ကိုယ့္အိမ္ေထာင္ရွိလ်က္ ေဖာက္ျပန္တာ တဏွာႀကီးၿပီး ဉာဏ္ရည္ နိမ့္လို ႔ပါ…

ကိုယ့္အိမ္ေထာင္ရွိလ်က္နဲ႔ ေဖာက္ျပန္ၾကတဲ့သူေတြက တဏွာႀကီးသူေတြ၊ လိင္စိတ္ျပင္းထန္တဲ့ မတင္းတိမ္ႏိုင္သူေတြပါ။သူတို႔ရဲ႕တဏွာစိတ္ေၾကာင့္ မိသားစုအေပၚရက္ရက္စက္စက္ ျပဳရက္တာ။သိကၡာမရွိ သမာဓိမရွိ ကိုယ္က်င့္တရားမထိန္းႏိုင္ပဲ ေဖာက္ျပန္တာပါ။အဲဒီလို ေဖာက္ျပန္တဲ့သူေတြက တဏွာႀကီးမွာ ခ်စ္ျခင္း မပါဝင္ ပါဘူး။

အိမ္ေထာင္ေရး စိတ္ပညာရွင္တစ္ဦးျဖစ္တဲ့ ဇစ္ခ္႐ူဘင္ ရဲ႕ သုေတနမွာ အခ်စ္နဲ႔ တဏွာဟာ မတူညီမႈ မရွိဘဲ ကြဲျပားေၾကာင္း ေရးသားခဲ့ဖူးတယ္။ အိမ္ေထာင္ဘက္ရွိေနလ်က္နဲ႔ အျခားတစ္ေယာက္နဲ႔ လိင္ဆက္ဆံတာ အခ်စ္ေၾကာင့္မဟုတ္ဘူး၊တဏွာေၾကာင့္လို႔ ဆိုပါတယ္။တဏွာစိတ္မွာ အရွိန္နဲ႔ အခ်ိန္ ဆိုတာ ရွိပါတယ္။ ျပင္းထန္ေနတဲ့အခ်ိန္မွာ ႀကီးမားတဲ့ အရွိန္အဟုန္နဲ႔ ဘယ္သူ႔ကိုမဆို ေနႏိုင္ၾကတယ္။

ဒါေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် တျဖည္းျဖည္းေလ်ာ့က် သြားတယ္။ ေအးစက္သြားတယ္။ အခ်ိန္ကာလ အၾကာႀကီး မဆြဲေဆာင္ထားႏိုင္ဘူး။ တဏွာစိတ္ဟာ သက္တမ္းရွိပါတယ္။ဒါကို ေဖာက္ျပန္တဲ့သူအခ်ိဳ႕က သိတယ္။နားလည္တယ္။ဒါေၾကာင့္တဏွာေၾကာင့္ ေဖာက္ျပန္ေနေပမဲ့ လက္ထပ္ယူထားတဲ့ အိမ္ေထာင္ဘက္ ကိုမစြန႔္လႊတ္ႏိုင္ၾကတာ။ ေဖာက္ျပန္ေပမဲ့ အိမ္ေထာင္ဘက္ကို ကြာရွင္းခြင့္မေပးၾကတာပါ။

အိမ္ေထာင္ဘက္ကို ခ်စ္တဲ့ အခ်စ္စိတ္က တဏွာစိတ္ကို အေျခခံၿပီးျဖစ္တာ မဟုတ္ဘူး။ ရမက္ကို အေျခခံၿပီးျဖစ္တာ မဟုတ္တဲ့အတြက္ သက္တမ္းရွည္တယ္။ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ သံေယာဇဥ္ပါတယ္။ ယုံၾကည္ေလးစားမႈပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ မွီခိုမႈနဲ႔ လိုအပ္မႈပါတယ္။ စိုးရိမ္စိတ္နဲ႔ပူပင္မႈ ပါတယ္။ ခ်စ္ျခင္း သံေယာဇဥ္အရ အိမ္ေထာင္ဘက္ကို မျပတ္သားႏိုင္သလို တဏွာစိတ္ကိုလည္း မထိန္းသိမ္းႏိုင္တဲ့သူေတြက အိမ္ေထာင္ဘက္ကိုကြာမေပးဘဲနဲ႔ ေဖာက္ျပန္တယ္။တစ္ေယာက္ၿပီး တစ္ေယာက္၊တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ဆိုတာ ျဖစ္ႏိုင္တယ္လို႔ ႐ူဘင္က ဆိုပါတယ္

ကြၽန္မအျမင္မွာေတာ့ တဏွာႀကီးသူေတြက ဆင္ျခင္တုံ တရားမဲ့တယ္၊ ဉာဏ္ရည္ နိမ့္တယ္လို႔ ယူဆ သတ္မွတ္မိတယ္။သူတို႔မွာ ရွက္ရမွန္းလည္း မသိ။ ေၾကာက္ရမွန္းလည္း မသိ။ငရဲဆိုတာလည္း မသိ။ လူ႔ဂုဏ္သကၡာမဲ့စြာနဲ႔ အသက္ရွင္ေနရမဲ့ အနာ၈တ္ကိုလည္း မသိ။ ေနာက္ဆုံး ကိုယ့္ရဲ႕ တဏွာေၾကာင့္ မိသားစုတစ္ ၿပိဳကြဲရတယ္ ဆိုတာကိုလည္း ဂ႐ုမစိုက္ႏိုင္ေလာက္ေအာင္ အသိတရားနဲ႔ဆင္ျခင္တုံတရား မရွိတဲ့ အသိဉာဏ္မဲ့တဲ့သူ ဆိုတာလည္း ေပၚလြင္ေစပါတယ္။

ဒါ့အျပင္ ေဖာက္ျပန္ တတ္တဲ့ တဏွာႀကီးတဲ့သူကို ပိုင္ဆိုင္ ထားရတဲ့ ဇနီး၊ ခင္ပြန္းေတြဟာ သူတို႔ထက္ ပိုၿပီး ဉာဏ္ရည္နိမ့္တဲ့ ဆင္ျခင္တုံတရားနည္းပါးတဲ့ သူေတြကို ပိုင္ဆိုင္ထားရတဲ့အတြက္ သူတို႔ဟာ အိမ္ေထာင္ေရးေလာကဓံကို ပိုၿပီး ခံၾကရပါတယ္။ပိုၿပီးေတာ့လည္း သည္းခံစိတ္ရွည္ၾက ရတယ္။ မၾကာခဏ သူတို႔ရဲ႕ ေနာက္ေက်ာကို ဓါးနဲ႔ ထိုး႐ုံတင္မကဘဲနဲ႔ အသည္းႏွလုံးကိုပါ ရက္ရက္စက္စက္ ႏွင္းေခ်ပစ္တဲ့ သူကို မိသားစု မၿပိဳကြဲေရးအတြက္ သည္းခံစိတ္ရွည္ရတဲ့ ဒုကၡက ေသးမွ မေသးတာ။

သူတစ္ေယာက္ရဲ႕တဏွာႀကီးမႈနဲ႔ ေဖာက္ျပန္မႈက အိမ္ေထာင္ဘက္ရဲ႕ႏွလုံးသားကို ဓါးထက္ထက္နဲ႔ ေသြးစိမ္းရွင္ရွင္က်ေအာင္ ထိခိုက္ေစ႐ုံသာမက အျပစ္မဲ့ရွာတဲ့ ရင္ေသြးငယ္ေတြကိုပါ ထိခိုက္ေစတယ္။ မိဘရဲ႕ ေကာင္းေမြဆိုးေမြးမွန္သမွ် ရၾကတဲ့ သားသမီးကို ထိခိုက္ၾကပါတယ္။ အရွက္သည္းၾကရပါတယ္။ တဏွာႀကီးသူေတြရဲ႕မိသားစုဝင္ေတြက ပတ္ဝန္းက်င္မွာ သူတို႔ရဲ႕အမွားမပါဘဲနဲ႔ သူတို႔ကိုယ္တိုင္ ထိခိုက္နာက်င္ရတာ၊ အရွက္သည္းရတာ၊ မ်က္ႏွာမေဖာ္ခ်င္ေလာက္ေအာင္ ခံစားရတာကိုျမင္ရတယ္။

တစ္မိသားစုလုံး စိတ္ဒဏ္ရာေတြ ရေနေပမဲ့ တၾဏႇႀကီးသူေတြက သူတို႔စိတ္ကို မထိန္းႏိုင္ၾကျပန္ဘူး။ဒါေပမဲ့ အခ်ိဳ႕ကေတာ့ ေဖာက္ျပန္ျခင္းကို ထိန္းသိမ္းႏိုင္ေအာင္ႀကိဳးစားရင္း တဏွာစိတ္ကို အာ႐ုံေျပာင္းၿပီး ထိန္းတာေတြလည္း ရွိပါတယ္။စိတ္ဒဏ္ရာေတြနဲ႔ ရွင္သန္ေနရတဲ့ အိမ္ေထာင္ေရး ေသာကေတြ ကေန လြတ္ေျမာက္ေရးအတြက္ တဏွာစိတ္ကို ထိန္းသိမ္းပါ၊၊ဘာသာေရးကိုပိုၿပီး အာ႐ုံျပဳဖို႔စိတ္ေအးခ်မ္းေအာင္ တရားထိုင္ဖို႔ တိုက္တြန္းလိုပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ အိမ္ေထာင္ဘက္က ေဖာက္ျပန္တယ္ ဆိုရင္ သူ႔ရဲ႕မတရားမႈ၊ ေဖာက္ျပန္မႈ၊ အက်ဥ္းတန္မႈေတြကို လိုက္ပါ ခံစားမေနဘဲ၊ ရွက္လည္း မရွက္ပါနဲ႔ ကိုယ္ရွက္စရာမဟုတ္ပါဘူး။ သူ႔အကုသိုလ္နဲ႔သူ သြားပါေစ။ရခဲလွတဲ့လူ႔ဘဝမွာ ဒီလူတစ္ေယာက္ေၾကာင့္ ေန႔စဥ္နဲ႔အမ ွ် ေသာကနဲ႔ ရွင္သန္ေနရတယ္ ဆိုရင္လည္း လူျဖစ္ရႈံးလွပါတယ္။ ဒါေၾကာင့္ကိုယ္က သံေယာဇဥ္ ျဖတ္ႏိုင္သမ ွ် ျဖတ္ၿပီး ဥပကၡာျပဳႏိုင္ေရးကိုပဲ ႀကိဳးစားပါလို႔သာ ဆိုခ်င္ပါတယ္။ဥပကၡာျပဳတယ္ဆိုတာကလည္း သူနဲ႔ပတ္သက္တဲ့ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို လႊတ္ခ် လိုက္ျခင္းတစ္မ်ိဳးပါပဲ။မကြာႏိုင္ ရင္ေတာင္မွ ဘာမွ မခံစားရေတာ့ေစမဲ့ စိတ္ထဲႏွလံးသားထဲကေန လႊတ္ခ်သင့္တယ္လို႔ လက္ခံနားလည္ၿပီး လႊတ္ခ်ဖို႔အတြက္လည္း တိုက္တြန္းအားေပးလိုပါေသးတယ္။

မတူတဲ့ အျမင္မ်ားရွိရင္လည္း ေဆြးေႏြးေပးဖို႔ ဖိတ္ေခၚပါ တယ္ရွင္

ေမသၾကၤန္ဟိန္း (ျမစ္မခ)

unicode

ကိုယ့်အိမ်ထောင်ရှိလျက်နဲ့ ဖောက်ပြန်ကြတဲ့သူတွေက တဏှာကြီးသူတွေ၊ လိင်စိတ်ပြင်းထန်တဲ့ မတင်းတိမ်နိုင်သူတွေပါ။သူတို့ရဲ့တဏှာစိတ်ကြောင့် မိသားစုအပေါ်ရက်ရက်စက်စက် ပြုရက်တာ။သိက္ခာမရှိ သမာဓိမရှိ ကိုယ်ကျင့်တရားမထိန်းနိုင်ပဲ ဖောက်ပြန်တာပါ။အဲဒီလို ဖောက်ပြန်တဲ့သူတွေက တဏှာကြီးမှာ ချစ်ခြင်း မပါဝင် ပါဘူး။

အိမ်ထောင်ရေး စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဇစ်ခ်ရူဘင် ရဲ့ သုတေနမှာ အချစ်နဲ့ တဏှာဟာ မတူညီမှု မရှိဘဲ ကွဲပြားကြောင်း ရေးသားခဲ့ဖူးတယ်။ အိမ်ထောင်ဘက်ရှိနေလျက်နဲ့ အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံတာ အချစ်ကြောင့်မဟုတ်ဘူး၊တဏှာကြောင့်လို့ ဆိုပါတယ်။တဏှာစိတ်မှာ အရှိန်နဲ့ အချိန် ဆိုတာ ရှိပါတယ်။ ပြင်းထန်နေတဲ့အချိန်မှာ ကြီးမားတဲ့ အရှိန်အဟုန်နဲ့ ဘယ်သူ့ကိုမဆို နေနိုင်ကြတယ်။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းလျော့ကျ သွားတယ်။ အေးစက်သွားတယ်။ အချိန်ကာလ အကြာကြီး မဆွဲဆောင်ထားနိုင်ဘူး။ တဏှာစိတ်ဟာ သက်တမ်းရှိပါတယ်။ဒါကို ဖောက်ပြန်တဲ့သူအချို့က သိတယ်။နားလည်တယ်။ဒါကြောင့်တဏှာကြောင့် ဖောက်ပြန်နေပေမဲ့ လက်ထပ်ယူထားတဲ့ အိမ်ထောင်ဘက် ကိုမစွန့်လွှတ်နိုင်ကြတာ။ ဖောက်ပြန်ပေမဲ့ အိမ်ထောင်ဘက်ကို ကွာရှင်းခွင့်မပေးကြတာပါ။

အိမ်ထောင်ဘက်ကို ချစ်တဲ့ အချစ်စိတ်က တဏှာစိတ်ကို အခြေခံပြီးဖြစ်တာ မဟုတ်ဘူး။ ရမက်ကို အခြေခံပြီးဖြစ်တာ မဟုတ်တဲ့အတွက် သက်တမ်းရှည်တယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် သံယောဇဉ်ပါတယ်။ ယုံကြည်လေးစားမှုပါတယ်။ တစ်ယောက်ကိုတစ်ယောက် မှီခိုမှုနဲ့ လိုအပ်မှုပါတယ်။ စိုးရိမ်စိတ်နဲ့ပူပင်မှု ပါတယ်။ ချစ်ခြင်း သံယောဇဉ်အရ အိမ်ထောင်ဘက်ကို မပြတ်သားနိုင်သလို တဏှာစိတ်ကိုလည်း မထိန်းသိမ်းနိုင်တဲ့သူတွေက အိမ်ထောင်ဘက်ကိုကွာမပေးဘဲနဲ့ ဖောက်ပြန်တယ်။တစ်ယောက်ပြီး တစ်ယောက်၊တစ်ကြိမ်ပြီးတစ်ကြိမ် ဆိုတာ ဖြစ်နိုင်တယ်လို့ ရူဘင်က ဆိုပါတယ်

ကျွန်မအမြင်မှာတော့ တဏှာကြီးသူတွေက ဆင်ခြင်တုံ တရားမဲ့တယ်၊ ဉာဏ်ရည် နိမ့်တယ်လို့ ယူဆ သတ်မှတ်မိတယ်။သူတို့မှာ ရှက်ရမှန်းလည်း မသိ။ ကြောက်ရမှန်းလည်း မသိ။ငရဲဆိုတာလည်း မသိ။ လူ့ဂုဏ်သက္ခာမဲ့စွာနဲ့ အသက်ရှင်နေရမဲ့ အနာ၈တ်ကိုလည်း မသိ။ နောက်ဆုံး ကိုယ့်ရဲ့ တဏှာကြောင့် မိသားစုတစ် ပြိုကွဲရတယ် ဆိုတာကိုလည်း ဂရုမစိုက်နိုင်လောက်အောင် အသိတရားနဲ့ဆင်ခြင်တုံတရား မရှိတဲ့ အသိဉာဏ်မဲ့တဲ့သူ ဆိုတာလည်း ပေါ်လွင်စေပါတယ်။

ဒါ့အပြင် ဖောက်ပြန် တတ်တဲ့ တဏှာကြီးတဲ့သူကို ပိုင်ဆိုင် ထားရတဲ့ ဇနီး၊ ခင်ပွန်းတွေဟာ သူတို့ထက် ပိုပြီး ဉာဏ်ရည်နိမ့်တဲ့ ဆင်ခြင်တုံတရားနည်းပါးတဲ့ သူတွေကို ပိုင်ဆိုင်ထားရတဲ့အတွက် သူတို့ဟာ အိမ်ထောင်ရေးလောကဓံကို ပိုပြီး ခံကြရပါတယ်။ပိုပြီးတော့လည်း သည်းခံစိတ်ရှည်ကြ ရတယ်။ မကြာခဏ သူတို့ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးရုံတင်မကဘဲနဲ့ အသည်းနှလုံးကိုပါ ရက်ရက်စက်စက် နှင်းချေပစ်တဲ့ သူကို မိသားစု မပြိုကွဲရေးအတွက် သည်းခံစိတ်ရှည်ရတဲ့ ဒုက္ခက သေးမှ မသေးတာ။

သူတစ်ယောက်ရဲ့တဏှာကြီးမှုနဲ့ ဖောက်ပြန်မှုက အိမ်ထောင်ဘက်ရဲ့နှလုံးသားကို ဓါးထက်ထက်နဲ့ သွေးစိမ်းရှင်ရှင်ကျအောင် ထိခိုက်စေရုံသာမက အပြစ်မဲ့ရှာတဲ့ ရင်သွေးငယ်တွေကိုပါ ထိခိုက်စေတယ်။ မိဘရဲ့ ကောင်းမွေဆိုးမွေးမှန်သမျှ ရကြတဲ့ သားသမီးကို ထိခိုက်ကြပါတယ်။ အရှက်သည်းကြရပါတယ်။ တဏှာကြီးသူတွေရဲ့မိသားစုဝင်တွေက ပတ်ဝန်းကျင်မှာ သူတို့ရဲ့အမှားမပါဘဲနဲ့ သူတို့ကိုယ်တိုင် ထိခိုက်နာကျင်ရတာ၊ အရှက်သည်းရတာ၊ မျက်နှာမဖော်ချင်လောက်အောင် ခံစားရတာကိုမြင်ရတယ်။

တစ်မိသားစုလုံး စိတ်ဒဏ်ရာတွေ ရနေပေမဲ့ တဏြှကြီးသူတွေက သူတို့စိတ်ကို မထိန်းနိုင်ကြပြန်ဘူး။ဒါပေမဲ့ အချို့ကတော့ ဖောက်ပြန်ခြင်းကို ထိန်းသိမ်းနိုင်အောင်ကြိုးစားရင်း တဏှာစိတ်ကို အာရုံပြောင်းပြီး ထိန်းတာတွေလည်း ရှိပါတယ်။စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေရတဲ့ အိမ်ထောင်ရေး သောကတွေ ကနေ လွတ်မြောက်ရေးအတွက် တဏှာစိတ်ကို ထိန်းသိမ်းပါ၊၊ဘာသာရေးကိုပိုပြီး အာရုံပြုဖို့စိတ်အေးချမ်းအောင် တရားထိုင်ဖို့ တိုက်တွန်းလိုပါတယ်။

နောက်တစ်ချက်ကတော့ အိမ်ထောင်ဘက်က ဖောက်ပြန်တယ် ဆိုရင် သူ့ရဲ့မတရားမှု၊ ဖောက်ပြန်မှု၊ အကျဉ်းတန်မှုတွေကို လိုက်ပါ ခံစားမနေဘဲ၊ ရှက်လည်း မရှက်ပါနဲ့ ကိုယ်ရှက်စရာမဟုတ်ပါဘူး။ သူ့အကုသိုလ်နဲ့သူ သွားပါစေ။ရခဲလှတဲ့လူ့ဘဝမှာ ဒီလူတစ်ယောက်ကြောင့် နေ့စဉ်နဲ့အမ ျှ သောကနဲ့ ရှင်သန်နေရတယ် ဆိုရင်လည်း လူဖြစ်ရှုံးလှပါတယ်။ ဒါကြောင့်ကိုယ်က သံယောဇဉ် ဖြတ်နိုင်သမ ျှ ဖြတ်ပြီး ဥပက္ခာပြုနိုင်ရေးကိုပဲ ကြိုးစားပါလို့သာ ဆိုချင်ပါတယ်။ဥပက္ခာပြုတယ်ဆိုတာကလည်း သူနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို လွှတ်ချ လိုက်ခြင်းတစ်မျိုးပါပဲ။မကွာနိုင် ရင်တောင်မှ ဘာမှ မခံစားရတော့စေမဲ့ စိတ်ထဲနှလံးသားထဲကနေ လွှတ်ချသင့်တယ်လို့ လက်ခံနားလည်ပြီး လွှတ်ချဖို့အတွက်လည်း တိုက်တွန်းအားပေးလိုပါသေးတယ်။

မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါ တယ်ရှင်

မေသင်္ကြန်ဟိန်း (မြစ်မခ)

Add a Comment

Your email address will not be published. Required fields are marked *

three × four =