ဆိုတာကို သိလို့ Aksace မြို့နားက တောအုပ်ကြီး တစ်ခုထဲက လှိုင်ခေါင်း တစ်ခုထဲမှာ ပုန်းအောင်းနေလိုက်တယ်။

စစ် ဗိုလ်ချုပ်ေ ဟာင်း Herman မသိ တာက သူ့စစ်သားတွေ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ရွာသူရွာသားေ တွထဲမှာ ဇနီးနဲ့ သားသမီးတွေ ပါဝင်ခဲ့လို့ အခဲမကျေတဲ့ Morrieu ဆိုသူဟာ သူ့နောက် တကော က်ကောက် လိုက်စုံစမ်းရင်း သူနေတဲ့ လှိုင်ခေါင်းနေရာကို သိသွားတ ယ်ဆိုတာပါ။

ဒါပေမဲ့ Morrieu ဟာ သူတစ်ယော က်တည်း Herman ကို လက်စားချေ သတ်ဖြတ်ဖို့ မဝံ့ရဲလို့ Herman ပုန်းနေတဲ့ နေရာနဲ့ မလှမ်းမကမ်း ရွာက လူတွေကို Herman အကြောင်းပြောပြပြီး သူ့ကိုသတ်ပစ်ဖို့ သွေးထိုး လှုံဆော်ပေးတယ်။ အဲဒီက လူတွေလည်း သူတို့ရဲ့ မိသားစု ဆွေမျိုးတွေဟာ အရင် အနှစ် ၃၀ ကျော် က Herman ရဲ့ စစ်သားတွေ သတ်ဖြတ် မှုမှာ ပါဝင်ခဲ့ကြလို့ အဲဒီညမှာ Herman ကို သွားသတ်ကြဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြတယ်။

Morrieu ဟာ Herman ကို သူမသေခင်မှာမေးခွန်းတစ်ခု မေးချင်စိတ်ပေါ်နေတယ်။ အမှန်က ဒီမေးခွန်းကို မေးဖို့ သူ အနှစ် ၃၀ ကြာအောင် စောင့်နေခဲ့တာပါ။ အဲဒီမေးခွန်းကို မေးချင်စိတ်တားမရလို့ ညနေခင်းမှာ Herman ရှိတဲ့ လှိုင်ခေါင်းဆီ သွားလိုက်တယ်။ လှိုင်ခေါင်းထဲမှာ ဆံပင်ဖြူဖြူနဲ့ အိုမင်း ပိန်လှီနေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့လိုက်ရတယ်။ Morrieu ကတော့ သူဟာ Herman မှန်း ကောင်းေ ကာင်း မှတ်မိပါတယ်။

Morrieu က Herman ကို လွန်ခဲ့တဲ့ အနှစ် ၃၀ က သူသတ်ခဲ့တဲ့ ရွာသူရွာသားေ တွထဲမှာ သူ့ဇနီး နဲ့သားသမီးတွေ ပါဝင်ကြောင်း ပြောပြပြီး Herman ဘာကြောင့် ဒီလောက်ရက်စက်ယုတ်မာတဲ့ လူသတ်ပွဲကြီးကို ကျူးလွန်ခဲ့ရတာလဲလို့ မေးတယ်။ Herman ကလည်း သူ အဲဒီလို မလုပ်ရင် စစ်တပ်က သူ့ကို အရေးယူမယ်၊ သူ့မိသား စုလည်း အသတ် ခံရမယ်ဆိုပြီး ဝမ်းနည်းပ က်လက်နဲ့ ရှင်းပြတယ်။ Morrieu လည်း Herman ကို လက်စားချေချင် စိတ်ပျောက်ပြီး သနား သွားတယ်။ ဒါကြောင့် သူက Herman ကို ပြောပြတယ်။ ညမိုးချုပ်တာနဲ့ ရွာသားတွေ ရောက်လာပြီး Herman ကို သတ်ကြေ တာ့မှာမို့ အ ခုပုန်းအောင်းတဲ့ နေရာက အမြန်ဆုံးထွက်ပေးဖို့နဲ့ ပြေးရမယ့်လ မ်းကို ပြပေးမယ်၊ သူ့နောက်လိုက်ခဲ့ဖို့ပါ။

ဒီအခါမှာ Herman က ပြန်ပြောတယ်။ ‘မင်း ကတိတစ်ခုပေးရင် ငါ မင်းနောက်က လိုက်ခဲ့မယ်’

‘ဘာလဲဗ်’

‘ငါ့ကို ခွင့်လွှတ်နိုင်တယ်ဆိုတဲ့ ကတိပါ’

Morrieu ဟာ အဲဒီကတိ ကို မပေးနိုင်လို့ အဲဒီညမှာပဲ ရွာသားတွေဟာ လှိုင်ခေါင်း ဆီ ရောက်လာကြပြီး Herman ကို သတ်ပစ်လိုက်ကြတယ်။

Morrieu ဟာ Herman ပြောပြတာတွေ ကို နားထောင်ပြီး သူ့ကို သနားသွားလို့ ရွာသားတွေ လာသ တ်မယ့်ဘေးက ကယ်တ င်ချင်တယ်။ ဒါပေမဲ့ သူ Herman ကို ခွင့်မလွှတ်နိုင်ဘူး။ ဒါဆိုရင် သနားဖို့၊ သူများအသ က်ကယ်ဖို့ လုပ်နိုင်ပေမယ့် ခွင့်လွှတ်ခြင်းဆိုတာ လုပ်ဖို့ အတော်ခက်ပါလား။ ခွင့်လွှတ်ခြင်းဆိုတာ သာမန်လူမဟုတ်တဲ့ မြင့်မြတ်တဲ့ လူတွေသာ လုပ်နိုင်တဲ့ အ ရာပါလားလို့ သိလိုက်ရတယ်။

သင်ရော သင့်အပေါ် ရက်စက် ယုတ် မာခဲ့သူကို ခွင့်လွှတ် နို င်ပါရဲ့လား။ ဖြေပေးခဲ့အုံးနော်

ဗန်းမော်သိန်းဖေ (၂၀-၀၆-၂၀၂၀)

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =