သရုပ်ဆောင်ဖူးပွင့်သခင်ကတော့ အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအပီပြင်ဆုံး၊ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ဖူးပွင့်သခင်က မွေးနေ့လေးမှာ ဂျာမနီနိုင်ငံက ချစ်သူဆီက ပိုက်ဆံပန်းစည်းအကြီးကြီး လက်ဆောင်ရရှိခဲ့တဲ့ အကြောင်းကိုအခုလို ပြောပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင်ဖူးပွင့်သခင်က မွေးနေ့မှာ ဂျာမနီနိုင်ငံက ချစ်သူဆီက (၁၀) သိန်းတန် ပိုက်ဆံပန်းစည်း ရခဲ့တယ်၊ အစကတော့ သူ့ကိုပြောထားတာ ပိုက်ဆံမပေးနဲ့လို့၊ သူကလဲ ပန်းစည်းပေးမယ်ပေါ့၊ ရောက်လာတော့ ပိုက်ဆံပန်းစည်းဖြစ်နေတယ်၊ ပျော်တာပေါ့၊ မနှစ်ကလဲ သူရှိနေပေးတယ်၊ ဒီနှစ်လဲ သူရှိနေပေးတယ်၊ နောက်နှစ်များစွာတွေလဲ အတူရှိနေပေးပါ ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများ အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
crd
zawgyi
crd